fbpx
This is digital planet.
ArticlesHuawei
Huawei Mate30 Pro ရဲ့ တကယ့်အမိုက်စား ၃ ခု
Unicode
ယခင်လက Camera setup အကြမ်းစားနဲ Powerful ဖြစ်တဲ့ Hardware တွေပါပီး 2019 ခုနှစ်ရဲ့အလွန်အရေးပါတဲ့ flagship ဖုန်းတစ်လုံးဖြစ်တဲ့ Huawei ရဲ့ Mate30 Pro ကိုမိတ်ဆက်ခဲ့ပီးတာကို သိကြမယ်ထင်ပါတယ်။ အချိန်အတော်ကြာသုံးခဲ့တဲ့ Huawei Mate30 Pro ကို Review အနေနဲ့ထုတ်လုပ်ဖို့ နီးကပ်လာပြီဖြစ်ပါတယ်။ Review မလာခင်လေးမှာ စာရေးသူ Mate30 Pro နဲ့ပက်သက်ပြီး သုံးနေတဲ့ကာလတစ်ခုမှာ အကြိုက်ဆုံး Features တွေကို Show off လေးလုပ်ချင်ပါတယ်။
BEST CAMERA EVER
ဟုတ်ပါတယ် Camera နဲ့ပက်သက်ရင် Photography ကော Videography မှာပါ တစ်နှစ်ထက်တစ်နှစ် အများကြီးတိုးတတ်လာတယ်ဆိုတာကတော့ လုံး၀ငြင်းလို့မရပါဘူး။ Mate30 Pro Camera က DxOMark Testing အရ စစ်မယ်ဆိုရင် ထိပ်ဆုံးမှာ ရှိနေသလို တစ်ကယ်ကောင်းတဲ့ Hardware တွေနဲ့ Function တွေကို ပေါင်းစပ် ထည့်ပေးထားတာဖြစ်ပါတယ်။ Huawei P30 Pro တုန်းကလည်း ၂၀၁၉ ရဲ့ ပထမနှစ်ဝက်မှာ ထိပ်ဆုံးကနေ စတင်ပြေးခဲ့သလို Mate30 Pro ကလည်း ကျန်တဲ့ နှစ်ဝက်မှာ ထိပ်ဆုံးကနေတဲ့ ထိုင်ခဲ့တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ Smartphone Camera နဲ့ပက်သက်ရင် Giant ကြီးတစ်ကောင်လို ထိပ်ဆုံးကနေ ဦးဆောင်တဲ့ Huawei က ဘယ်လိုမျိုးတွေ နဲ့ Smartphone Camera ကိုတည့်ဆောက်ထားလဲဆိုတော့…..
Image result for huawei mate 30 pro
Huawei ရဲ့ P Series ကော Mate Series တွေမှာပါ သုံးတဲ့ Lens တွေက Camera လောကမှာ နာမည်ကြီး ဆရာကြီးဖြစ်တဲ့ Leica ရဲ့ နည်းပညာတွေကို သုံးပြီး တည့်ဆောက်ထားတဲ့ Lens တွေဖြစ်နေလိုပဲဖြစ်ပါတယ်။ အများနဲ့မတူတဲ့ ကိုယ်စိတ်ကြိုက် ပြန်လည်တည်ဆောက်ထားတဲ့ Sensor တွေကို ကောင်းကောင်းအသုံးချနိုင်တာကလည်း Huawei ရဲ့တော်တဲ့အချက်လို့ပြောလို့ရမှာပါ။ Mate30 Pro မှာ 40MP Lens ၂ လုံးပါပါတယ်။ Main Lens တစ်လုံးကတော့ Huawei P30 Pro မှာ သုံးခဲ့ Lens ပဲဖြစ်တယ်။ နောက်ထပ်တစ်လုံးကတော့ Ultrawide Lens ဖြစ်ပြီး Huawei Mate30 Pro မှာ စပြီးပါဝင်လာတာဖြစ်ပါတယ်။ P30 Pro မှာ အခြား Sensor တွေနဲ့မတူအောင် ပြန်လည်တည်ဆောက်ပြီး အသုံးပြုထားတာကတော့သူရဲ့ RYYB 40MP Sensor ပဲဖြစ်ပါတယ်။ ပုံမှန်ကျွန်တော်တို့ မြင်တွေ့နေကြ ဖုန်းအများစုရဲ့ Sensor က RGGB Sensor ပါ။ Huawei က RGGB နေရာမှာ RYYB ဆိုပြီး ပြောင်းလဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။
