This is digital planet.

HuaweiSamsungTech News

Samsung ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း တင်ပို့သူ ဖြစ်လာတဲ့ HUAWEI

2020 ဟာ တကယ်တမ်းတော့ စမတ်ဖုန်းနဲ့ PC တင်ပို့ ရောင်းချနေသူတွေ အခက်တွေ့ ၊ စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ရတဲ့နှစ်လို့ ပြောရမှာပါ။ ကုမ္ပဏီတွေအနေနဲ့ အသစ်အသစ်သော နည်းပညာတွေ ၊ ထုတ်ကုန်သစ်တွေနဲ့ စျေးကွက်ဦးဖို့ ပြင်ဆင်နေခဲ့တာပါ။

ဒါကလည်း ရှောင်လွဲလို့မရတဲ့ ကြမ္မာလို့ ပြောရသလို ပထမနှစ်ဝက် (ဇန္နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်) ၊ ဒုတိယနှစ်ဝက် (ဧပြီ ၊ မေ ၊ ဇွန်) သုံးသပ်ချက်တွေအရ ဝင်ငွေလျော့နည်းမှု ၊ အရှုံးပေါ်မှု အစရှိတဲ့ စီးပွားရေး အကျိုးဆက်တွေကို ကမ္ဘာတဝှမ်းက ကုမ္ပဏီတွေ ခံစားနေရတာပါ။

ဒီတော့ စာဖတ်သူတွေ အနေနဲ့ သိထားနိုင်တာ ကပ်ကာလမှာ စမတ်ဖုန်း တင်ပို့ရောင်းချမှု ပမာဏက 2019 ထက် ပိုနည်းမယ်၊ ဝင်ငွေလည်း ပိုနည်းမယ်။ အကြောင်းပြချက်ကိုလည်း မြင်ထားပြီဖြစ်တဲ့အတွက် Samsung ကို ပထမဆုံး အကြိမ် ကျော်တက်နိုင်တာ အံ့အားသင့်စရာလို့ ပြောရမှာပါ။

Rise of HUAWEI

ဘာလို့လဲဆိုတော့ HUAWEI ဟာ အမေရိကန် အစိုးရ ပိတ်ပင်မှုတွေကို 2019 မေလကတည်းက ရင်ဆိုင်နေတာမလို့ပါ။

အဓိကအားဖြင့် Google Services သုံးစွဲခွင့်မရတာ အကြီးမားဆုံး ထိုးနှက်ချက်တစ်ခုဖြစ်ပြီး အဆိုပါ ဖိနှိပ်မှုတွေက အမေရိကန်နဲ့ တရုတ်နိုင်ငံတွေကို ကုန်သွယ်စစ်မီး လောင်ကျွမ်းစေဖို့ ခွန်အားပေးခဲ့တာလို့ ဆိုရဦးမှာပါ။

HUAWEI 5G P40 Series

Image: HUAWEI

ဒီလို ကျပ်တဥ်းတဲ့ အခြေနေမျိုးမှာ Mate 30 Series ၊ P40 Series အစရှိတဲ့ ထုတ်ကုန်တွေ အစဥ်လာမပျက် မိတ်ဆက်ခဲ့သလို နည်းပညာပိုင်းမှာ ဦးဆောင်နေတဲ့ ထုတ်ကုန်တွေအဖြစ် HUAWEI မိတ်ဆက်နိုင်ခဲ့တာပါ။

Key Player in China

ပြောရင်တော့ စမတ်ဖုန်း တင်ပို့ရောင်းချမှုက အဆိုပါ အကြောင်းရာနဲ့ သက်ဆိုင်သလို အမာခံ စျေးကွက်ရှိနေတဲ့ အင်အားကြောင့် နည်းပညာမြင့် HUAWEI စမတ်ဖုန်းတွေကို နှစ်နှစ်ခြိုက်ခြိုက် အားပေးကျတယ်။

Google Services မပါလင့်ကစား 3rd Party နဲ့ ပူးပေါင်းပြီး HUAWEI Mobile Service ၊ AppGallery နဲ့ Petal Search လို User Experience ပိုင်း အထောက်ကူဖြစ်စေမယ့် ဝန်ဆောင်မှုနဲ့ပါ စွမ်းဆောင်ထားလည်း အကြုံးဝင်ပါတယ်။

ကျွမ်းကျင်သူ Canalys ထုတ်ပြန်ချက်အရ 2020 ပထမနှစ်ဝက်တစ်နှစ်လုံး HUAWEI ဦးဆောင်နေခဲ့ပြီး အစဥ်ဆက် စမတ်ဖုန်း တင်ပို့သူဖြစ်နေတဲ့ Samsung ကို ပထမဆုံး အကြိမ် ကျော်တက်လိုက်တာပါ။

Overtakes Samsung

သို့ပေမယ့် မည်သည့်အချိန်ခါထိ ဦးဆောင်နိုင်မလဲ အတိကျ ပြောဆိုထားတာမျိုး မရှိပေမယ့် Pandemic နဲ့လည်း သက်ဆိုင်နေတယ် ဆိုထားပါတယ်။

