This is digital planet.

ArticlesHuawei

HUAWEI MatePad T8 ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း အသေးစိတ် ဖော်ပြချက်

Tablet သို့ သင်ပုန်းကွန်ပျူတာတွေ ခေတ်စားလာတဲ့နောက်ပိုင်း သုံးစွဲသူတွေဟာ တော်ရုံသင့်ရုံလောက်ပဲ စွမ်းဆောင်ရည်ရှိတယ်ဆိုရင် စိတ်မဝင်စားတော့ပါဘူး။ များသောအားဖြင့် Premium ဆန်တဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ပေးနိုင်မှသာ လိုချင်တတ်ကြတယ်။

ဒါထက် ဘယ်လိုပဲ ကောင်းတယ်ပြောပြော တန်ဖိုးကလည်း သင့်တင်မှုရှိမှ ပြည့်စုံတယ်လို့ ယူဆကြသလို Feature လည်းစုံ ၊ ဒီဇိုင်းလှကောင်း Performance လည်း မဆိုးဘူးဆိုရင် အထွေအထူး ပြောနေစရာ မလိုပါဘူး။

ဒိအတွက် HUAWEI MatePad T8 မှာ သင့်တင့်သလောက် ပြည့်စုံထားပြီး မြန်မာငွေကျပ် ၁၉၉,၀၀၀ နဲ့ ဝယ်ယူနိုင်မယ့် စျေးအချိုသာဆုံး Tablet ရှိနေပါတယ်။

စျေးကွက်ထဲမှာ ပြောဆိုနေကြတဲ့ T8 အားသာချက် ၂ မျိုးကတော့ အမြင်အားဖြင့် ဆွဲဆောင်မှုရှိတာနဲ့ Display ပိုင်း အားရစရာ ဖြစ်နေတဲ့ အချက်တွေပါ။

MatePad T8

ဒီဇိုင်းပိုင်းမှာ ဆိုရင်တော့ HUAWEI အနေနဲ့ အချိန်အား ၊ လုံလအရင်းနှီးတွေ စိုက်ထုတ်ပြီး High Level Ergonomics ရှိတဲ့ဒီဇိုင်း နောက်တမျိုးပြောရင်တော့ Device တစ်ခုကို ဖန်တီးတဲ့အခါ သုံးစွဲသူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ ဒီဇိုင်းဆွဲတဲ့အပိုင်း ၊ ထုတ်လုပ်မှုအပိုင်းတွေမှာ အကောင်းဆုံး အိုင်ဒီယာ၊ ပစ္စည်းတွေချည်း အသုံးပြုထားတာကို ဆိုလိုတာပါ။

MatPad T8 အနေနဲ့ Entry Level (သို့) Budget Tablet ဖြစ်ပေမယ့် ပေါ့ပါးမှုရှိတယ်၊ လက်တစ်ဖက်ထဲ သုံးနိုင်တဲ့ Sleek Design ပိုင်ဆိုင်ထားတာကြောင့် သွားလာရင်း အသုံးပြုနိုင်တယ်၊ အလေးချိန်ကလည်း ၃၁၀ ဂရမ်ပဲ ရှိတာကြောင့် ၈ လက်မ အရွယ် Display ပိုင်ဆိုင်ထားတဲ့ Tablet တစ်လုံးတွက် ပေါ့ပါးတယ် ဆိုရမှာပါ။

MatePad T8

Image: HUAWEI

ဒါကြောင့် ရုပ်ရှင်နဲ့ TV Shows ကြည့်သည်ဖြစ်စေ၊ Emails ဖတ်တဲ့အခါမျိုးနဲ့ မိုဘိုင်းဂိမ်း ၊ Drawing နဲ့ စာစီစာရိုက်တာမျိုးအတွက် T8 က Compact ဖြစ်တယ်၊ Portable လည်းဖြစ်တယ်၊ ယုတ်စွအဆုံး Powerful လည်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

8″ Display

၈ လက်မအရွယ် မျက်နှာပြင် အကြောင်းပြောရရင်တော့ T8 ရဲ့ ဘယ်ဘက် ၊ ညာဘက်က Ultra Slim Bezels တွေနဲ့အတူ 80% Screen-to-body Ratio ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ ဒီဇိုင်းသုံးထားတယ်လို့ ဆိုနိုင်သလို သေးသွယ်တဲ့ Bezel တွေကြောင့် ပိုမိုကောင်းမွန်တဲ့ Viewing Experience ရရှိစေဦးမှာပါ။

အဲ့ဒါကြောင့် ရုပ်ရှင်ကြည့် ၊ ဂိမ်းကစားဖို့အတွက် ကြီးမားတဲ့ Screen က စိတ်အနှောက်ယှက် မဖြစ်စေဘဲ အသုံးပြုနိုင်မှာပါ။