Related image
RYYB တို့ RGGB တိုဆိုတာ Camera Sensor ပေါ်မှာရှိတဲ့ Pixel Color တွေကိုပြောတာဖြစ်ပါတယ်။ RGGB ဆိုတာ Red, Green, Green, Blue ဖြစ်ပြီး RYYB ကတော့ Red, Yellow, Yellow, Blue တို့ပဲဖြစ်ပါတယ်။ Huawei က P30 Pro ကစလို့ Green နေရာမှာ Yellow ကိုအစားထိုးထားတဲ့ Sensor ကိုစတင်သုံးခဲ့ပါတယ်။ ဘာလို့ပြောင်းလဲသုံးခဲ့သလိုဆိုရင် အစိမ်းသုံးထားတဲ့ Sensor ထက် အဝါသုံးထားတဲ့ Sensor က ပိုပြီး အလင်းဖမ်းအားကောင်းလို့ပါ။ တစ်ကယ်လဲ လက်တွေ့မှာ RYYB Sensor က ပိုပြီးအလင်းဖမ်းအားပိုကောင်းတာကိုတွေ့ရပါတယ်။ ညဘက်ရိုက်တဲ့ Shot တွေဆိုရင် Night Mode တောင်မလိုပဲ Normal Mode မှာတောင် အပြင်မှာမြင်တွေ့ရတာထက် အလင်းဖမ်းအားကို မြင်တွေ့နိုင်ပါတယ်။ ဒါမဲ့ အားနည်းချက်ကတော့ Color မမှန်တဲ့ ပြဿနာရှိနေပါတယ်။ ဒီလို ပြဿနာကို Huawei က AI ရဲ့အကူညီနဲ့ ဖြေရှင်းထားပါတယ်။ နောက်ပိုင်းမှာ Leica က Huawei Flagship တွေနဲ့ပက်သက်ရင် Camera Hardware Design ပိုင်းတင်မဟုတ်ပဲ နောက်ကွယ်က Image Processing တွေ၊ ပုံအချောသတ်ပြင်ဆင်မှုတွေအထိပါ ပါဝင်ကူညီပေးနေပါတယ်။ အတည်အကျပြောရင် AI တစ်ခုထဲနဲ့ ဖြေရှင်းထားလားဆိုတာတော့ မဟုတ်ပါဘူး အဲ့လိုနည်းပညာတွေနဲ့ Standard Color ထွက်အောင် ကူညီထားတာဖြစ်ပါတယ်။
ရိုက်ကူးတဲ့အခါမှာ Resolution အတွက် 10MP ကိုပဲကို Recommend ပေးထားတာကိုတွေ့ရမှာပါ တကယ်ရိုက်ကြည့်တဲ့အခါမှာလည်း 10MP က ပိုကောင်းနေတာကို ခံစားရပါတယ်။ ဘာလို့ 40MP Lens တွေနဲ့ရိုက်တာ ဘာလို့ 10MP ရလဲဆိုရင် (ကျွန်တော် Page ကိုစောင့်ဖတ်နေသူတွေဆိုရင် သိပါတယ်) Pixel Binning ကိုအသုံးချပြီး Pixel 4 ခုကို တစ်ခုစီ Pixel အကြီးအဖြစ် ချုံ့ပြီး ရိုက်ကူးတာဖြစ်ပါတယ်။ 12MP ဖုန်းတွေနဲ့ယှဥ်ရင် Resolution နည်းသွားပေမဲ့ ပိုကောင်းတဲ့ ကောင်းတဲ့ Quality နဲ့ Detail ကို ပြန်ရတာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ပုံရဖို့အတွက် 2MP လောက် Resolution လျော့တာလေးကို တန်တယ်လို့လဲ ပြောလို့ရပါတယ်။ 40MP ကောမရိုက်ကူးနိုင်ဘူးလားဆိုရင် ရိုက်ကူးနိုင်ပါတယ်။ Print Size ကြီးကြီးထုတ်ချင်တဲ့သူတွေအတွက် 40MP နဲ့ရိုက်ကူးနိုင်ပါတယ် ဒါမဲ့ ပိုပြီး Detail ကျတဲ့ပုံတွေ လိုချင်ရင်တော့ 10MP နဲ့ရိုက်ကူးတာ အကောင်းဆုံးပါ။ 40MP ကော 10MP ကောယှဥ်ရိုက်ကြည့်သလောက် အများကြီးကွာတာမဟုတ်ပဲ နည်းနည်းလေးပဲ ကွာပါတယ်။ 10MP က ပိုကောင်းတာပေါ့။
