fbpx

This is digital planet.

HuaweiTech News

မြန်မာငွေ ၁၉၉,၀၀၀ ကျသင့်မယ့် HUAWEI MatePad T8 Tablet

HUAWEI Myanmar ကနေပြီးတော့ တန်ဖိုးသင့် MatePad T8 ကို နှစ်လိုဖွယ် စွမ်းဆောင်ရည်နဲ့ မြန်မာနိုင်ငံမှာ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ အဆိုပါ Tablet ဟာ မြန်မာငွေ ၁၉၉,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး စာဖတ်သူတွေ ဝယ်ယူချင်တယ်ဆိုရင် T8 ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇိုင်းပိုင်း

အကြမ်းခံ သတ္ထုကိုယ်ထည်နဲ့ ဖွဲ့စည်းထားတဲ့ MatePad ဟာ အမြင်အားဖြင့် ဆွဲဆောင်မှုရှိလှသလို Tablet ကိုယ်ထည်ကို လုံးဝန်းနေအောင် ပြုလုပ်ထားတဲ့အတွက် သက်တောင့်သက်သာနဲ့ ကိုင်တွယ် အသုံးပြုနိုင်မှာပါ။

Huawei MatePad T8

Image: GizmoChina

Display

T8 မှာ 16:10 Aspect Ration ရှိ ၈ လက်မ အရွယ် Display အသုံးပြုပေးထားပြီး Resolution အနေနဲ့ 1280 x 800 ပါဝင်မှာ ဖြစ်ပါတယ်။ ခေတ်အနေထားအရ HD အရည်သွေး ပိုင်ဆိုင်ထားသလို တန်ဖိုးအားဖြင့် ကြည့်လိုက်ရင် လက်ခံရတဲ့ အနေထား ဖြစ်တဲ့အတွက် အင်တာနက်သုံး ရုပ်ရှင်ကြည့်တာမျိုး အတွက် အဆင်ပြေမှာပါ။

သို့အတွက် MatePad မှာ 32GB Onboard Storage နဲ့ 2GB RAM ထည့်ပေးထားပြီး အကယ်၍ တိုးချဲ့ အသုံးပြုချင်တယ်ဆိုရင် External Micro SD ကတ်ကနေ 512GB ပမာဏအထိ Upgrade လုပ်နိုင်ပါတယ်။

Camera & more

MatePad ဟာ Entertainment အသားပေး Tablet တစ်လုံးဖြစ်တဲ့ အားလျော်စွာ ရှေ့ဘက် 5MP ကင်မရာနဲ့ Selfie အတွက် 2MP ကင်မရာ ပါဝင်ပါတယ်။

စွမ်းအင် ဖြည့်တင်းနိုင်ဖို့ Octa-core အမျိုးစား Processor အသုံးပြုထားပြီး တနေ့တာ သုံးစွဲဖို့ လုံလောက်တဲ့ 5,100 mAh Battery တပ်ဆင်ပေးထားပါတယ်။

Huawei Matepad T8

Image: Gizbot

အခုလို Specs တွေ ထွေးပိုက်ထားတဲ့ MatePad T8 ဟာ ဘက်စုံသုံး ဆိုတာထက် ကိုယ်အသုံးပြုချင်တဲ့ အနေထားအလျောက် ဖြည့်ဆည်းပေးနိုင်မယ့် ထုတ်ကုန်လို့ ဆိုရမှာပါ။

ဘာလို့လဲဆိုတော့ ၁၂ နာရီ ဆက်တိုက် အသုံးပြုနိုင်တဲ့ Battery ၊ အင်တာနက်သုံးရင် တေးသီချင်းနားဆင်တာမျိုး ၊ ရုပ်ရှင်ကြည့်တာမျိုးအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်ထားလို့ပါ။

MatePad T8

ဒိအတွက် EMUI 10 နဲ့ အားဖြည့်ထားသလို T8 အားသာချက်က Kids Corner Feature ပါဝင်လာတာပါ။ အထူးသဖြင့် ကလေးငယ်တွေ အတွက် ဖန်တီးထားတဲ့ Kids Corner မှာ

Recorder ၊ Camera ၊ Multimedia နဲ့ Kids Painting လို ပျော်ရွှင်စေမယ့် Apps တွေနဲ့ ဖွဲ့စည်းထားလို့ပါ။

MatePad T8

Image: HUAWEI Myanmar

အကယ်လို့ ကလေးငယ်တွေအတွက် မဟုတ်ဘဲ စာဖတ်၊ အင်တာနက် ကြည့်ရှုဖို့အတွက်ဆိုရင် Eye Comfort Mode ပါဝင်ပြီး Blue Light ကို ၅၀% အထိ လျှော့ချပေးနိုင်မှာပါ။

ဒီလို တန်ဖိုးသင့် Tablet တစ်လုံးကို မေလ ၁၀ ရက်ကနေ ၃၁ ရက် အတွင်း ကြိုတင်မှာယူမယ်ဆိုရင် Band 3e နဲ့ Flip Cover ၂ မျိုး လက်ဆောင်ပေးအပ်သွားမှာပါ။

HUAWEI Myanmar Press Release ကို ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်