fbpx

This is digital planet.

ArticlesGlobalizationHuawei

HUAWEI P40 Pro 5G ကို ၁,၅၉၉,၀၀၀ ကျပ်နဲ့ Pre-order မှာယူနိုင်ပြီ

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ မိတ်ဆက်ခဲ့တဲ့ HUAWEI P40 Pro ဟာ 5G Version အနေနဲ့ မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ဧပြီလ (၃၀) ရက်နေ့က စတင်ပြီး Pre-Order မှာယူနိုင်မှာပါ

Future-Proof ဖြစ်စေမယ့် 5G နည်းပညာ၊ စိတ်ဝင်စားစရာ ကင်မရာနည်းပညာပိုင်း တစ်ခေတ်ဆန်းသစ်မှုနဲ့ P40 Pro ကို ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ၁,၅၉၉,၀၀၀ ကျပ် ဖြင့် စတင်မှာယူနိုင်ပြီး HUAWEI x Gentle Monster Eyewear ကို လက်ဆောင်ရရှိမှာပါ။

5G အကြောင်း

၂၀၁၉ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၀ အစောပိုင်း ကာလမှာ 5G ကွန်ရက်နည်းပညာဟာ နိုင်ငံတကာမှာ စတင်ဖွံ့ဖြိုးတိုးတက်လာသလို တယ်လီကွန်း Carrier အများစုကလည်း 5G နည်းပညာဘက်ကို ကူးပြောင်းဖို့ တာစူလာကြပါတယ်။

HUAWEI 5G P40 Series

ပြည်တွင်းမှာလည်း တယ်လီကွန်း Operator အချို့ကလည်း 5G ကွန်ရက်ကို စမ်းသပ်နေပြီ ဖြစ်သလို ဝန်ဆောင်မှုပေးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါပြီ။

ဖုန်းကုမ္ပဏီတွေ လည်း 5G စမတ်ဖုန်း ထုတ်လုပ်နေကြပြီ ဖြစ်တဲ့အတွက် အရှိန်အဟုန်နဲ့ ကြီးထွားနေပြီ ဆိုရမှာပါ။

5G ကူးပြောင်းကာလ အခက်ခဲများ

အခုလို ကူးပြောင်းကာလ ကြုံတွေ့ရတဲ့ အခက်ခဲတွေမှာ တန်ကြေးမြင့်မားမှုလည်း အပါအဝင် ဖြစ်ပါတယ်။ များသောအားဖြင့် 5G စမတ်ဖုန်းတွေက 4G ဖုန်းတွေထပ်စာလျင် ဈေးနှုန်းမြင့်မားနေတတ်ပေမယ့် HUAWEI P40 Pro က ရွေးချယ်စရာအချက် ရှိနေပါတယ်။

၂၀၁၉ မှာ မိတ်ဆက်ခဲ့တဲ့ P30 Pro နဲ့ Mate30 Pro တို့နဲ့ ဈေးနှုန်းကွာဟချက် မရှိခဲ့ပေမယ့် P40 Series မှာ စွမ်းဆောင်ရည်ပိုင်း သာလွန်တာ၊ နည်းပညာပိုင်း ထူးခြားချက်တွေ ပါဝင်လာပါတယ်။

ဒါထက် P Series ကို သတိပြုမိ နှစ်သက်ကြတာ Ultra Vision Leica Cameras ၊ စွမ်းဆောင်ရည်မြင့် Kirin 990 5G SoC နဲ့အတူ Wi-Fi 6 Plus နည်းပညာတွေ အသုံးပြုထားတာပါ။

5G ပြိုင်ပွဲ

5G နည်းပညာဟာ နိုင်ငံတကာမှာ ဖွံ့ဖြိုးလာတာနှင့်အမျှ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း 5G စမတ်ဖုန်းတွေကို စတင်ထုတ်လုပ်လာနေကြပြီပဲဖြစ်ပါတယ်။

ထုတ်လုပ်သူတွေအနေနဲ့လည်း 5G ဘက်ကို ကူးနေကြပြီဆိုပေမယ့် 3G ကနေ 4G ပြောင်းခါစ ကာလတွေလို 4G ဖုန်းအမျိုးအစားတွေဟာ 3G ဖုန်းအမျိုးအစားတွေထပ်စာလျင်တန်ဖိုးမြင့်မားမှုများ ရှိခဲ့ပါတယ်။

HUAWEI P40 Series

အရည်သွေးမြင့်မားပြီး High-end Components တွေနဲ့ နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာ တွေကို အသုံးပြုရတဲ့အခါ သာမန်ထက် ကုန်ကျစရိတ် ပိုများလာနိုင်ပါတယ်။

ဘာလို့ 5G ဖုန်းတွေ စျေးကြီးနေတာလဲ?