ဒီဇိုင်းပိုင်းမှာဆိုရင်လည်း MatePad T8 ဟာ သပ်ရပ်ကျော့ရှင်းတဲ့ Metallic Finish နဲ့ ဖွဲ့စည်းထားပြီး ခေတ်မီတဲ့ Processing ဒီဇိုင်း ၊ ကြံ့ခိုင်မှုရှိတဲ့ သတ္ထုကိုယ်ထည် အသုံးပြုထားတဲ့အတွက် အပြင်ဖက် ကိုယ်ထည်ဒီဇိုင်းဟာ တောင့်တင်းမှုရှိသလို ဆွဲဆောင်မှုရှိတယ် ဆိုရမှာပါ။

Ergonomics Design

အခုလို ဒီဇိုင်းပိုင်းဖွဲ့နွဲ့တဲ့အခါ Complex Manufacturing Process အသုံးပြုထားတာ ဖြစ်တဲ့အတွက် Tablet ကိုယ်ထည် ကိုင်လိုက်တဲ့အခါ ချောမွေ့မှုကို ခံစားရစေတယ်၊ သတ္ထုကိုယ်ထည် တိုက်စားခံရမှုကိုလည်း ကာကွယ်ထားတဲ့အတွက် Durability ပိုင်း အားဖြည့်ထားတယ်လို့ ပြောနိုင်ပါတယ်။

MatePad T8

Image: HUAWEI

ဒါကြောင့်မလို့ T8 ဟာ လူငယ်တွေအတွက် သင့်တော်သလို လူကြီး၊ မိဘတွေအနေနဲ့ အသုံးပြုမယ်ဆိုရင်လည်း မတော်တဆ လွတ်ကျ ၊ ပြုတ်ကျတာမျိုး ဖြစ်ပွားခဲ့ရင်တောင် အသေးဖွဲ ထိခိုက်၊ ပွန်းပဲ့တာမျိုးအတွက် ခံနိုင်ရည်အား ရှိပါတယ်။

MatePad T8 ရဲ့ Minimalist ဖြစ်တဲ့ ဒီဇိုင်းပိုင်း ဆက်ပြောရရင် 3D Micro-Arc Design လို့ခေါ်တဲ့ Ergonomic Design အသုံးပြုထားတာ ဖြစ်ပါတယ်။

Micro-Arc Design

အဆိုပါ ဒီဇိုင်းဟာ ကိုင်တွယ်အသုံးပြုဖို့ အဆင်ပြေသလို Tablet ကိုယ်ထည်ရဲ့ အစွန်းလေးဖက်ကို အတွင်းဖက် ခုံးနေတဲ့ မျက်နှာပြင် နှစ်ခုနဲ့ Blend တစ်နည်း ပေါင်းစပ်ထားတဲ့အတွက် သုံးနေတဲ့အခါ သက်တောင့်သက်သာ ဖြစ်တယ်၊

အချိန်အတိုင်းတာ တစ်ခုထိ ကိုင်တွယ် အသုံးပြုနေလည်း အဆင်ပြေတဲ့ အနေထားထိ ပေးစွမ်းထားတာ ဖြစ်ပါတယ်။

MatePad T8

Image: HUAWEI

အခုလို Portable ဖြစ်သလို အလေးချိန် ပေ့ါပါးတဲ့ Tablet ကို သွားလာရင်း အသုံးပြုတဲ့အခါ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ သုံးစွဲနိုင်အောင် ဖန်တီးထားလို့ ပြောရမှာပါ။

Powerful Hardwares

T8 ကို Deepsea Blue အရောင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး ပင်လယ်ရေတမျှ ကြည်လင်အေးမြနေတဲ့ သဘောသဘာဝကို ဖော်ဆောင်ထားတာပါ။ ၈ လက်မ အရွယ် မျက်နှာပြင်နဲ့အတူ တန်ဖိုးသင့်တင့်မှုရှိတဲ့ Tablet မှာ Octa-core Processor နဲ့ 5,100 mAh High Capacity Battery တို့ပါဝင်ပါတယ်။

ဒါကြောင့် Tablet တစ်လုံးလိုအပ်တဲ့ စွမ်းဆောင်ရည်နဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ ပြီးစီးနိုင်စေဖို့ Powerful Processor ၊ Battery တို့နဲ့ ဖွဲ့စည်းထားတယ် ပြောရမှာပါ။ ထို့အတူ Tablet တွေ ဝယ်လိုအားကောင်းပြီး တန်ဖိုးအရ ယှဥ်ပြိုင်မှု အားကောင်းနေချိန် စွမ်းဆောင်ရည်ပိုင်း လစ်ဟင်းလို့ မရပါဘူး။

Powerful Hardware သုံးထားလင့်ကစား အထစ်အငေါ့ မရှိစေဖို့ Octa-core Chipset နဲ့အတူ EMUI 10 တို့ မောင်းနှင်ထားပါတယ်။ အဆိုပါ EMUI ဟာ စွမ်းဆောင်ရည်ပိုင်း ဖြည့်စွက်ထားသလို Flagship Tablet တွေအလား အသုံးပြုရတဲ့ Experience ပိုင်း ကြွယ်ဝနေစဖို့ T8 မှာ ပါဝင်ထားတာပါ။

