fbpx

This is digital planet.

SamsungTech News

ခေါက်ချိုးလို့ရတဲ့ Huawei Mate X ဖုန်းကို မြန်မာပြည်မှာ စတင်မိတ်ဆက်

Huawei က ကမ္ဘာပထမဦးဆုံး 5G Foldable ဖုန်းကို Mobile World Congress (MWC) 2019 မှာမိတ်ဆက်ပေးခဲ့တာ အခုဆို ကျော်ကြာသွားပါပြီ။ Foldable ဖုန်းတွေထဲမှာ Design Concept အရ အကောင်းဆုံးနဲ့ လူအများအပြား စိတ်ဝင်စားတဲ့ ဒီဖုန်းကို အခုအခါ Huawei Myanmar Head Office တွင် ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။


Specs

ဒီ Huawei Mate X ဖုန်းက ခေါက်ထားသည့်အချိန်တွင် 6.6” အရွယ်ရှိသည့် စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး ဖြန့်ချလိုက်သည့်အခါတွင် 8” အရွယ်ရှိသည့် ပါးလွှာသော တတ်ဘလက် အဖြစ်သို့ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ပုံစံပြောင်းလဲအသုံးပြုနိုင်ခြင်း ရဲ့ ရည်ရွယ်ချက်မှာ မိုဘိုင်းထုတ်ကုန်များမှ ပေးစွမ်းနိုင်သည့် ထုတ်ကုန်စွမ်းအား နှင့် ဖျော်ဖြေမှုပိုင်းဆိုင်ရာ အတွေ့အကြုံများအားအဆင့်မြှင့် ပြောင်းလဲစေနိုင်ဖို့ ဖြစ်ပါတယ်။


ဖုန်းရဲ့ Design ပိုင်းမှာ Falcon Wing Mechanical Hinge ဒီဇိုင်းကို သုံးထားပြီး Interstellar Blue အရောင်ဖြင့် ကိုယ်ထည့်ကို မွန်းမံထားပါတယ်။ 7nm Transistor ဖြင့်တည့်ဆောက်ထားတဲ့ Kirin 980 SoC ကိုအသုံးပြုထားပါတယ်။ ဒီ SoC က Mate 20 Pro နဲ့ P30 Pro တို့မှာ သုံးထားတဲ့ SoC ပါ။ Battery ပိုင်းမှာတော့ 4500 mAh ကိုထည့်သွင်းပေးထားပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး Storage ပိုင်းမှာတော့ 512GB အနည်းဆုံးရရှိမှာပါ။ Android 9 EMUI 9.1 ကိုလည်းသုံးပေးထားပါတယ်။


Camera ပိုင်းမှာတော့ 40 MP, f/1.8 (wide), 16 MP, f/2.2 (ultrawide), 8 MP, f/2.4 (telephoto), TOF camera တို့ပါဝင်ပါတယ်။ Selfie Camera တော့ ပါဝင်ချင်းမရှိပဲ Selfie ရိုက်တဲ့အခါ ဖုန်းကို ခေါက်ချိုးပြီး ရိုက်မှ အဆင်ပြေမှာပါ။ ဒီတော့ Selfie ရိုက်တဲ့ Photo Quality က Rear Camera ကိုပဲ အသုံးပြုထားတဲ့အတွက် ပိုကောင်းတဲ့ Result ကိုရရှိမှာပါ။ ဓာတ်ပုံရိုက်တဲ့အခါမှာပဲ ခေါက်ချိုးထားတဲ့ ကျောဘက် Screen ကနေကြည့်ပြီး မိမိကိုယ်ကို ပြင်ဆင်ပြီးရိုက်လို့ရပါတယ်။ Finger Print ကိုတော့ Power Button မှာပဲ ထည့်သွင်းပေးထားပါတယ်။


Others

ဖုန်းရဲ့ အထူက Unfolded Mode မှာဆိုရင် 5.4mm ပဲထူတဲ့အတွက် အတော်လေးပါးတယ်လို့ပြောလို့ရပါတယ်။ ခေါက်ချိုးလိုက်တဲ့အခါမှာလဲ 11mm လောက် ထူသွားပေမဲ့ ဒါက ခေါက်ချိုးလို့ရတဲ့ဖုန်းတွေထဲမှာ အပါးဆုံးအနေအထားပါ။

Tablet Mode မှာဆိုရင်လည်း Screen ကို Split အနေအထားဖြင့် Multi-window အသုံးပြုနိုင်ပါတယ်။ အခြား Multi-window အတွက် အသုံးဝင်တဲ့ Features လေးလည်းပါဝင်ပါသေးတယ်။


Extraordinary Art လို့အမည်ပေးထားတဲ့ ခေါက်ချိုးလို့ရတဲ့ အပိုင်းလေးမှာ Component ပေါင်း ၁၀၀ ကျော်နဲ့ အသေးစိတ် အနုစိတ် ဖန်တီးပေးထားတဲ့အတွက် ခေါက်ချိုးတဲ့အခါ မတူညီတဲ့ Impressive ဖြစ်စေတဲ့ Feeling ကိုရစေမှာပါ။

ခေါက်ချိုးထားတဲ့ အနေနအထားမှာ မျက်နှာရှိတဲ့ဘက်ကို Display ဖွင့်ပေးတဲ့ Feature လည်းပါဝင်ပါသေးတယ်။ ဆိုလိုတာက ဖုန်းကို ကျောဘက်ကပဲ ကိုင်ကိုင် အရှေ့ဘက်ကပဲ ကိုင်ကိုင် မျက်နှာရှိတဲ့ဘက်ကိုပဲ Display ကို ဖွင့်ပေးမှာပါ။


55 W SuperCharge ပါတဲ့အတွက် 4500 mAh ကို အခချိန်တိုအတွင်း အားပြန်သွင်းနိုင်မှာပါ။

ပြီးတော့ Mate X အတွက် Casing လည်း ထွက်မှာဖြစ်ပါတယ်။ ကျွန်တော်အထင် သူ့ Casing က 360 အုပ်တဲ့ Casing မျိုးဖြစ်ဖို့များပါတယ်။

ဈေးနှုန်းအနေနဲ့ အတိအကျ မသိရသေးပေမဲ့ ၂၀၁၉ မကုန်ခင် မြန်မာပြည်မှာ တင်သွင်းရောင်းချဖို့ရှိတယ်လို့သိရပါတယ်။