fbpx

This is digital planet.

HuaweiTech News

Huawei Nova 5T က Sub-flagship ဖုန်းတစ်ခုလား

Nova 3 ကစပြီး Flagship chipset တွေကို အသုံးပြုပြီး Mid-range နေရာမှာ အနေအထားတစ်ခုယူခဲ့တာက အခုဆိုရင် Nova 5T အဆင့်သို့ရောက်လာပါပြီ။ Nova 5T မှာ အရင်ဆုံးစပြောင်းလဲတာကတော့ nova logo လို့ပြောရမယ်။ အချိုးညီ word mark design နဲ့ လှပစွာ ပြောင်းလဲထားတာကိုတွေ့ရပါတယ်။ Nova 5T မှာ အရင် Nova series တွေနဲ့ပက်သက်ရင် အများကြီးပြောင်းလဲ တိုးတတ်လာတယ်လို့ပြောရမှာပါ။ Nova 5T ရဲ့ Design ပိုင်းမှာဆိုရင်လည်း မျက်နှာပြင်ခုံး Design ကို အသေးစိတ်တိုင်းကို သေချာအစီအစဉ်ချထားပြီး စီမံပေးထားပါတယ်။ Built Quality ကို Plastic သာအသုံးများထားပေမဲ့ သူနဲ့ဈေးတူတဲ့ ဖုန်းတွေထက် လှပသေသပ်အောင် ပြုလုပ်ထားပါတယ်။

Huawei nova 5t

ဒီဖုန်းမှာ အခြားသော Huawei ဖုန်းတွေနဲ့ယှဥ်ရင် ထူးခြားပြောင်းလဲသွားတာက Power Button ပါ။ Power Button က အရင်ထက်နှစ်ဆ ပိုကြီးမားပြီးတော့ Fingerprint Sensor ကို Power Button မှာအစားထိုးထည့်ပေးထားပါတာ်။ အရင်ကဖုန်းတွေလို့ ဘာလို့ Fingerprint Sensor ကိုကျောဘက်မှာမထားပဲ ဘေးကိုပြောင်းလိုက်တာလဲဆိုတော့ Nova 5T ရဲ့ကျောဘက်အလှကို ပိုပေါ်လွှင်စေချင်လို့ပဲ ဖြစ်ပါတယ်လို့ Huawei ကဆိုထားပါတယ်။ Unlock လုပ်တဲ့အခါမြန်ပြီး တိကျပြီး လွယ်လွယ်ကူကူနဲ့ လက်လှန်းမီတဲ့နေရာမှာထည့်ပေးထားတာဆိုတော့ အဆင်ပြေတယ်လို့ပြောရမှာပါ။

nova 5t display

ပြီးတော့ Display ဟာ ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင်တစ်ခုလုံးမှာ နေရာယူထားပါတယ်။ 91.7% screen-to-body ratio ရှိတဲ့အတွက် videos တွေကြည့်တဲ့အခါ ၊ Games ကစားတဲ့ အခါမှာလည်း Flagship ဖုန်းတွေလို ခံစားရမှာပါ။ အဲ့လို Full view Screen ကိုရဖို့ 4.5mm သာသေးတဲ့ punch-hole selfie camera ကို အသုံးပြုပေးထားပါတယ်။ Nova 4 ထက် Punch Hole ကသေးသွားတဲ့အတွက် အသုံးပြုနေရင်တောင် အနှောက်အယှက်ဖြစ်မှာမဟုတ်ပါဘူး။ ဖုန်းရဲ့ အရွယ်အစားဟာလည်း လက်တစ်ဖက်တည်းနဲ့သုံးဖို့ သက်တောင့်သက်သာရှိပြီး လူအများစုအတွက် အကြီး အသေး မျှ‌တနေပါတယ်။

Huawei Nova 5T ဟာ တစ်ခြား Nova Series တွေထက် ခေတ်ဆန်ပြီး အရည်အသွေးအကောင်းဆုံးကို ခံစားရနိုင်ဖွယ်ရှိရပါတယ်။ ဖုန်းရဲ့အပြင်ပိုင်းမှာ Glass ကို အများဆုံးသုံးပေးထားပြီး ဘေးဘက်တွေကို aluminum နဲ့အရောင်တင်ပေးထားပါတယ်။ နောက်ထပ် 3D holographic-light effect ကိုသုံးပေးထားတာက ကျောဘက်ခြမ်းက အရောင်ပြေးလေးတွေကို ကြွရွနေအောင် ဆွဲဆောင်ထားတာပါ ဖြစ်ပါတယ်။

nova 5t back

အရောင်ပိုင်းမှာဆိုရင်လည်း Black ၊ Crush Blue နဲ့ Midsummer Purple ‌ဆိုပြီး
အရောင်သုံးမျိုးရရှိလာမှာပါ။ Midsummer Purple က နှစ်လိုဖွယ်အကောင်းဆုံးအရောင်လို့ပြောရမယ်။ အကြောင်းက ထူးခြားတဲ့ အမဲနဲ့ ပန်းဆီရောင် ခြား Gradient လေးပြေးထားပြီးတော့ နဲ့ NOVA branding logo အသစ်နဲ့ Panel တစ်ခုလုံးရဲ့နောက်မှာ ဖြတ်ပြီး ထည့်ပေးထားတဲ့အတွက် တစ်မျိုးလေးဆန်းပြီး လှနေပါတယ်။