ထို့အပြင် 5G အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ Processor အမျိုးအစားအတွက် ထပ်မံအပိုဆောင်းကုန်ကျမှုတွေ  5G Baseband နဲ့ မူပိုင်ခွင့်အတွက်ပေးရတဲ့ စရိတ်စကတွေ အစရှိတဲ့ အရာတွေက 5G စမတ်ဖုန်းတွေကို ပိုမိုကုန်ကျစရိတ်များလာစေတာပါ။

TechInsights လေ့လာထားချက်အရ ထုတ်လုပ်မှုကုန်ကျစရိတ်၊ သုတေသနစရိတ်၊ တင်ပို့ရောင်းချမှု ကုန်ကျစရိတ်တွေ ပေါင်းလိုက်ရင် သာမန်ထက်ကို ပိုစျေးကြီးသွားစေပါတယ်။

ဒါ့အပြင် 5G ထောက်ပံ့ထားတဲ့ SOC (System on a chip) ချပ်စ် ကို အခြားကုမ္ပဏီများမှ ဝယ်ယူအသုံးပြုရတဲ့ စရိတ်အပြင် လိုင်စင်ကြေးများနှင့် ပေါင်းလိုက်တဲ့ အခါမှာတော့ 5G စမတ်ဖုန်းအများစုအတွက် ပိုမိုဈေးကြီးဖို့ ဖြစ်လာရတာပါ။

HUAWEI 5G နည်းပညာ

HUAWEI P40 Series တွေမှာတော့ 5G အသုံးပြုထားပြီး အရင်နှစ်က ရောင်းချခဲ့တဲ့ Flagship စမတ်ဖုန်း (P30 Series) ဈေးနှုန်းကွာဟချက် မရှိခဲ့ပဲ အခုလို ဖြစ်လာတာအကြောင်းပြချက် (၃) ခုရှိပါတယ်။

ပထမဦးဆုံး အချက်ကတော့ Kirin 990 5G Chipset ပါ။ အဆိုပါ Chipset မှာ 5G Modem ကို Built-in အနေနဲ့ ပါဝင်ထားစေပြီး Processor ဟာ 7nm Process ၊ EUV Lithography နည်းပညာနဲ့ တည်ဆောက်ထားတာပါ။

HUAWEI P40 Series

Snapdragon 865 SoC နဲ့တွဲသုံးထားတဲ့ X55 5G Modem နဲ့ ယှဉ်ရမယ်ဆိုရင် စွမ်းအင်ချွေတာသုံးစွဲမှုအပိုင်းမှာ ပိုမိုကောင်းမွန်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ Kirin Chipset တွေ ပိုမိုသက်သာပါတယ်။

ဒုတိယအချက် အနေနဲ့ Kirin 990 ကို တခြား 5G SoC တွေထက် နှစ်ဝက်လောက်စောပြီး မိတ်ဆက်နိုင်ခဲ့သလို လက်ရှိအချိန်မှာ 5G Chipset တွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်တဲ့အအတွက် ကုန်ကျစရိတ်ပိုင်း သက်သာစေမှာပါ။

တတိယ အချက်ကတော့ HUAWEI အနေနဲ့ 5G နည်းပညာပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဦးဆောင်နေတဲ့ ကုမ္ပဏီဖြစ်တဲ့အပြင် 5G မူပိုင်ခွင့် တော်တော်များများကို ပိုင်ဆိုင်ထားခြင်းကြောင့် ထုတ်လုပ်မှုအပိုင်းမှာ သက်သာစေတာပါ။

HUAWEI P40 Pro မှာ နည်းပညာပိုင်းအရ မြင့်မားတဲ့ Kirin 990 5G Chipset နဲ့အတူ စွမ်းဆောင်ရည်ပိုင်းမြင့်မားတဲ့ Hardware တွေနဲ့ ပေါင်းစပ်ပြီး အသုံးပြုသူတွေကို အတွေ့ကြုံသစ် ပေးစွမ်းသွားမယ်။

၂၀၂၀ မှာ 5G စမတ်ဖုန်း တွင်ကျယ်လာမှုက နည်းပညာ ဖွံ့ဖြိုးမှုပေါ် မူတည်သလို တယ်လီကွန်း အော်ပရေတာ (Carriers) တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အထောက်အပံ့တွေနဲ့လည်း ဆက်စပ်နေပါတယ်။

5G ကွန်ရက်စနစ် ပိုမိုတွင်ကျယ်လာတဲ့ အခါမှာ 5G Data နှုန်းထားများလည်း ပိုမိုသက်သာလာမှာဖြစ်ပြီး အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေလာစေမှာပါ။

HUAWEI P40 Series

သုံးစွဲသူများအတွက် Latency သိသိသာသာ လျော့ချပေးနိုင်ခြင်း၊ မြန်နှုန်းမြင့် 5G Network  စတဲ့ မမျှော်မှန်းနိုင်တဲ့ အတွေ့အကြုံသစ်တွေကို SA (Stand-Alone) သို့မဟုတ် NSA (Non-Stand-Alone) Network များပေါ်တွင် ပျော်ရွှင်စွာ ခံစားလာနိုင်မှာပါ။

မဝေးတော့တဲ့ အနာဂတ်ကာလမှာ ဖြစ်ထွန်းလာမယ့် 5G နည်းပညာများ ခံစားနိုင်စေဖို့ P40 Pro က ကနဦးအစလို့ ပြောနိုင်တယ်။

5G နည်းပညာကို အရံသင့် အသုံးပြုနိုင်မယ့် HUAWEI P40 Pro ကို မြန်မာနိုင်ငံမှာ Brush Gold (ရွှေရောင်) ၊ Deep Sea Blue (နက်ပြာရောင်) နဲ့ Silver Frost (ငွေရောင်) တို့ဖြင့် တင်သွင်းလာမှာဖြစ်ပြီး (၁,၅၉၉,ဝဝဝ) ကျပ်နဲ့ Pre-Order မှာယူနိုင်ပါပြီ။

HUAWEI P40 Pro ဝယ်ယူသူတိုင်း ငွေကျပ် ၅ သိန်းဝန်းကျင် တန်ဖိုးရှိ HUAWEI x Gentle Monster Eyewear ရရှိဦးမှာလည်း ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

HUAWEI Myanmar Press Release ကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။