fbpx

This is digital planet.

ArticlesHuawei

Huawei nova 5T: Supernova တစ်ခုလိုတောက်ပသလား

ဒီ Article က ပြည်စုံတဲ့ Review တစ်ခုမဟုတ်သေးပဲ လက်ထဲရှိစဥ် Camera ပိုင်းနဲ့ပက်သက်ပြီး User Experience ရေးသားထားတာဖြစ်ပါတယ်။ မြန်မာငွေ 599000 ကျပ်ရှိပြီး Flagship SoC ပါ၀င်တဲ့ Huawei nova 5T မှာ AI Camera ၅ လုံးကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာ ၄ လုံးပါ၀င်ပြီး Selfie Camera အတွက် ၁ လုံးပါ၀င်ပါတယ်။ ကျောဘက် Camera တွေကိုကြည့်ရမယ်ဆိုရင် (Top to Bottom) ထိပ်ဆုံး Lens က 16MP f/2.2 (Ultra-Wide)၊ ဒုတိယအလုံးက 48MP f/1.8 (Main Lens)၊ တတိယ Lens က 2MP f/2.4 depth sensor နဲ့ နောက်ဆုံး Lens ကတော့ 2MP f/2.4 dedicated macro camera တို့ပဲ ဖြစ်ပါတယ်။ ရှေ့ဘက် Selfie Camera ကတော့ 32MP f/2.0 ကိုတပ်ဆင်ပေးထားပါတယ်။

Main Camera ဖြစ်တဲ့ 48MP ကို Sony Sensor အမျိုးအစားအသုံးပြုထားပြီး Sensor Size က 1/2″ ထိရှိပါတယ်။ 1/2″ ဆိုတာ Sensor Size ကြီးတယ်လို့ပြောလို့ရတဲ့အထဲပါပါတယ်။ Hardware တွေ ခဏထားပြီး အရင်ဆုံး Camera Mode တွေကနေ စလိုက်ရအောင်… Huawei ဆိုတာနဲ့ Flagship ပိုင်းမှာဆိုရင်လည်း Camera နည်းပညာပိုင်းတွေက Hype ဖြစ်တယ်လို့ ထင်ကြသလို Camera App နဲ့ပက်သက်ရင်လည်း Mode တွေအတော်စုံတာကို တွေ့ရမှာပါ။ Camera App ရဲ့ UI/UX ကတော့ ပြောင်းလဲခြင်းမရှိသေးတာကိုတွေ့ရပြီး AI ပိုင်းမှာလည်း အရင်ကထက်သိသိသာသာတိုးတတ်လာတာကို တွေ့ရမှာပါ။

Ultra Wide

Ultra-Wide

nova 5T မှာ Camera ပိုင်းနဲ့ပက်သက်ပြီး အကြိုက်ဆုံးတစ်ချက်ကိုပြောပါဆိုရင် Ultra-Wide ပါ။ ၆ သိန်း၀န်းကျင် ဖုန်းတော်တော်များများမှာ Ultra-Wide Lens ပါပါတယ်။ nova 5T ရဲ့ ultra lens ကို ပထမတော့ အထင်မကြီးခဲ့ဘူး လက်ထဲရောက်ပြီး စမ်းရိုက်ကြည့်တဲ့အခါ တစ်ဖြည်းဖြည်း သဘောကျလာပါ။ Ultra-Wide ဖြစ်ရင်ပြီးရော မြင်နေကြ မြင်ကွင်းထက် ပိုကျယ်ရင်ပြီးရောဆိုတဲ့အတွေးနဲ့ တပ်ဆင်ထားတာမျိုးမဟုတ်ပဲ Pro-grade အနေအထားကို တတ်နိုင်တဲ့အနေအထားလို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Standard Wide(48MP) တစ်ခုထက်တောင် အချို့ပုံတွေမှာ အရမ်းကောင်းတယ်လို့ ခံစားရလို့ပါ။ Ultra-Wide တွေမှာ ဖြစ်တတ်တဲ့ Distortion ပြဿနာလည်း nova 5T မှာမတွေ့ရပါဘူး။ မင်းအကောင်ထက် ငါ့အကောင်က ပို Wide ဖြစ်တယ်ဆိုတဲ့ ကြွားလုံးတွေကိုဖယ်လိုက်ရင် nova 5T မှာ လိုအပ်တဲ့ Wide အနေအထားကိုထည့်ပေးထားပါတယ်။ ဒါကလည်း Distortion ဖြစ်တတ်တဲ့ ပြဿနာကို ပါးနပ်စွာ ဖြေလျော့ထားတာလည်း ဖြစ်နိုင်ပါတယ်။

