fbpx

This is digital planet.

HuaweiTech News

Huawei Nova 6 5G ရဲ့ တရား၀င်ကြော်ငြာ Video ‌ထွက်ပေါ်လာ

Honor အနေနဲ့ V30 Series ကိုမိတ်ဆက်ဖို့ ပြင်ဆင်နေသလို Huawei ဟာလည်း Nova 6 5G ကိုမိတ်ဆက်ရန်ပြုလုပ်နေပါတယ်။ ဖုန်းနဲ့ပက်သက်ပြီး ပေါက်ကြားမှုတွေ ထွက်ထားသော်လည်း Huawei က တရား၀င်အတည်ပြုထားခြင်းမရှိပါဘူး။

Huawei ရဲ့ တရား၀င် Weibo Account မှာ Nova 6 5G ဟာမကြာခင်မှာထွက်ရှိလာတော့မယ့် အကြောင်းကို ဖော်ပြထားတဲ့ ကြော်ငြာ Video ကို တင်ခဲ့ပါတယ်။ Video မှာ ဖုန်းရှေ့ပိုင်းကို သေချာပြထားပေးပြီး ဖုန်းမှာ Cameras နှစ်လုံးပါ၀င်တဲ့ Punch-Hole Display ပါ၀င်ပါတယ်။

Huawei Nova 6 5G

Nova 6 ရဲ့ Punch-Hole ဟာ Samsung ရဲ့ Galaxy S10+ လို ညာဘက်မှာမဟုတ်ပဲ ဘယ်ဘက်မှာပါရှိပါတယ်။ Chin အနည်းငယ်ရှိသေးတာမလို့ Bezels တွေအားလုံး ပျောက်မသွားသေးပါဘူး။ ဖုန်းရဲ့ Volume ခလုတ်ကို ဖုန်းရဲ့ညာဘက်မှာတွေရပြီး ထားပါတယ်။ ဖုန်းရဲ့ Volume ခလုတ်ကို ဖုန်းရဲ့ညာဘက်မှာတွေရပြီး အဲ့အောက်မှာအဲ့အောက်မှာ side mounted fingerprint scanner/power button ကိုတွေ့ရမှာပါ။

Video အဆုံးမှာ Nova 6 5G ဟာ 105° super wide-angle selfie ရိုက်နိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယ selfie camera အကြောင်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

အစောပိုင်း Leaks တွေအရ Huawei Nova 6 5G မှာ 90Hz refresh rate ရမယ့် LCD display ပါ၀င် လာမယ်လို့ ဖော်ပြထားပါတယ်။ ဖုန်းဟာ Kirin 990 processor ကိုသုံးလာနိုင်ပြီး 4000mAh Battery မှာ 40W SuperCharge fast charging ကို ထောက်ပံ့လာမှာပါ။ Front-facing cameras နှစ်လုံးဟာ 32MP +12MP combo ပါ၀င်လာနိုင်ပြီး နောက်ဘက်မှာတော့ 60MP + 16MP + 2MP + 2MP quad cameras ပါ၀င်လာမယ်လို့ ဆိုထားပါတယ်။ Nova 6 5G ဟာ December 5 မှာတရား၀င်ထွက်ရှိလာတော့မှာပါ။

Ref : Gizmochina