nova 5t color

Nova 5T မှာ နောက်ဘက် Cameras လေးလုံး နဲ့ ရှေ့ဘက် Camera တစ်လုံး စုစုပေါင်း AI Cameras ငါးလုံးကိုသုံးပေးထားပါတယ်။ Quad bayer နည်းပညာကိုသုံးပြီး ရုပ်ထွက်ကောင်းအောင် ပုံဖော်ဖို့ လက်ရှိ Company အများစုကြိုက်တဲ့ 48-megapixel Sony IMX586 ကို Primary Sensor အနေနဲ့အသုံးပြုပေးထားပါတယ်။ 12 megapixels ကို default အနေနဲ့ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Detail ကိုတွေ့ချင်ရင်တော့ 48 megapixels ကိုပြောင်းလို့ရနိုင်မှာပါ။

camera spacs

Main camera မှာ ISO sensitivity 102,400 ထိတိုးသုံးနိုင်ပြီး အဲ့တာက Canon 5D Mark IV လို Professional Camera နဲ့တူညီနေပါတယ်။ အဲ့လို ISO မြင့်တာက Camera ကို ပိုအနုစိတ်စေပြီး ပိုတောက်တဲ့ ပုံတွေကို ရစေမှာပါ။ ISO ကို သုံးဖို့ Manual Mode နဲ့ ကျွမ်းကျင်စွာသုံးနိုင်မှ ပိုကောင်းတဲ့ ပုံကိုရရှိမှာဖြစ်ပါတယ်။

Primary Sensor ကို f/1.8 aperture နဲ့တွဲပေးထားပါတယ်။ f/1.8 aperture က ကျယ်တဲ့ အနေအထားရှိတာမို့ အလင်းကိုပိုမို ရရှိပြီး Low Light အခြေအနော ဓာတ်ပုံရိုက်တဲ့အခါ အသုံး၀င်ပါတယ်။ ပြီးတော့ P20, P30 တို့လို AIS (Artificial Intelligence Stabilizer) ပါ၀င်တဲ့အတွက် tripod မပါရင်တောင် ငြိမ်သက်လှတဲ့ ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ Super Night Mode ပါ၀င်တဲ့အတွက် flash မလိုပဲ ညဘက် ပုံကောင်းကောင်းတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ultra wide night mode

တစ်ခြား ဖုန်းတွေနဲ့မတူတာက Nova 5T ရဲ့ Night Mode မှာ Ultra-wide-angle ပုံတွေကိုရိုက်လို့ရမှာ ဖြစ်ပါတယ်။

AIS အပြင် Electronic Image Stabilization ပါတဲ့အတွက် Videos တွေရိုက်တဲ့အခါမှာ တည်ငြိမ်ပြီး ချောမွေ့တဲ့ Videos တွေကို ရိုက်နိုင်မှာပါ။ 4K resolution ကို 60fps နဲ့ရိုက်ကူးနိုင်ပြီး 720p resolution နဲ့ Super slo-mo videos တွေကို 960 FPS မှာရိုက်နိုင်မှာပါ။

camera

48-megapixel Sony IMX586 နဲ့အတူ 16-megapixel ultra-wide-angle camera (117-degree field of view,f/2.2 aperture) ၊ 2-megapixel, f/2.4 depth sensor ၊ 2-megapixel, f/2.4 dedicated macro camera နဲ့တွဲပေးထားပါတယ်။ ဒီဖုန်းမှာထူးခြားချက်တစ်ခုကတော့ 2MP macro lens ပါတာဖြစ်ပါတယ်။ ဒီ Lens ကြောင့် သေးငယ်ပြီး နီးကပ်တဲ့ shot တွေကို ရိုက်ကူးနိုင်ပါတယ်။

Front camera ကို punch hole ထဲမှာထည့်ပေးထားပါတယ်။ 32 megapixels (f/2.0 aperture) ရှိပြီး မတူညီတဲ့ Creative Lighting အမျိုးမျိုးရဲ့ Effect ကို ဖန်တီးပေးတဲ့ 3D portrait lighting လို Instagram-worthy selfie ပုံတွေရိုက်ဖို့ Tools အစုံကို ထည့်ပေးထားပါတယ်။

Chipset ပိုင်းမှာဆိုရင် Huawei ရဲ့ Flagship P30 ဖုန်းတွေမှာပဲ အသုံးပြုတဲ့ Kirin 980 ကိုထည့်သွင်းပေးထားပြီး RAM 6GB, Internal 128GB ထိပါ၀င်ပါတယ်။ Flagship Chipset အပြင် GPU Turbo စနစ်ပါတဲ့အတွက် Gaming Experience မှာလည်း အဆင်ပြေချောမွတ်စွာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Battery ပိုင်းမှာ 3750mAh ပါ၀င်ပြီး 22.5W Super fast charging ကို ထည့်သွင်းပေးထားပါတယ်။ Charging speed က မီးနစ် ၃၀ ထဲနဲ့ 50% ထိ အားပြည့်တယ်လို့ Huawei က ဆိုထားပါတယ်။ တစ်ချို့ Spec တွေက Flagship ဖုန်းတွေနဲ့ Level တန်းတူဖြစ်သလို တစ်ချို့အပိုင်းတွေက တစ်ဆင့်နိမ့်တယ်လို့ ပြောလို့ရတဲ့ ဒီ Huawei Nova 5T က Flagship ဖုန်းမဟုတ်ပေမဲ့ Sub-Flagship ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။ အားနည်းချက်ကတော့ SD ထည့်လို့မရတာပဲဖြစ်ပါတယ်။

nova 5t