fbpx

This is digital planet.

HuaweiTech News

Huawei P40 မှာ တစ်ခါတည်း HarmonyOS ပါ၀င်လာနိုင်တယ်လို့ Huawei ရဲ့ CEO Richard Yu က အရိတ်အမြွတ်ပေး

Huawei Developers Conference 2019 မှာ Huawei ဟာ လူတိုင်းစောင့်စားနေကြတဲ့ HarmonyOS လို့နာမည်ပေးထားတဲ့ multi-platform operating system ကိုမိတ်ဆက်ခဲ့ပါတယ်။ HarmonyOS ကို တရုတ်မှာ HongMeng OS လို့ခေါ်ပါတယ်။ HarmonyOS ဟာ Smartphones တွေအတွက် ရည်ရွယ်ထားတာမဟုတ်ဘဲ Smart home devices တွေအတွက် ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အရင်တုန်းက Mate 30 Lite မှာ HarmonyOS သုံးလာမယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပါသေးတယ်။

Huawei အနေနဲ့ Google ရဲ့ Android OS ကို Smartphone မှာ ဆက်သုံးဖို့ ရည်ရွယ်နေသော်လည်း Huawei ရဲ့ Ban ခံရမှုဟာ အတင်းအကျပ်ဖြစ်လာခဲ့ရင် HarmonyOS ကို တစ်ရက် နှစ်ရက်အတွင်း အမြန်ပြောင်းလာမယ်လို့ Company ရဲ့ စီမံခန့်ခွဲရေး အ‌ဖွဲ့က ‌ဖော်ပြထားပါတယ်။

အခု အမေရိကန်အစိုးရနဲ့ Huawei တို့ကြား အ‌ခြေအနေက မပြောင်းခဲ့ဘူးဆိုရင် နောက်နှစ်မှာထွက်လာနိုင်တဲ့ P40 မှာ HarmonyOS ကို စတင်အသုံးပြုလာမယ်လို့ Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu က Media Interview တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ HarmonyOS ဟာ ဖုန်းတွေအတွက် အဆင်သင့်ဖြစ်နေပေမယ့် Company က US နဲ့ အခြေအနေ ပြောင်းလဲလာဖို့ စောင့်နေသေးတယ်လို့ Richard Yu ကအတည်ပြုခဲ့ပါတယ်။ Huawei ဟာသူတို့ရဲ့ ကိုယ်ပိုင် App Store ကို App Gallery လို့ နာမည်ပေးထားပြီး Google ရဲ့ Service ကိုအစားထိုးလာမယ့် Huawei Mobile Services ဟာ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

အဲ့တိုးတက်မှုဟာ Huawei ရဲ့ အစီအစဉ် နဲ့ တစ်ကြောင်းထဲ ပါလာဖို့ရှိနေပါတယ်။ အရင်လတုန်းက HarmonyOS သုံးထားတဲ့ဖုန်းကို ထုတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ Huawei ကဆိုထားပါတယ်။ အ‌ကြောင်းက Ecosystem နဲ့ Google ရဲ့ Platform ကို တွဲနေတာကို ထိန်းသိမ်းချင်လို့ပါ။

HarmonyOS ဟာ အရာအားလုံးကို ဖုံးလွှမ်းလာပြီးထုတ်ကုန်ပစ္စည်းအားလုံးနဲ့ လုပ်ဆောင်နိုင်မယ့် OS တစ်ခုလို့ ကြော်ငြာထားထားပါတယ်။ အဲ့ OS ဟာ ဘယ် Device ကိုမှ မစဉ်းစားဘဲ ပွင့်ပွင့်လင်းလင်း ချိတ်ဆက်ဖို့ microkernel system ကိုသုံးပြီး ပြုလုပ်ထားပါတယ်။ HarmonyOS ဟာ လုံခြုံပြီး Internet of Things (IoT) hardware နဲ့ သဘောတူညီမှုလုပ်တဲ့အခါ အဓိက အလေးထားလာမယ်လို့ Huawei ကဆိုထားပါတယ်။ နောက်ထပ် Huawei ရဲ့  Ark Compiler ဟာ Apps တွေနဲ့ HarmonyOS လုပ်ဆောင်နိုင်ဖို့ ဘာသာစကားတွေကို ဘာသာပြန်ပေးဖို့ ညွှန်ကြားျပးနိုင်မှာပါ။ အဲ့ Apps တွေထဲမှာ third-party developers တွေအတွက် ရှင်းရှင်းလင်းလင်း ပြုလုပ် ခံယူထားတဲ့ Android apps တွေပါ၀င်ပါတယ်။ Ark Compiler ဟာ ကောင်းကောင်း လိုက်လျောညီထွေပြုလုပ်ပြီးနိုင်ပြီး mobile websites တွေလို Screen Sizes အမျိုးမျိုးမှာ မှန်မှန်ကန်ကန် ပြသပေးနိုင်မှာပါ။

အခုလက်ရှိမှာ Company ဟာ သူတို့ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Huawei Mate 30 နဲ့ Mate 30 Pro ကို စတင်ဖြန့်ဖြူးဖို့ ပြုလုပ်နေပါတယ်။ အဲ့ စတင် ဖြန့်ဖြူးမယ့် Event ကို September 19 , Germany နိုင်ငံရဲ့ Munich မြို့မှာ ကျင်းပလာတော့မှာပါ။

Ref: Gizmochina