fbpx

This is digital planet.

HonorHuaweiTech News

Huawei Nova 6 5G ကို December မှာ မိတ်ဆက်လာနိုင်

အခုလက်ရှိ Huawei ရဲ့ Kirin 990 Chipset ဟာ ဈေးကွက်ထဲမှာ တစ်ခုတည်းသော 5G flagship chipset ပဲဖြစ်ပါတယ်။ Samsung ဟာလည်း 5G flagship SoC Exynos 990 ကို 23(10, 2019) ရက်နေ့ အစောပိုင်းတုန်းက တရား၀င်မိတ်ဆက်ခဲ့ပြီး နောက်နှစ် Galaxy S11 series မှာ ပထမဆုံးတွေ့လာရနိုင်ပါတယ်။ Kirin 990 ရဲ့ 5G ဟာ Qualcomm ရဲ့ Snapdragon 865 နဲ့ အဓိက ယှဉ်ပြိုင်လာမှာပါ။ Qualcomm ရဲ့ Snapdragon 865 ဟာလည်း December လမှာ တရား၀င် မိတ်ဆက်လာဖို့ရှိနေပါတယ်။ နှစ်ကုန်ဖို့ လအနည်းငယ်ကျန်နေချိန်မှာ Huawei ဟာ 5G flagship phones တစ်စုံကို သူတို့ရဲ့ပြိုင်ဘက်တွေမထုတ်ခင်မှာ ထုတ်ဖို့ရှိနေတယ်လို့သိရပါတယ်။ အခုရရှိထားတဲ့ သတင်းအရ Huawei Nova 6 5G ကိုပြုလုပ်နေတယ်လို့ သိရပါတယ်။

Model နံပါတ် WLZ-AN00 ရှိတဲ့ Huawei က 5G ဖုန်းအသစ်ဟာ တရုတ်စက်မှု၀န်ကြီးဌာန နဲ့ သတင်းအချက်အလက်နည်းပညာတို့ရဲ့ အချက်အလက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ဖုန်းဟာ Waltz ဆိုပြီး Codename ဖြစ်လာနိုင်ပါတယ်။ စာရင်းတွေအရ ဖုန်းရဲ့အချက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် Nova 6 ဟာ 5G ဖုန်းဆိုတာကိုတော့ အတည်ပြုထားပြီး Kirin 990 5G Chipset ကိုအသုံးပြုလာမှာဖြစ်ပါတယ်။

Huawei ဟာ Honor V30 5G ဖုန်းကို မိတ်ဆက်ဖို့ရှိနေပါသေးတယ်။ Nova 4 ဟာ အရင်နှစ် December မှာ တရား၀င်မိတ်ဆက်ခဲ့တာမလို့ Nova 6 ဟာလည်း ဒီနှစ်အကုန်လောက်မှာ ‌ထွက်လာနိုင်ပါတယ်။ WLZ-TL10, WLZ-TL00, WLZ-AL10, WLZ-AL00, WLZ-L29, WLZ-LX2 နဲ့ များစွာသော ဖုန်းရဲ့ အမျိုးအစားတွေဟာ Bluetooth SIG ရဲ့ အချက်အလက်ထဲမှာ ထွက်ပေါ်လာပြီးသားပါ။ Bluetooth Certification မှာထွက်ပေါ်လာသော်လည်း ဖုန်းရဲ့ အချက်တွေတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း Nova 6 ဟာ 5G မပါတဲ့ Edition အနေနဲ့ ရလာဦးမှာပါ။ ဆိုလိုတာက Nova 6 Model မှာတင် 5G ပါတဲ့ Model နဲ့ မပါတဲ့ Model ဆိုပြီး ၂ မျိုးထုတ်လုပ်နိုင်ပါတယ်။

နောက်ထပ် ဆက်စပ်တဲ့သတင်းအနေနဲ့ Honor President George Zhao ဟာ မကြာခင်ထွက်ရှိလာမယ့် Honor V30 မှာ 5G အတွက် Non-Stand Alone (NSA) နဲ့ Stand Alone (SA) modes တွေကို ထောက်ပံ့လာမယ်လို့ ဖော်ပြထားပါတယ်။ Honor V30 ရဲ့ အချက်တွေဟာလည်း Leaks တွေကြောင့် ပေါ်ထွက်လာပြီး ဖြစ်ပါတယ်။ Honor V30 နဲ့ Honor V30 Pro ဆိုပြီး Model နှစ်မျိုးရှိလာမယ်လို့ မှန်းဆထားကြပါတယ်။

ကောလဟာတွေအရ Honor V30 Pro မှာ Selfie Cameras နှစ်လုံးအတွက် မြုပ်ထားတဲ့ punch-hole နဲ့အတူ OLED 90Hz display ပါ၀င်လာနိုင်ပါတယ်။ 60-megapixel quad camera ပါ၀င်လာနိုင်ပြီး 4,200mAh battery နဲ့အတူ 40W SuperCharge technology အပြင် 15W Wireless Charging ကိုပါ ထောက်ပံ့ပေးလာမှာပါ။ Honor V30 ကတော့ Selfie Camera တစ်ခုအတွက် punch hole နဲ့အတူ IPS LCD display ကိုသုံးလာမှာပါ။ Kirin 990 ရဲ့ 5G မပါ၀င်တဲ့ Edition ကို V30 မှာသုံးလာနိုင်ပါတယ်။ ဖုန်းမှာ 60-megapixel triple camera system ကိုသုံးလာနိုင်ပါတယ်။ V30 အတွက် ဖုန်းမှာ 4,000mAh battery ပါ၀င်လာမှာဖြစ်ပြီး 22.5W SuperCharge technology ကို ထောက်ပံ့လာမှာပါ။ သူ့မှာတော့ wireless charging ကိုထောက်ပံ့လာမှာမဟုတ်ပါဘူး။ Honor V30 နဲ့ V30 Pro တို့ဟာ တရုတ်မှာ 3,000 Yuan (~$424) မြန်မာငွေ ၆သိန်းခွဲထက် ပိုများလာနိုင်ပါတယ်။

Ref: Gizmochina