Canalys Reports အရ စမတ်ဖုန်း အလုံးရေ 55.8 သန်း တင်ပို့နိုင်ခဲ့ပြီး အဆိုပါ ပမာဏဟာ 2019 ထက် 5% လျော့နည်းခဲ့တာပါ။

Samsung and HUAWEI 2020 shipment Data

Image: Canalys

Samsung အနေနဲ့ အလုံးရေ 53.7 သန်း ရောင်းချနိုင်ခဲ့ပြီး HUAWEI စမတ်ဖုန်းတွေရဲ့ 70% လောက်ဟာ တရုတ်တစ်နိုင်ငံထဲ ရောင်းချရတဲ့ အရေတွက် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အမာခံ ပရိသတ် အခိုင်မာရှိထားတဲ့ တရုတ်ဟာ စျေးကွက်ခိုင်စေတယ်လို့ ပြောရသလို အဆိုပါ နေရာဒေဟာ COVID-19 ကူးစက်မှုဒဏ် အလူးလိမ့်မခံရတဲ့ နေရာလည်း ဖြစ်နေပါတယ်။

Pandemic Advantages

Samsung ပိုင်ဆိုင်တဲ့ စျေးကွက် အနေထား (ဥရောပ) နဲ့ ယှဥ်ရင် တရုတ်စျေးကွက်ဆိုတာ ငုပ်စိပမာဏလောက်ပဲ ပိုင်ဆိုင်မှု ရှိတာနဲ့လည်း သက်ဆိုင်တယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒါကြောင့် Canalys ရဲ့ Senior Analyst ဖြစ်သူ Ben Stanton ဆိုသူက COVID-19 ကြောင့်သာ မဟုတ်ရင် ခုလို အခြေနေမျိုး ရောက်လာမှာ မဟုတ်ပါဘူး၊

Samsung and HUAWEI 2020 shipment Data

Image: Canalys

HUAWEI အနေနဲ့ အခွင့်ရေးကို အမိရ အသုံးချနိုင်လိုက်သူ တရုတ်စီးပွားရေး ကျဆင်းမှု မရှိတဲ့ အချိန်မှာ စမတ်ဖုန်း လုပ်ငန်းစု ကြီးထွားအောင် ဆောင်ရွက်နိုင်တာလို့ ဆိုထားပါတယ်။

အလားတူ HUAWEI ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ကျွန်တော်တို့ရဲ့ လုပ်ငန်းဟာ အခက်ခဲ ကြုံတွေ့နေရတဲ့ ကာလတွေမှာတောင် ဘယ်လောက် စွမ်းဆောင်နိုင်တယ်လို့ သရုပ်ပြခဲ့ပြီ ဆိုပြီး The Verge ကို ပြောဆိုခဲ့ပါတယ်။

အခုလို အချက်လက်တွေ ထောက်ချင့်လိုက်ရင် HUAWEI အနေနဲ့ ဘယ်လိုပဲ ထုတ်ကုန်ကောင်းတွေ ထုတ်လုပ်ပါစေ တရုတ်ပြင်ပမှာ ရောင်းချဖို့ လွယ်ကူတဲ့ အနေထားမျိုး ရှိမနေပါဘူး။ အထူးသဖြင့် အမေရိကန် အစိုးရ ဖိနှိပ်မှုတွေက ဘောင်ကျဥ်းသွားစေတဲ့အတွက်ကြောင့်ပါ။

World’s Largest Smartphone Vendor

ဒါကြောင့်လည်း နံပါတ် (၁) နေရာကို ဆက်ထိန်းထားနိုင်မယ်လို့ တပ်အပ် မပြောနိုင်သလို Samsung အနေနဲ့လည်း ပြန်လည်သိမ်းပိုက်ဖို့ မကြာခင် ထွက်ရှိလာမယ့် Galaxy Note20 စီးရီးနဲ့ တခြားသော ထုတ်ကုန်တွေနဲ့ ကောင်းမွန်တဲ့ ရောင်းချမှုကို ထိန်းသိမ်းသွားမယ်လို့တော့ ချေပထားပါတယ်။

Galaxy Note20 Ultra Black

Image: NotebookCheck

မည်သိုပင် ဆိုစေကာမူ အမေရိကန် ဘယ်လိုပဲ ဖိနှိပ်၊ ဖိနှိပ် တရုတ်အစိုးရ ကာကွယ်မှု အောက်မှာ ရှိနေသလို ၁ နှစ်တာကလအတွင်း ပိတ်ဆို့မှု ရလာဒ်တွေက ကုမ္ပဏီက ထိရောက်မှု မရှိတာ အခုလို ရောင်းအားကောင်း Samsung ကို ကျော်တက်ပစ်တာနဲ့တင် ထင်ရှားနေပါပြီ။

Source: The VergeCanalys