Ultra Wide

Distortion ပြဿနာက ရိုက်လိုက်တဲ့အခါ Viewing Angle ရဲ့ ထောင့်ချိုးတွေမှာ အချိုးမညီပဲ ကွေးတတ်တာကိုဆိုလိုတာပါ။ ဥပမာပြောရရင် အဆောက်အဦးတွေကို ထောင့်ချိုးနားထားရိုက်တဲ့အခါ မျဥ်းကွေးတွေလို ကွေးသွားတယ် ဝိုက်သွားတယ်။ nova 5T ရဲ့ Ultra မှာတော့ အဲ့လိုမျိုးမဖြစ်တာကိုတွေ့ရပါတယ်။ Wide ဖြစ်တာတော့ 117° အထိ Wide ပါတယ်။ Main Lens နဲ့ Ultra-Wide နဲ့ရိုက်တဲ့ပုံတွေကို ယှဥ်ကြည့်ရင် High Dynamic Range တွေမှာ Ultra-Wide ကပိုကောင်းနေတာကိုတွေ့ရပါတယ်။ ဒါကလည်း 48MP ကို four in one light fusion နည်းနဲ့ရိုက်လို့ 12MP resolution မှာ နည်းနည်းကျသွားတာလို့ ပြောရပါမယ်။ 48MP resolution နဲ့ရိုက်မယ်ဆိုရင်တော့ Detail တွေပိုကောင်းနေတာကိုတွေ့ရမှာပါ။ Image processing ပိုင်းမှာတော့ နည်းနည်းလေးတော့ ကြာပါတယ်။

2x Crop Zoom

Digital Zoom

2x Zoom ကတော့ Tele မပါတဲ့အတွက် 48MP ကိုပဲ Digital Zoom အနေနဲ့ အသုံးပြုရပါတယ်။ 2x Zoom နဲ့ရိုက်တဲ့အခါ Photo Rendering ပိုင်းမှာ နည်းနည်းလေး Process ပိုလုပ်တာကိုတွေ့ရပါတယ်။ 2x Zoom Quality ကတော့ မဆိုးဘူး Rendering ပိုင်း Dynamic ပိုင်း Color တွေကအစ အတော်လေးကြည့်ကောင်းတယ်။ Digital Zoom ဖြစ်တဲ့အတွက် Detail ပိုင်းတွေမှာ နည်းနည်းလေးတော့ ကျသွားပါတယ်။

2x Crop Zoom

Standard Main Lens

Standard Lens (Main Lens)

48MP Lens ကို Main အနေနဲ့အသုံးပြုထားပါတယ်။ ပုံမှန်အတွက် 48MP Mode ကို default မပေးထားပဲ 12MP ကိုသာ အသုံးပြုရမှာပါ။ Pixel Binning နည်းပညာဖြစ်လို့ 12MP size ထိ ပြန်ချုံပါတယ်။ 48MP နဲ့ 12MP ကိုယှဥ်ရိုက်ကြည့်တယ် SoC က နိုင်နင်းလို့လားမသိ 48MP ရဲ့ Image Processing က ပိုလှသလိုခံစားရပါတယ်။ 12MP က 4 ခု ၁ ခုစာပေါင်းဆိုတော့ Detail လျော့သွားပြီး Pixel တွေ ထုံသွားသလို ဖြစ်သွားတယ်။ ရိုက်တာကြာချိန်နဲ့ပြန်တွက်ရင် 48MP ကို ကျွန်တော်ပို Recommend ပေးချင်ပါတယ်။ 48MP က Resolution အကြီးဖြစ်လို့ရိုက်တာနဲ့ Image Processing ပိုင်း ၂ စက္ကန့်လောက် အချိန်ယူတယ်ဆိုရင် 12MP Mode မှာလည်း Pixel Binning အတွက် ၂ စက္ကန့်လောက် အချိန်ယူနေပါပြီ အချိန်ယူတာချင်းတူညီနေတဲ့အတွက် ပိုကောင်းတဲ့ 48MP နဲ့ပဲ ကျွန်တော် ရိုက်ကူးတော့မယ်။ အကြောင်းက 48MP mode မှာ ပိုကောင်းတဲ့ Quality ကိုရဖို့ Flagship SoC က Image Processing ပိုင်းနိုင်နင်းနေလို့ဖြစ်ပါတယ်။