MatePad T8

Image: HUAWEI

အခုလို Software ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်နဲ့အတူ လုပ်ငန်းဆောင်တာနဲ့ ဂိမ်းကစားတဲ့အခါ Processor ပံ့ပိုးမှု မနှောင့်နှေးရအောင် Octa-Core Chipset ကို 2.0GHz (2,000 MHz) Speed နဲ့ လုပ်ကိုင်စေပါတယ်။

Optimised with EMUI

မြန်နှုန်းဟာ Tablet တစ်လုံးအတွက် အားကောင်းတဲ့ Running Speed လို့ ပြောနိုင်သလို User တွေအနေနဲ့ Mobile Apps တွေသုံးနေရင်းက ဂိမ်းကစားတဲ့အခါမျိုးတွေမှာပါ လျှင်မြန်ချောမွေ့မှုကို ခံစားရမယ်၊

ဒါကြောင့်မလို့ T8 လို Affordable Tablet တစ်လုံးက Daily Task တွေပဲ အသုံးပြုနိုင်တာထက် ပိုမိုစွမ်းဆောင်နိုင်တာကို User တွေ မမျှော်လင့်ဘဲ စွမ်းဆောင်နိုင်တာ တွေ့ရဦးမှာပါ။

ထို့နည်းတူ Tablet မှာ တပ်ဆင်လာတဲ့ 5,100 mAh Battery ဟာ Video Playback အတွက် ၁၂ နာရီ အသုံးခံပါတယ်။ Standby Mode အနေနဲ့ထားမယ်ဆိုရင်တော့ အံ့အားသင့်စရာ နာရီ ၆၀၀ အထိ အထားခံတာ တွေ့ရမှာပါ။

ဒါကြောင့်မလို့ MatePad T8 ဟာ စွမ်းဆောင်ရည်ပိုင်း အားကိုးရသလို ဘက်ထရီပိုင်းမှာလည်း စိတ်ချထားလို့ရတဲ့ Tablet လို့ ပြောရမှာပါ။

Intelligent Features

EMUI 10 ကတော့ Android OS တစ်ခုလုံးရဲ့ Intelligent Features တွေ ထွေးပိုက်ထားတယ်လို့ ဆိုနိုင်သလို လျှင်မြန်တဲ့ တုံ့ပြန်မှုအတွက် Optimised လုပ်ထားတယ်၊

Reading Experience ပိုမိုကောင်းမွန်စေမယ့် Dark Mode ထည့်သွင်းထားတဲ့အပြင် Magazine ပုံစံ Layout ဒီဇိုင်းပါဝင်တဲ့အတွက် သုံးစွဲသူတွေဟာ Tablet ကို မဂ္ဂဇင်းတအုပ်ဖတ်နေသလို Experience မျိုးလည်း ပေးစွမ်းထားပါတယ်။

အဲ့ဒါထက် EMUI 10 မှာ Morandi Palette ဒီဇိုင်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပိုပြီးတော့ ဆွဲဆောင်မှုရှိသလို လှပကျော့ရှင်းမှု ရှိလာတယ်လို့ ပြောရမှာပါ။

MatePad T8

Image: HUAWEI

အချုပ်အနေနဲ့ ပြောရရင် 80% Sceen-to-body Ratio ပိုင်ဆိုင်ထားတဲ့ ၈ လက်မအရွယ် Display ၊ 2.0GHz မြန်နှုန်းရှိ Octa-core Chipset အသုံးပြုထားတဲ့ T8 Tablet ဟာ စွမ်းဆောင်ရည် အပိုင်းမှာရော Display ပိုင်းမှာပါ အားကောင်းတယ်လို့ ဆိုရမှာပါ။

နောက်တမျိုး ပြောရရင် စျေးကွက်ထဲမှာ မြင်ရခဲ့တဲ့ Budget Friendly Tablet တစ်လုံးလို့ ဆိုနိုင်သလို နေ့တဓူဝ အသုံးပြုဖို့ အဆင်ပြေတယ်။

Bigger Battery

5,100 mAh Battery ပါဝင်တဲ့အချက်က User တွေအနေနဲ့ အသုံးခံတဲ့ အတိုင်းတာတစ်ခု ပိုင်ဆိုင်နိုင်စေသလို EMUI လုပ်ဆောင်ချက်ကြောင့် ချောမွေ့တဲ့ Experience ကိုလည်း ရရှိဦးမှာပါ။

ဒါကြောင့်မလို့ Tablet တစ်လုံးဝယ်ယူတဲ့အခါ တန်ဖိုးနဲ့ စုံလင်တဲ့ Feature ပါရမယ်လို့ ညီမျှခြင်း ချကြည့်တဲ့အခါ တစ်ဖက်အဖြေမှာ MatePad T8 က နှစ်မျိုးလုံးအတွက် ပြည့်စုံတယ်ဆိုတာကို တွေ့ရမှာပါ။

MatePad T8 ကို မေလ ၁၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ငွေကျပ် ၁၉၉,၀၀၀ နဲ့ Pre-order မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ထုတ်ကုန်ရရှိမယ့်ရက် ဇွန်လ ၁ ရက်နေ့ဖြစ်ပါတယ်။

HUAWEI Myanmar ဆောင်းပါးကို တင်ဆက်ထားခြင်း ဖြစ်ပါတယ်။