fbpx

This is digital planet.

ArticlesHuaweiTech News

HUAWEI ရဲ့ ဂန္ထဝင်မြောက် လက်ရာတစ်ခု ဒါမှမဟုတ် P40 Series ထူးခြားချက်များ

စမတ်ဖုန်းတစ်လုံးအတွက် ကင်မရာက ဘယ်လောက်ထိ အရေးပါလဲ? ခုခေတ် အတိုင်းတာနဲ့ ပြောရင်တော့ ပထမဆုံး ဦးစားပေး ဖြစ်သွားပြီလို့ သမုတ်နိုင်သလို မိုဘိုင်း Photography အပိုင်းမှာ ဘယ်သူတွေ ဦးဆောင်နေသလဲ?

ဒီမေးခွန်းဖြေရရင် ကျနော့်တယောက်ထဲ အမြင်ထက် အများစုပြောတာကို လက်ခံချင်တယ်။ သိတဲ့အတိုင်း ဖုန်းတစ်လုံး ကောင်းတယ် ၊ မကောင်းဘူး အချက်တွေကို သုံးထားတဲ့ Specs ၊ Features တွေ ကြည့်ရုံ သုံးတတ်ရုံနဲ့ ပြောဖို့ မလွယ်ပါဘူး။

သို့ပေမယ် ထိုက်သင့်သလောက် Knowledge ရလာကြတဲ့အခါ Reviewer တွေ ပြောတဲ့စကား၊ တစ်ယောက်နဲ့တစ်ယောက် Experience Sharing လုပ်ရင်း ပါးစပ်ဖျားမှာ တဖွဖွ ဖြစ်လာတာက HUAWEI ထုတ် Flagship ဖုန်းတွေပါ။

ဒိပြင် မော်ဒယ်တွေ ရှိပေမယ့် Industry Leading နည်းပညာတွေကို P Series ၊ Mate Series စမတ်ဖုန်းတွေမှာ တစ်နှစ်ပြီးတစ်နှစ် ချပြတယ်။ လူတွေကလည်း သဘောကျတယ် နောက်တမျိုးပြောရင် Smartphone Photography အပိုင်းမှာ ဂန္ထဝင်တွင်တယ်ပေ့ါဗျာ။

ခုလည်း P40 Series သစ်ကို မိတ်ဆက်သွားပြီ။ မကြည့်လိုက်ရတွေလည်း ရှိနိုင်သလို မျိုးဆက်သစ် စမတ်ဖုန်းမှာ ဘာထူးခြားလာသလဲ? အထူးသဖြင့် ကင်မရာပိုင်းပေါ့ဗျာ (အချက်လက်တွေကို HUAWEI P40 Series Launch မှာ ကြေညာသွားတဲ့အတိုင်း ဖော်ပြသွားပါမယ်)

HUAWEI P40 Series Design

HUAWEI ကတော့ Visionary Design လို့ တိုက်ရိုက်ကြီး ပြောမသွားပေမယ့် P40 Series မှာ ပြောင်းလဲချက်တစ်ခုက Ceramic Design သုံးလာတယ်။

ဒီကောင်က P40 Pro + Exclusive ဖြစ်ပြီးတော့ သူ့ဖုန်းတွေအတွက် ထူးခြားတာမှန်တယ်၊ ဒါပေမယ့် ၂၀၁၉ တုန်းက ထွက်ထားတဲ့ Galaxy S10+ Ceramic Edition ကို တည့်ဖိုက်နေသလိုပဲ။

HUAWEI P40 Series

P40 Series Design

ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လို့က Nano Optic Coating Method သုံးထားပြီး Blush Gold ၊ Deep Sea Blue အရောင်ဖြစ်လာဖို့ 9 Layer အထိ သေချာ Coating လုပ်ပြီးမှ ထုတ်လုပ်ထားတယ်။

Glossy Finish မဟုတ်တော့ဘဲ Refractive Matte Panel ဖြစ်လာတဲ့အတွက် အလင်းရောင်ကြောင့် ဖုန်း Body မှာ လာကွက်တာမျိုး နည်းသွားမယ်၊ လက်ဗွေရာ ထင်လွယ်တဲ့ ပြဿနာက အတော်တန် ကင်းဝေးသွားမယ်။

HUAWEI P40 Series

Last but not least ပြောရဦးမယ်၊ P40 Pro နဲ့ Pro + မော်ဒယ် ၂ ခုမှာ လက်ရှိ Android ဖုန်းတွေထက် ပိုကြီးတဲ့ Camera ခွက်ကြီး သုံးထားတယ်။ စတုရန်းပုံစံနဲ့ စမတ်ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ အကြီးကျယ် နေရာယူထားပြီး ကင်မရာ ၅ လုံးထိ In-house လုပ်ထားတယ်၊ (Leica စာတန်းကိုလည်း Reflecting Lines နဲ့ ဖော်ထားသေးပါတယ်)

