fbpx

This is digital planet.

HuaweiTech News

Mate 30 Pro ရဲ့ Spec များထွက်ရှိလာပြီး အောက်တိုဘာလကုန်လောက်မှမိတ်ဆက်ပေးဖွယ်ရှိနေ

မကြာသေးခင်က ဈေးကွက်ပေါ်ရောက်ရှိလာခဲ့တဲ့ P30 Series အပြီးမှာတော့ Huawei ရဲ့ နောက်ထပ် အာရုံစိုက်ရမည် Flagship ကတော့ Mate 30 series ပါ။ Huawei အနေနဲ့ အရင် Mate 20 series ကို ပြီးခဲ့တဲ့ October လ မှာမိတ်ဆက်ပေးခဲ့တာဖြစ်တာကြောင့် လာမဲ့ Mate 30 ကိုလည်း October မှာပဲ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ သို့သော်လည်း ထွက်ရှိဖို့ ၄ လကျော်လောက် လိုသေးသော်လည်း အဆိုပါ Mate 30 series မှာပါဝင်မဲ့ Powerful အဖြစ်ဆုံး Pro version မှာပါဝင်မဲ့ Spec အတော်များများကတော့ ထွက်ရှိလာပြီးဖြစ်ပါတယ်။

Photo Credit: Gizmochina

အခုထွက်ရှိလာတဲ့သတင်းတွေကတော့ Huawei ရဲ့ စမတ်ဖုန်းထုတ်လုပ်ရေးအပိုင်းကနေ ထွက်ရှိလာတာဖြစ်ပြီး Huawei အေိနဲ့ ဒီဖုန်းမှာ EVC manufacturing processor 7nm Kirin 985 Chipset နဲ့မောင်းနှင်မယ်လို့သိရပါတယ်။ ဒီ SoC မှာတော့ 5G connectivity လည်းထောက်ပံ့ပေးထားမယ်လို့သိရပြီး Huawei ရဲ့ ကိုယ်ပိုင် Balong 5000 5G modem ကိုအသုံးပြုထားမှာဖြစ်ပါတယ်။

Photo credit: Gizmochina

Mate 20 Pro မှာ 6.39-inch OLED display ကိုသုံးပေးထားပေးမဲ့ အခုလာမဲ့ Mate 30 Pro မှာတော့ 6.71-inch BOE က ထောက်ပံ့ပေးထားတဲ့ OLED Screen ကိုသုံးလာမယ်လို့ဆိုပါတယ်။ ခန့်မှန်းချက်တွေအရ မျက်နာပြင် ၄ ဖက်လုံးမှာရှိတဲ့ ဘောင်တွေကို ကွေးထားမယ်လို့လည်းသိရပါတယ်။ Huawei အနေနဲ့ ဒီဖုန်းမှာတော့ Notch ထည့်သွင်းပေးလာမှာမဟုတ်ပဲ အခု Trend ဖြစ်နေတဲ့ Punch-Hole ကို အသုံးပြုလာနိုင်ပါတယ်။ ဒါအပြင် Mate 20 Pro မှာ ပါခဲ့တဲ့ 3D face unlock ပါဝင်ဖို့မသေချာပဲပေးမဲ့ ဒီ Mate 30 Pro မှာတော့ In-display fingerprint ကိုသုံးလာမှာတော့ အသေအချာပါပဲ။

Leica နဲ့ပူးပေါင်းပြီးနောက် ကြောက်မက်ဖွယ် တိုးတက်လာတဲ့ Huawei ရဲ့ ကင်မရာပိုင်း စွမ်းဆောင်ရည်တွေကို P30 Pro မှာ အသေအချာမြင်တွေ့လိုက်ရပြီးနောက်မှာတော့ Huawei အနေနဲ့ လာမဲ့ Mate 30 Pro မှာလည်း ဘယ်လို့ဆန်းသစ်တဲ့ ကင်မရာစွမ်းဆောင်ရည်တွေကို ထည့်သွင်းလာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီ Mate 30 Pro မှာပါဝင်မဲ့ ကျောဘက်ကင်မရာအရေအတွက်ကိုတော့ စုစုပေါင်း ၄ လုံး ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးခင်က ထွက်ရှိလာတဲ့ P30 Pro ရဲ့ ကျောဘက်ကင်မရာ ၄ လုံးကတော့ 40MP Primary Sensor ၊ 20MP Ultra Wide Angle ၊ 8MP Periscope အပြင် 3D ToF sensor ကိုထည့်သွင်းပေးထားဖြစ်ပါတယ်။ ဒါကြောင့် Mate 30 Pro မှာလည်း အဆိုပါ ကင်မရာ stepup အတိုင်းထွက်ရှိလာနိုင်ခြေရှိပါတယ်။

Mate 30 Pro မှာ ဘက်ထရီအနေနဲ့ 4200 mAh ပါဝင်မယ်လို့သိရပြီး 55W SuperCharge Technology နဲ့ထောက်ပံ့ပေးမယ်လို့ဆိုပါတယ်။ ဒါအပြင့် Wireless Charging လည်းပါဝင်လာမယ်လို့သိရပြီး 10W Charging ကိုလည်းထောက်ပံ့ပေးလာပါမယ်။ အခုအချိန်မှာတော့ ဒါဟာ ကာလဟာလာ အဆင့်လောက်သာရှိသေးပြီး နောက်လာမဲ့ အချိန်ကာလတွေလောက်မှာမှ ဒီဖုန်းနဲ့ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံမြင်တွေ့ရဖို့ရှိနေပါတယ်။ Huawei အနေနဲ့ Mate 30 Pro ကို လာမဲ့ အောက်တိုဘာလ နှောင်းပိုင်းလောက်မှာ မိတ်ဆက်ပေးလာဖွယ်ရှိပါတယ်။

Ref: Gizmochina