Image result for huawei mate 30 pro camera
Ultrawide ဖြစ်တဲ့ 40MP အတွက်တော့ RYYB မဟုတ်ပဲ ရိုးရိုး RGGB ကိုပြောင်းသုံးပေးထားပါတယ်။ ဒါမဲ့ Sensor Size က Smartphone တွေထဲမှာ အတော်ကြီးတဲ့ Sensor လို့ပြောလို့ရပါတယ်။ Aperture က f/1.7 ရှိတဲ့အတွက် ညဘက်တွေ Lighting မကောင်းတဲ့အခြေအနေမှာတောင် ပိုလှတဲ့ Lowlight Ultrawide Shot တွေကို ဖန်တီးနိုင်ပါတယ်။ ပြီးတော့ ဒီ Ultrawide Lens နဲ့ပဲ 2.5cm ထိ နီးကပ်တဲ့ Micro Shot တွေကို ရိုက်ကူးနိုင်ပါတယ်။ အခြားဖုန်းတွေနဲ့ ယှဥ်ရင် အရမ်းကြီး Wide မဖြစ်ပေမဲ့ လုံလုံလောက်လောက်ရှိတဲ့ Wide သင့်တဲ့အနေအထားကိုတော့ Wide ပါတယ်။ အချို့ Ultrawide Lens တွေထက် Lowlight Shot တွေမှာ Noise Reduction ပိုကောင်းနေတာကို တွေ့ရပါတယ်။ Huawei ကတော့ Noise တွေမထအောင် BM3D လို့ခေါ်တဲ့ Algorithm ကို သုံးထားတယ်လို့သိရတယ်။ BM3D ဆိုတာကတော့ Block-matching and 3D filtering လို့ခေါ်ပါတယ်။ BM3D Noise Reduction Algorithm က Power စား 15% သက်သာသလို Noise Reducing ပိုင်းမှာလဲ 30% လောက်ပိုကောင်းတယ်လို့ သိရပါတယ်။
Camera ပိုင်းမှာပဲ နောက်ထပ်ကြိုက်တာတစ်ခုက Zooming ပိုင်းပါ။ အများစုက P30 Pro နဲ့ ယှဥ်ရင် Zooming ပိုင်းမှာ Downgrade ဖြစ်တယ်လို့ပြောကြပေမဲ့ ကျွန်တော်ကတော့ လုံလောက်တယ်လို့ပဲပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ P30 Pro က Zooming ပိုင်းမှာ ပိုကောင်းတာကို လက်ခံတယ်။ ကောင်းရတဲ့အကြောင်းအရင်းကလည်း သူက Tele Lens ထက် ရေငုပ်သင်္ဘောတွေမှာ သုံးတဲ့ Periscope Lens ကို သုံးထားတဲ့အတွက် ပိုကောင်းတယ်ဆိုတာ အသိသာကြီးပါ။ ဒါမဲ့ Smartphone တစ်လုံးအတွက် 5x Quality Zoom ဆို လုံလောက်ပြီလို့ထင်ပါတယ်။ Mate30 Pro မှာ 3x Optical Zoom ပါတယ် ပြီးတော့ 5x Hybird Zoom နဲ့ 30x Digital Zoom တို့။ 5x လောက်ထိ Quality ကောင်းတဲ့ ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ 5x Main Lens 40MP နဲ့ 8MP tele Lens တို့ကို ပေါင်းပြီး ပိုကောင်းတဲ့ ပုံမျိုးရအောင်လုပ်တာ ဖြစ်ပါတယ်။ အဲ့ကြောင်းကို ကျွန်တော်တို့ Huawei P20 Pro မှာကတည်းက ပြောပြဖူးပါတယ်။
