fbpx

This is digital planet.

HuaweiTech News


Zawgyi





Unicode

Huawei P30 Pro မှာ Water-drop Notch နဲ့ ကျောဘက် ကင်မရာ ၄ လုံး တို့ပါဝင်လာဖွယ်ရှိ

အရင်ကထွက်ရှိခဲ့တဲ့ သတင်းတွေ အရ တော့ Huawei P30 Pro ဟာ နောက်နှစ် ၂၀၁၉ ပထမ အပတ်လောက်မှာထွက်ရှိမယ်လို့သိရပြီး ကျောဘက် ကင်မရာ ၄ လုံးတပ်ဆင်ထားမယ်လို့လည်းသိရပါတယ်။ အချို့သော ကောလဟာလ တွေအရ Huawei ဟာ ဒီ P30 Pro မှာ အခုလက်ရှိခေတ်စားနေတဲ့ In-Screen Camera Hole Design ကိုအသုံးပြုမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေးမဲ့ လက်ရှိ Tipster တစ်ဦးဖြစ်တဲ့ Ice Universe က ပေါ်ထွက်လာတဲ့ သတင်းတွေအရ P30 Pro ကို Water-drop Notch နဲ့လာမယ်လို့သိရပါတယ်။

Huawei အနေနဲ့ In-screen camera hole design ပါဝင်တဲ့ Nova 4 နဲ့ Honor V20 Flagship တို့ကို ဒီဇင်ဘာ ၁၇ နဲ့ ဒီဇင်ဘာ ၂၆ တို့မှာအသီးသီးမိတ်ဆက်မှာဖြစ်ပါတယ်။ Leakster ရဲ့အဆိုအရ P30 Pro မှာပါဝင်တဲ့ Display ကို တရုတ် BOE display maker ( ဒါမှမဟုတ် ) LG မှာထုတ်လုပ်ပေးမှာဖြစ်တယ်လို့လည်းသိရပြီး Screen ထုတ်လုပ်သူတွေထံမှ ထွက်ပေါ်လာတဲ့ ပုံမှာတော့ Huawei P30 Pro မှာ Water-drop notch ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။

P30 Pro ရဲ့ကျောဘက်မှာပါဝင်တဲ့ ကင်မရာ ၄ လုံးမှာ ၃ လုံးကို စုပေါင်းထားပြီး နောက် ၁ လုံးကိုတော့ သပ်သပ်ခွဲထုတ်ထားတာကိုမြင်တွေ့ရပြီး LED flash ၂ ခုလည်းပါဝင်ပါတယ်။ ဒီ flash တွေဟာ Laser Autofocus အတွက်လည်းဖြစ်နိုင်ပါတယ်။ ဒီ P30 Pro မှာတော့ Aurora Blue gradient color ရှိတယ်လို့လည်းမြင်တွေ့ရပါတယ်။

အစောပိုင်းထွက်ရှိခဲ့တဲ့ ကောလဟာလ တွေမှာတော့ 38MP ရှိတဲ့ Sony IMX607 sensor ပါဝင်မယ်လို့လည်းသိရပါတယ်။ Kirin 980 chipset နဲ့မောင်းနှင်မယ်လို့သိရကာ RAM 12GB အထိပါဝင်မယ်လို့လည်းထင်ရပါတယ်။ နောက်ထပ်တစ်ခုအနေနဲ့ Huawei ရဲ့ 5G အသုံးပြုနိုင်တဲ့ version တစ်ခုအနေနဲ့လည်းထွက်ရှိလာဖွယ်ရှိနေပါတယ်။

Source