Visionary Display

Display ပိုင်း မသွားခင် Samsung တုန်းက S20 ၊ S20+ နဲ့ S20 Ultra မော်ဒယ် ၃ မျိုးသွားထားတယ်။ ဒီဖုန်း ၃ လုံးစလုံးက Display Quality ချင်း အတူတူပဲ ဖြစ်ခဲ့သလို ကွာသွားတာ ကင်မရာနဲ့ Battery ပိုင်းပဲ။ HUAWEI မှာကျ P40 ကို P40 မဖြစ်ဖြစ်အောင် လုပ်သွားတဲ့ အကွက်မျိုး လုပ်မသွားပေမယ့် S20 ကို တည့်ဖိုက်သွားတယ်။

လက်ရှိမှာလည်း Galaxy S20 က ရေပန်းစားနေတာဆိုတော့ 6.1” Screen Size ချင်းကိုမှ 2340 x 1080 Resolution နဲ့ လုပ်ချလိုက်တယ်။ DCI-P3 ၊ Blue Light Filter ပါတာ၊ မပါတာ ခဏထားလိုက်ဦး Kirin 990 SoC ဖုန်းကို 60Hz ပေးလိုက်တာက အားမရစရာပါ။

HUAWEI P40 Series

P40 Pro & Pro+ Display Specification

သေချာတာကတော့ Display ပိုင်းမှာ ယှဥ်လို့မရသေးဘူး။ P40 Pro နဲ့ Pro Plus မှာ 6.58” ဖြစ်သွားပေမယ့် Resolution က 2360 x 1200p ရှိမယ်၊ ပိုကောင်းသွားတဲ့အချက်က 90Hz ဖြစ်ပေမယ့် 120Hz ပြေးနေတဲ့ S20 Series လိုတော့ Premium Experience မရနိုင်ဘူး။

အခုလို Display ပိုင်းမှာ ဝိတ်လျှော့ထားတယ်လို့ ခံစားရပေမယ့် Quad-curved Overflow Display ကိုတော့ သဘောကျမယ် ထင်ပါတယ်။ ကိုယ်ထည်ထောင့် ၄ ထောင့်ကိုပါ Curved-edge ပုံစံ ဒီဇိုင်းထွင်ထားပြီး Gesture သုံးတဲ့အခါ အဆင်ပြေစေဖို့ Quad Smooth Edges Feature ကိုပါ ထည့်ပေးထားပါတယ်။

Punch-hole Notch

သုံးရတဲ့ Experience ပိုကောင်းမယ်လို့ HUAWEI ပြောခဲ့သလို P40 Series မှာ 30% မြန်ဆန်လာမယ့် In-display Fingerprint Sensor သုံးထားတယ်။ P40 မှာ Biometric Sensor မပါတဲ့အတွက် Face Unlock သုံးနိုင်ခြင်း မရှိဘူး၊ Pro နဲ့ Pro + မှာ Low-light Condition အတွက် အလုပ်လုပ်ပေးနိုင်မယ့် Infrared Sensor ပါလာမယ်လို့ ကြေညာသွားပါတယ်။

Visionary Cameras

Display ပိုင်းမှာ အားရစရာ ၊ မရစရာ ရှိနေပေမယ့် HUAWEI ဆိုတဲ့အတိုင်း Cameras ပိုင်းကို အာရုံစိုက်ထားတာ တွေ့ရပါတယ်။ P30 Series အထိ Zoom ၊ Low-light Photography အပိုင်းမှာ ယူထားတဲ့အရှိန်ကလည်း မနည်းဘူးဆိုတော့ ဒီနှစ်မှာ ဘာထပ်ကွန့်ဦးမလဲ သိလိုစိတ်များခဲ့သလို ကျေနပ်စရာ တချို့လည်း ပေးစွမ်းခဲ့တယ်။

Triple ၊ Quad နဲ့ Penta ဂဏန်းတွေက P40 Series ကို Divide ခွဲပစ်တယ်လို့ ယေဘူယျပြောနိုင်ပေမယ့် S20 Series တုန်းကလိုပဲ + ကို S20 မဖြစ်ဖြစ်အောင် ထုတ်ထားသလို ခံစားချက်မျိုး ကျန်မနေပါဘူး။ ကင်မရာ အသေးစိတ် အချက်လက်ကိုတော့ စာဖတ်သူတွေ မြင်သာအောင် ပုံ၊ ဇယားနဲ့ပါ ဖော်ပြလိုက်ပါတယ်။

P40 P40 Pro P40 P40+
Main 50MP f/1.9, 23mm 1/1.28″, 2.44µm
Ultra-wide 16MP f/2.2, 17mm

40MP f/1.8, 18mm 1/1.54″.