Related image
အရင်ဆုံး Optical Zoom and Digital Zoom အကြောင်းလေးပြန်ပြောချင်ပါတယ်၊ Optical Zoom ဆိုတာ Tele Lens မှာပဲရတာပါ Tele Lens မှာ အကွာဝေးနဲ့ Lens လေးတွေ စီထားပါတယ်၊ Zoom ဆွဲတဲ့အခါ အဲ့စီထားတဲ့ Lens တွေရဲ့ အကွာအဝေး (Focal Length) ကို Adjust လုပ်ပြီး ပုံရိပ်ကိုအနီးကပ်ဆွဲယူပေးတာပါ၊ Digital Zoom ကကျတော့ ဓာတ်ပုံကို Crop လုပ်ပြီး Zoom ချဲ့ကြည့်သလိုပါ သူက Focal Length ကို Adjust လုပ်လို့မရပါဘူး၊ အားနည်းချက်ကတော့ Optical Zoom နဲ့ယှဉ်ရင် Resolution တွေကျသွားပါတယ်၊ ပြီးတော့ Pixelated Picture ကိုပဲရပါတယ်၊ Huawei P20 Pro မှာကတည်းက 3x Optical Zoom အပြင် 5x Hybrid Zoom ပါရပါတယ်၊ Huawei က 8MP နဲ့ 3x ရအောင်လုပ်ထားတာပါ တစ်ကယ်တော့ 8MP Tele Lens မှာ Focal Length ကို 80mm ထိသုံးပေးထားလို့ပါ၊ 5x Hybrid Zoom မှာ Huawei က Focal Length မတူတဲ့ Camera ၂ လုံးကိုသုံးပြီး Zoom ဆွဲလို့ Hybrid Zoom လို့ခေါ်တာပါ။ အလုပ်လုပ်ပုံက 8MP Tele နဲ့ 3x Optical Zoom ဆွဲနေတဲ့အချိန်မှာ 40MP Lens နဲ့ 8MP Size 3x Digital Zoom ဆွဲနေပါတယ် ပြီးတော့ အဲ့ဒီ 3x Optical နဲ့ 3x Digital 2 ခုကို Kirin NPU နဲ့ ကောင်းတာတွေရွေးပြီးပြန်ထပ်ပါတယ် ရလာတဲ့ 3x ပုံကို 2x ထပ်ဆွဲပါတယ်၊ အဲ့လို 2 ခုပေါင်းပြီး 2 ဆထက်ဆွဲလို့ 5x Hybrid Zoom ဖြစ်လာတာပါ၊ ဘာလို့ Main Lens က 8MP သုံးရလဲဆိုရင်??? Tele Lens နဲ့အညီ ဖြစ်အောင် 8MP ကိုသုံးထားတာပါ၊ ပြီးမှာ Super Resolution နည်းပညာနဲ့ 10MP အရည်သွေးရှိတဲ့ပုံကို ပြန်ထုတ်ပေးပါတယ်၊ အဲ့ဒါကြောင့်လဲ Noise ကို အနည်းဆုံး နဲ့ Resolution မကျအောင်ထိန်းပေးနိုင်တာပါ၊
ဒီနည်းပညာက P20 Pro မှာကတည်းက သုံးထားတဲ့ နည်းပညာဖြစ်ပါတယ်။ Hybird Zoom နည်းပညာတွေထဲမှာလဲ Huawei ရဲ့ Setup ကအတော်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့ Main Lens မှာ 40MP ကို 8MP ထိ ချုံ့သုံးသလဲဆိုရင် 5x Quality ကိုရချင်လို့ပါ။ 8 x 5 = 40 ပြန်ရသလို 5 ဆ Quality ကောင်းရဖို့အတွက် 8MP Size ကိုသုံးလိုက်တာပါ။ အဲတော့ Tele Lens 8MP နဲ့ညီသွားပြီး ၂ ခုပေါင်းပြီး Hybird Zoom အဖြစ် ဆွဲနိုင်တာဖြစ်ပါတယ်။ ကင်မရာနည်းပညာပိုင်းမှာတော့ ၁ နှစ်နဲ့ ၁နှစ် ပိုကောင်းတဲ့ နည်းတွေနဲ့ လုပ်ပြနိုင်နေတဲ့ ဖုန်းကို လက်ညိုးထိုးပါဆိုရင် Huawei ကပိုမှန်နေတယ်လို့ပြောရမှာပါ။ Camera နဲ့ပက်သက်ပြီး အတွေ့အကြုံတွေကို Review ကျရင်ဖော်ပြပါဦးမယ်။
