fbpx

This is digital planet.

HuaweiTech News

HUAWEI nova မော်ဒယ်အသစ်အား မကြာမီအချိန်အတွင်း မြန်မာပြည် ဈေးကွက်အတွင်းသို့ ရောက်ရှိလာမည်

အသစ်ရောက်ရှိလာမည့် nova ထုတ်ကုန်အသစ်သည် Android စနစ်ပေါ်တွင် အခြေပြုထားမည်ဖြစ်ပြီး Google Service များလည်း ရရှိမည်ဖြစ်

၂၀၁၆ ခုနှစ်တွင် ဦးစွာပထမ မိတ်ဆက်ခဲ့သော HUAWEI nova စီးရီးသည် လှပကျော့ရှင်းသည့် ဒီဇိုင်း ၊ အဆင့်မြင့်မားသည့် လုပ်ဆောင်ချက် နှင့် ကင်မရာ များကြောင့် စတင်မိတ်ဆက်သည့် အချိန်ကတည်းကပင် အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သည်။ လွန်ခဲ့သည့် ၃ နှစ် ကတည်းကပင် HUAWEI သည် မရေတွက်နိုင်သော လူငယ်များကြား တစ်နေ့တစ်ခြား အောင်မြင်မှု ကြီးထွားလာခဲ့သည်။

လူငယ်များသည် ၎င်းတို့၏ ဖြစ်တည်မှုကို ပုံဖော်နိုင်ပြီး လူအများကြားတွင် ဝင့်ကြွားနိုင်သော ဈေးနှုန်းသင့်တင့်သည့် စမတ်ဖုန်း ၊ လုပ်ဆောင်ချက် ကောင်းမွန်သည့် စမတ်ဖုန်း ၊ ၎င်းတို့၏ လူနေမှု ဘဝတွင် အထောက်အကူ ပြုပေးနိုင်သော စမတ်ဖုန်း နှင့် လှပသည့် ပုံရိပ်များ ရိုက်ကူးနိုင်မည့် စမတ်ဖုန်းများအား လိုလားလျှက်ရှိပြီး HUAWEI nova series များသည် လူငယ်များ လိုအပ်လျှက်ရှိသည့် ကွက်လပ်များအား စဉ်ဆက်မပြတ်လေ့လာဖြည့်ဆည်းပေးလျှက်ရှိသည်။

nova စီးရီး၏ နောက်ဆုံး ထွက်ရှိထားသည့် nova 4 တွင်လည်း 48 MP main camera ၊ 16 MP ultra-wide angle lens နှင့် 2MP depth sensor များပါဝင်သည့် အနောက်ကင်မရာ ၃ လုံး တို့နှင့်အတူထွက်ရှိလာခဲ့ပြီး အလယ်အလတ်တန်းစား စမတ်ဖုန်းဈေးကွက်တွင် 48MP ပါဝင်သည့် ပထမဆုံး စမတ်ဖုန်းတစ်လုံးဖြစ်လာခဲ့သည်။ ၎င်းတွင်ပါဝင်သည့် အင်အားကြီးမားသည့် AI ကြောင့် ရှုခင်းပုံများအား ရိုက်ကူးသည့် အချိန်တွင်ဖြစ်စေ ၊ လူပုံရိပ်များ ရိုက်ကူးသည့် အချိန်တွင် ဖြစ်စေ အကောင်းဆုံး အနေအထားတစ်ခု၌ ရိုက်ကူးပုံဖော်စေနိုင်မည်ဖြစ်သည်။ ထို့အပြင် HUAWEI nova မော်ဒယ်စီးရီးများ၏ ခေတ်ရှေ့ပြေးသည့် selfie ကင်မရာများကြောင့်လည်း လူငယ်များ၏ ကြိုက်နှစ်သက်မှုအား ခံရလျှက်ရှိသည့် စီးရီးတစ်ခုဖြစ်သည်။

ထူးခြားဆန်းသစ်သည့်ကင်မရာ ၊ လှပကျော့ရှင်းသည့် ဒီဇိုင်း ၊ ခေတ်ရှေ့ပြေးသည့် နည်းပညာ များဖြင့် နာမည်ကျော်ကြားလျှက်ရှိသည့် nova series ၏ မျိုးဆက်သစ်တစ်ခု သည် မြန်မာပြည်ဈေးကွက်အတွင်းသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

အဆိုပါ nova series အသစ်တွင် ပိုမိုထူးခြားဆန်းသစ်သည့် လုပ်ဆောင်ချက် ၊ ခေတ်ရှေ့ပြေးသည့် ဒီဇိုင်း နှင့် ပိုမိုလှပသည့် ပုံရိပ်များ ရိုက်ကူးနိုင်မည့် ကင်မရာများ ပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ nova စီးရီး အသစ်တွင် Android အခြေပြုထားသည့် Operating System ပါဝင်လာမည်ဖြစ်ပြီး Google Service များလည်း ပါဝင်ဦးမည်ဖြစ်သည်။ အဆိုပါ nova စီးရီးအသစ်အား စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာပြည် ဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်သွားမည်ဖြစ်သည်။

Press Released by HUAWEI.