fbpx

This is digital planet.

HuaweiTech News

Huawei P30 Lite (Nova 4e) ရဲ့ Spec တချို့ TENAA မှာပေါ်ထွက်လာ

Huawei အနေနဲ့ P30 series ကို March 26 ရက်နေ့မှာမိတ်ဆက်ပေးမယ်လို့မကြာခင်က အတည်ပြုပေးခဲ့ပါတယ်။ အဆိုပါ P30 series မှာတော့ P30 Lite , P30 နဲ့ P30 Pro တို့ပါဝင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Huawei P30 series ရဲ့ Lite version ဖြစ်တဲ့ P30 Lite ရဲ့ Spec တချို့ဟာ TENAA မှာထွက်ပေါ်လာခဲ့ပါတယ်။ P30 Lite ရဲ့ Model number ဟာ MAR-TL00 လို့သိရပြီး 6.15-inches ရှိတဲ့ display ပါဝင်လာမှာဖြစ်ကာ water-drop notch လည်းပါဝင်လာမယ်လို့လည်းအရင်ကထုတ်ပြန်ထားဖူးပါတယ်။

P30 Lite ရဲ့အရွယ်အစားကတော့ 152.9 x 72.7 x 7.4 mm ရှိပြီး အရင် model ထက်ပိုမိုပါလွှားလာနေပါတယ်။ ဘက်ထရီ အနေနဲ့ 3240 mAh ပါဝင်မယ်လို့လည်းသိရပါတယ်။ P20 Lite ကိုတော့ တရုတ်ဈေးကွက်မှာ စတင်ထွက်ရှိစဉ်က Nova 3e လို့မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အခုထွက်ရှိမယ့် P30 Lite ကိုလည်း Nova 4e ဆိုပြီးမိတ်ဆက်ပေးလာဖွယ်လည်းရှိပါတယ်။ သတင်းတွေအရကျောဘက် ကင်မရာ ၃ လုံးပါဝင်လာမယ်လို့သိရကာ fingerprint scanner ကိုလည်းကျောဘက်မှာပဲတပ်ဆင်ထားမှာဖြစ်ပြီး Andriod 9 Pie အခြေပြုထားတဲ့ EMUI နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။

Ref: Gizmochina