Image result for huawei mate 30 pro
IMPRESSIVE DESIGN
Mate30 Pro ရဲ့ Design ကို Huawei ဖုန်းတွေမှာ အကြိုက်ဆုံးဖြစ်လာတယ်။ Eye-catching ဖြစ်တယ်။ အမြင်နဲ့ လက်တွေ့မှာ မတူဘူးဆိုတာကို လှည့်စားနိုင်တယ်။ အထူးသဖြင့် Circular Camera Module ကို ဖော်ထားတဲ့ Headlight Design က အတော်လေးဆွဲဆောင်မှုရှိတယ်လို့ပြောရမှာပါ။ အတော်တော်များများ အပါအဝင် ကျွန်တော်ကိုယ်တိုင်လဲ Camera Bump ဘေးနားက အဝိုင်းပုံစံ Headlight ကြီးကို Camera Bump နဲ့အတူ ကြွတတ်နေတဲ့ ပုံစံလို့ထင်တယ်။ လက်တွေမှာတော့ အဲ့လိုမဟုတ်ပဲ ကျောပြင်နဲ့ အညီတည်ရှိနေတာကိုတွေ့ရပါတယ်။ တကယ်ထိုးထွက်နေတာဆိုလို့ Circular Camera Bump ပဲရှိပါတယ်။ Color ပိုင်းတွေအရ တည်ငြိမ်တဲ့ဘက်ရှိတဲ့ အရောင်များ ထုတ်လုပ်ထားပြီး P Series လောက် လူငယ်မဆန်တော့တာကိုတွေ့ရပါတယ်။ First Look မှာပြောခဲ့သလို Camera တစ်ခုရဲ့ Traditional Theme ကိုဖော်ကျူးထားတာက Mate Series ထဲမှာ အလှဆုံးလို့ပြောလို့ရတယ်။ ဖြစ်နိုင်ရင် အဲ့ပုံစံအတိုင်းပဲ Mate40 Series ကျရင် ထပ်ထိန်းသွားစေချင်တယ်။
Related image
ရှေ့ဘက်ခြမ်းမှာ Horizon Display လို့ခေါ်တဲ့ Curve Display ကို သုံးပေးထားပါတယ်။ အရမ်း Curve ဖြစ်သွားတဲ့ ဘေးဘောင်တွေပါးသွားသွားပြီး Volume Rocker ကိုလည်း ဖြုတ်လိုက်ရပါတယ်။ Volume Rocker ကိုဖြုတ်လိုက်တဲ့အတွက် Screen frame ကို Double Tap လုပ်ပြီး Volume Slider ကို ဖော်လို့ရပါတယ်။ လက်တဖက်မှီကမ်းတဲ့နေရာမျိုးထားပေးတာက မဆိုးဘူးလို့ပြောလို့ရပါတယ်။ In-display Fingerprint ဆိုရင်လည်း လက်မ နဲ့အလွယ်တကူထိတွေ့လို့လွယ်တဲ့နေရာမျိုးမှာ ထားပေးထားပါတယ်။ နောက်တစ်ခုက Curve Display ကိုအသုံးချတာက ဘေးဘောင်ပါးသွားဖို့တင်မဟုတ်ပဲ Shooting Game တွေ FPS Game ဆော့တဲ့သူတွေ အကြိုက် L/R Button အနေနဲ့လည်း Virtual Shoulder Key အဖြစ် Landscape အနေအထားမှာ အသုံးပြုလို့ရပါတယ်။ Huawei ကတော့ ပြောင်းလဲမှုအပေါ်မှာ အပြည့်အဝအသုံးချနိုင်တာက မဆိုးဘူးလို့ပြောရမယ်။ P30 Pro လိုပဲ Earpiece Speaker မပါတော့တဲ့အတွက် In-Screen Audio ကို အသုံးပြုပေးထားပါတယ်။ Speaker အထားအသိုက နားနဲ့ ကွက်တိဖြစ်အောင် လုပ်ထားပေးတာက မဆိုးပြောရမှာပါ။ ပြီးတော့ Mate20 Pro မှာလို့ USB-C မှ အသံထွက်တာမျိုးမဟုတ်တော့ပဲ အသံအတွက် အောက်ဘက်မှာ Speaker ပေါက်ကိုထပ်ထည့်ပေးထားပါတယ်။ Design နဲ့ Hardware အထားအသိုတွေက Huawei ဖုန်းတွေထဲမှာ အတိုးတတ်ဆုံးနဲ့ အလှဆုံးလို့ပြောလို့ရပါတယ်။