48MP မှာပဲ AI Ultra Clarity Mode ဆိုပြီးပါ၀င်ပါသေးတယ်။ Sharpness တွေကို ပိုကြွလာအောင် လုပ်ပေးထားတဲ့ Mode ပဲဖြစ်ပါတယ်။ ရိုက်ကူးချိန်မှာတော့ Normal 48MP Mode နဲ့ 12MP Mode တို့ထက် ပိုကြာပါတယ်။ Sharpness တွေ ပိုကောင်းလာပေမဲ့ စာရေးသူတွေ မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ 48MP Mode လောက် Natural မဆန်ပဲ Artificial အရမ်းဆန်နေသလို ဖြစ်နေလို့ပါ။ 48MP Mode မှာတော့ 12MP Mode လို့ 2x Zoom ဆွဲတာတွေ Ultra-Wide ပြောင်းတာတွေကို တော့ အလွယ်တကူလုပ်လို့မရပါဘူး။

Depth of field mode

Depth of field (သို့) Blur Effect နဲ့ရိုက်ချင်တဲ့သူတွေအတွက် Huawei ဖုန်းတွေမှာ Mode ၂ ခုရှိပါတယ်။ Portrait Mode နဲ့ Aperture Mode ပါ။ AI function ကိုဖွင့်ထားရင် Auto Mode မှာ လူကိုရိုက်မယ်ဆိုတာ သိတာနဲ့ Portrait Mode နဲ့ ချိန်းပေးပါတယ် ဒီအချက်လေးကတော့ မဆိုးဘူး smart ဖြစ်တယ်လို့ပြောရမှာပါ။ 2MP Depth sensor ပါတဲ့အတွက် တိုးတတ်လာတယ်လို့ပြောရမယ်။ Edge detection တွေပိုင်းမှာ flagship နီးပါးလောက်ကောင်းလာပါတယ်။ ဆံပင်တွေ၊ object အတွင်းနေရာတွေကအစ သိနေတာလေးက မိုက်လာပြီလို့ ပြောရမယ်။ Portrait Mode က လူသီးသန့်အတွက်ဖြစ်ပြီး Aperture ကတော့ အရာ၀တ္ထုတွေအတွက်ပါ ရိုက်ကူးနိုင်ဖို့ပဲဖြစ်ပါတယ်။

Macro Shot

Macro Shot

Object ကို 4 cm အထိ တိုးကပ်ပြီးရိုက်ကူးနိုင်ပါတယ်။ အရမ်းကောင်းတဲ့ အနေအထားတစ်ခုကို မျှော်လင့်လို့မရပေမဲ့ အသုံး၀င်အောင်တော့ ရိုက်လို့ရပါတယ်။ မရိုက်တတ်ရင်လည်း 2x Digital (or Tele) Zoom ဆွဲပြီး အကြပ်ရိုက်ပါ။

Selfie

Selfie Camera အတွက် 32MP f/2.0 Lens ကိုတပ်ပေးထားပါတယ်။ Selfie အတွက်လည်း 20MP ၊1:1 24MP နဲ့ 4:3 32MP တို့ဆိုပြီး ၃ မျိုးရိုက်ကူးလို့ရပါတယ်။ အဲ့အထဲမှာမှ နည်းနည်း Wide ပိုဖြစ်တာမျိုးရိုက်ချင်တယ်ဆိုရင် 4:3 32MP နဲ့ရိုက်တာပိုကောင်းပါလိမ့်မယ် 20MP က Full Screen Mode ပဲဖြစ်ပါတယ်။ 1:1 Instagram အထာမျိုးရိုက်ချင်တယ်ဆိုရင်တော့ 24MP နဲ့ရိုက်ကူးရမှာဖြစ်ပါတယ်။ ပုံ Quality အနေနဲ့ ဘယ်လိုလဲဆိုရင် Sharpness တွေက အတော် Strong ဖြစ်တယ်။ Hand Shaking တော့ ဖြစ်လို့မရဘူး နည်းနည်းလေး ဖြစ်ရင် Blur တာမျိုးလေး ဖြစ်တတ်တယ်။ Beauty Level ထည့်ရိုက်ရင် ပုံက Retouching ကိုင်စရာမလိုလောက်အောင် Skin tone လေး ညက်နေတာမျိုးရှိတယ်။ ဒါမဲ့ Artificial Retouching ဖြစ်နေတာမျိုးပေါ့…

