fbpx

This is digital planet.

HuaweiTech News

Huawei P30 Pro ရဲ့ Camera setup ထွက်ပေါ်လာ

Huawei P30 Pro ရဲ့ ကျောဘက် Camera setup ပုံစံတွေကတော့ Online ပေါ်မှာထွက်ရှိလာခဲ့ပါတယ်။ Huawei အနေနဲ့ ကျော်ဘက် Camera ၃ လုံးကို P20 Pro အနေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Huawei အနေနဲ့မျိုးဆက်သစ် P30 Pro မှာ လေးခုမြောက် Sensor တစ်လုံးကိုစတင်ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ ဒီ Huawei က ထည့်သွင်းမဲ့ လေးခုမြောက် Sensor ကတော့ 3D objects တွေမှာသုံးဖို့အတွက် ToF 3D sensor ဖြစ်ပါတယ်။ ToF 3D sensor ဆိုတာကတော့ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်းမှာ Real-time လှုပ်ရှားမှုတွေကို ခြေရာခံပြီး 3D ပုံရိပ်များရိုက်ကူးနိုင်အောင်ပြုလုပ်ပေးတဲ့ Sensor ဖြစ်ပါတယ်။

Huawei P30 Pro render rear

ပုံမှာပြထားတဲ့အတိုင်း အဓိက ကင်မရာ ၂ ခုကိုဒေါင့်လိုက်ပေါင်းစပ်ထားပြီး နောက်ကင်မရာ တစ်ခုကိုအောက်မှာခွဲထုတ်ထားက အောက်ဆုံးမှာတော့ LED flash ကိုထည့်သွင်းပေးထားပါတယ်။ ဒီပုံစံကတော့ အရင် မျိုးဆက်ရဲ့ ကင်မရာ ဖွဲ့စည်းပုံဖြစ်ပေးမဲ့ အခု P30 Pro မျိုးဆက်အသစ်မှာပြောင်းလဲသွားတာကတော့ ဘေးမှာ Main camera နှစ်ခုနဲ့အပြိုင် ဒေါင့်လိုက်ထည့်သွင်းထားတဲ့ ToF 3D camera ပါဝင်လာတာဖြစ်ပါတယ်။

ကင်မရာ Configuration အနေနဲ့ကတော့ အတည်ပြုထားမျိုးမရှိသေးပေးမဲ့ ကောလဟလတွေအရ အဓိက Main sensor အနေနဲ့ Sony ရဲ့ IMX607 38MP sensor အသစ်ကိုသုံးလာမယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ ဒါအပြင် Zooming ပိုင်းပိုမိုကောင်းမွန်ဖို့အတွက် periscope camera လည်းပါဝင်လာမယ်လို့သိရပါတယ်။ OLED dewdrop display နဲ့ Kirin 980 processor ကိုသုံးလာမယ်လို့လည်း Rumors တွေပေါ်ထွက်လျက်ရှိနေပါတယ်။

Source