Image result for huawei mate 30 pro battery
LONG BATTERY LIFE, SUPER-QUICK CHARGING
ဒါကတော့ ဒီဖုန်းမှာ လုံးဝအကြိုက်ဆုံးအချက်ပါ။ 4,500mAh Battery ကိုသုံးထားပြီး တနေ့ကုန် အေးဆေးသုံးလို့ရပါတယ် (Depending on Usage)။ Data ကိုတနေ့ကုန်ဖွင့်တယ်၊ YouTube ကြည့်တယ်၊ Game ဆော့တယ်၊ Social Media၊ Browsing၊ ဓာတ်ပုံ Video၊ FULLHD+ Resolution နဲ့ အေးအေးသုံးလို့ရပါတယ်။ 40W SuperCharge ပါတဲ့အတွက် 0-100% အားပြန်သွင်းရင်တောင် ၁ နာရီနဲ့ ၁၅ မီးနစ်ပဲ ကြာပါတယ်။ အဲ့အပြင် 27W Wireless Charger လည်းပါတဲ့အတွက် Wireless နဲ့သွင်းမယ်ဆိုရင်တောင် ပုံမှန်ဖုန်းတွေထက် ၂ ဆလောက် မြန်နေမှာပါ။
အခြားသော Performance တွေက ပြောစရာသိပ်မရှိဘူး နောက်ဆုံးပေါ် နည်းပညာတွေပဲဆိုတော့ Game ပဲဆော့ဆော့ Powerful ပဲသုံးသုံး ထစ်လေးတာတွေတော့ မတွေ့ရဘူး။ EMUI10 ကလည်း အရင်ကထက် Minimalist ပိုဆန်ပြီး လှပါတယ်။ ပိုသွက်လာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ကောင်းတဲ့ ဖုန်းက International Market ကိုအောင်မြင်စွာ မကျော်ဖြတ်နိုင်သေးတာကလည်း အတားအစီးတစ်ခုရှိနေပါသေးတယ်။ အကယ်လိုသင်က အဆိုပါပြဿနာကို ဘေးချိတ်ထားမယ်ဆိုရင်တော့ Mate30 Pro က 2019 ရဲ့အမိုက်စား Smartphone တစ်ခုလို့ပြောရမှာပါ။
(၀ယ်ယူနိုင်တဲ့အရောင်တွေကတော့ Black နဲ့ Space Silver ပဲဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၁) ရက်နေ့ကနေ (၃၀) ရက်နေ့အထိဖြစ်ပြီး Pre-Order တင်သူတိုင်းအတွက် HUAWEI Watch GT 2 ကို လက်ဆောင်အဖြစ်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ Build Quality ပိုင်းမှာ Glass အသုံးပြုထားတဲ့ဖုန်းဖြစ်လို့ ၀ယ်ယူပြီး ၆ လအတွင်း ပြုတ်ကျကွဲခဲ့သည်ရှိသော် Additional Service အနေနဲ့ ဖုန်းရဲ့ကျောဘက်ပဲ ကွဲကွဲ ရှေ့ဘက်ပဲ ကွဲကွဲ ၁ ကြိမ် အခမဲ့ ပြန်လဲပေးမှာဖြစ်ပါတယ်လို့ သိရပါတယ်။)
Zawgyi
BEST CAMERA EVER
Related image
Related image
IMPRESSIVE DESIGN
Related image