Video

Video ပိုင်း နဲ့ Photo ပိုင်း ဆက်စပ်တွေးကြည့်လိုက်တော့ Photo ပိုင်းကို အားမရဖြစ်သွားလိမ့်မယ်။ ဆိုလိုတာက Video ပိုင်းအရမ်းကောင်းနေလို့မဟုတ်ဘူး Video ပိုင်းမှာ ပါတဲ့ Function တစ်ခုကို Photo ရိုက်ကူးရေးဘက်မှာ လိုချင်သွားတာ။ အဲ့ဒါက EIS ပါ။ အကယ်လို့ EIS မဟုတ်ပဲ Huawei နည်းပညာဖြစ်တဲ့ Artificial Intelligence Image Stabilization တို့ Photo ရိုက်ကူးမှုအတွက် ပါ၀င်လာမယ်ဆိုရင် အတော်လေးကောင်း ပုံတွေထွက်ဖို့ အထောက်အကူပြုမှာပါ။ Upper Mid Range ဖုန်းဖြစ်ပေမဲ့ EIS ပါ၀င်တာက အတော်ငြိမ်တာကိုတွေ့ကိုရတယ်။ 4K 30fps အထိရိုက်ကူးနိုင်ပြီး1080p ကို 60fps/30fps ကိုပါ ရိုက်ကူးနိုင်ပါတယ်။ Video ရိုက်ကူးတာ ဝါသနာပါတဲ့သူတွေကို Recommend ပေးချင်တာက 1080p ကို 60fps နဲ့ရိုက်တာ အကောင်းဆုံး အရမ်းလည်း ငြိမ်သလို frame ခုန်သွားတာမျိုးသိပ်မရှိတော့ Smooth ဖြစ်တဲ့ Video ကောင်းတစ်ခုကို ရမှာဖြစ်ပါတယ်။ 4K 30fps တို့တို့မှာ နည်းနည်းလေး motion blur လေး ဖြစ်တတ်ပါတယ်။

Selfie Video ပိုင်းမှာတော့ EIS ပါ၀င်ပြီး ငြိမ်အောင်လုပ်လိုက်တဲ့အတွက် Viewing Angle က နည်းနည်းလေး Crop ဖြစ်သွားပါတယ်။ အကြပ်ရိုက်ရတာကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။ အရမ်းကြပ်နေသလိုခံစားရတဲ့အတွက် လူအများကြီးထည့်ပြီး Selfie Video ရိုက်လို့မရပါဘူး။ ပြီးတော့ EIS ကလည်း ကျောဘက် Camera တွေလောက် မငြိမ်ပါဘူး။ Resolution အနေနဲ့ 1080p နဲ့ရိုက်ကူးနိုင်မှာပါ။

Conclusion

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက nova 5T နဲ့ Camera Setup ပိုင်းက Upper Mid Range ထဲမှာ ကောင်းတဲ့ Setup လို့ပြောလို့ရပြီး ပြည့်စုံတဲ့ Setup မျိုးတော့မဟုတ်သေးပါ အထူးသဖြင့် Tele Lens သာ ပါ၀င်လာခဲ့ရင် ပိုကောင်းတဲ့ Optical Zoom ကိုရရှိမှာဖြစ်ပါတယ်။ အားသာချက်က Flagship SoC ဖြစ်တဲ့ Kirin 980 ကိုအသုံးပြုထားတဲ့အတွက် Image Processing နဲ့ Rendering ပိုင်းမှာ Mid Range SoC သုံးထားတဲ့ ကောင်တွေထက်ပိုကောင်း သလို Ultra-Wide Shot တွေကလဲ မိုက်တယ်ဆိုတဲ့ အနေအထားကိုရရှိမှာဖြစ်ပါတယ် အားနည်းချက်ကတော့ OIS နဲ့ Tele Lens မပါတာပဲဖြစ်ပါတယ်။