Telephoto 8MP f/2.4, 80mm 3x Optic Zoom Periscope 12MP f/3.4, 125mm OIS 5x Optic Zoom

Periscope 12MP f/3.4, 125mm OIS 5x Optic Zoom

+

8MP f/2.4, 80mm 3x Optic Zoom

ToF 3D Depth
Selfie 32MP f/2.2, 1/2.8″ 0.8µm

Camera difference on P40 Seriesဒါပေမယ့် Samsung လို အချိုးမျိုးလုပ်သွားတာ မဟုတ်သလို P40 နဲ့ Pro မှာ ကွာခြားချက်က ထင်ရှားတယ်။ အထူးသဖြင့် P40 ရဲ့ 3x Telephoto Lens ကနေ 5x Optic Zoom ရလာပြီး Pro + မှာ 10x Optical ရိုက်လာနိုင်တယ်။

HUAWEI P40 Series

Ultra-wide နဲ့ ပတ်သက်လို့ Sensor Size ၊ Pixel Fusion နည်းပညာတွေ ထုတ်ပြခဲ့လို့ Powerful ဖြစ်လာတာ Tele နဲ့ Ultra-wide လို့ ပြောနိုင်တယ်။

HUAWEI P40 Series

Main Sensor Specs on P40 Series

Visionary Photography

ဒါ့အပြင် P40 မှာ သုံးထားတဲ့ 50MP Primary Sensor က S20 Ultra ရဲ့ 108 MP ထက် (1/1.28” vs. 1/1.76”) Size ပိုကြီးလာတယ်။ အဲ့တော့ သီအိုရီအရ ပြောနိုင်တာ အလင်းဝင်အားပိုကောင်းမယ်၊ နောက်တစ်ချက်က Galaxy S20 Ultra နဲ့ iPhone 11 Pro Max ထက် Pixel Size ပိုကြီးလာတဲ့အတွက် Low Light Function ပိုကောင်းလာဦးမယ်။

HUAWEI P40 Series

Sensor Size Differences

Low-light အတွက်ကို ISO 409,600 ပေးထားတာက အထူးဆန်း မဟုတ်တော့ပေမယ့် Auto Focus ပိုသွက်လာတယ်။ HUAWEI ကတော့ ကမ္ဘာ့ပထမဆုံး Full Pixel Octa PD Detection လို့ ပြောသွားပြီး မြန်လာတာကို သရုပ်ပြသွားခဲ့တယ်။

HUAWEI P40 Series

Faster Phase Detection feature

Tele-lens ကိုလည်း ကမ္ဘာ့ပထမဆုံး RYYB Periscope Lens အဖြစ် ကြေညာသွားခဲ့သလို P40 Pro မှာ 5x Optic ၊ Pro+ မှာ 10x အထိ Optical Zoom ရိုက်လို့ရလာမယ်။ Max Digital Zoom အနေနဲ့ကတော့ (50x ၊ 100x) ရပေမယ့် Counterpart နဲ့ယှဥ်ရင် Noise နည်းပြီး Detail Loss နည်းတာကို ပြသွားခဲ့တယ်။

HUAWEI P40 Series

Periscope Lens Info

အခုလို Functionality ပိုင်း ပိုသာနေတဲ့အတွက် Smartphone Photography ပိုင်းမှာ နေရာယူထားဆဲပဲ။ ဒါပေမယ့် Software ပိုင်း Improvement မှာတော့ ဘယ်လိုပြောမလဲ အိုင်ဒီယာတော့မိုက်တယ်၊ Golden Snap လို Feature မျိုးက အကောင်းဆုံးရိုက်ချက် Best Shot ၊ Best Moment ကို ရွေးပေးတာ ဖြစ်တဲ့အတွက် Pixel 3 မှာ Google မိတ်ဆက်သွားတာနဲ့ ဆင်နေသလိုပဲ။

Visionary Videography

Video Quality ပိုင်းမှာတော့ P30 ၊ Mate 30 လိုပဲ ISO 512,00 ထောက်ပံ့ပြီးတော့ 4K မှာ 60fps နှုန်းရိုက်နိုင်မယ်။ Audio Zoom Function လည်း ထည့်ပေးလာပြီး Slow-mo ၊ OIS နဲ့ AIS Video Stability လုပ်ဆောင်ချက်တွေ ပါဝင်ဦးမှာပါ။

HUAWEI P40 Series

Feature Highlight Diagram

Feature Softwares

P40 Lens တွေကလည်း Hardware Power ကောင်းကောင်း အသုံးချနိုင်တဲ့အတွက် အိုင်ဒီယာတော့ ကောင်းသွားတယ် But it’s not a big deal လို့ပဲ ပြောရမှာပါ။ AI Remove People ၊ Remove Reflection လုပ်ဆောင်ချက်တွေကတော့ Add-in Feature လို့ ပြောနိုင်ပြီး Camera Setting ထဲမှာပဲ ရိုက်ပြီးတာနဲ့ ပြောင်းနိုင်မယ်။

HUAWEI P40 Series

Generation Improvement Highlight on P40 Series

တကယ်တမ်း လေ့လာကြည့်လိုက်ရင် P40 Pro+ မှာ Improve ဖြစ်လာတာ 10x Optic Zoom ကို Long-range ရိုက်နိုင်တဲ့ Periscope Lens နဲ့ Mid-range အတွက် 3x Optic Zoom ရိုက်နိုင်တဲ့ Tele-lens ပါ။

ဒါကို ယေဘူယျအားဖြင့် သုံးသပ်တာဖြစ်ပြီး Ultra-wide Lens ရဲ့ Pixel Size က Pixel Fusion နည်းပညာကြောင့် 4.48 m အထိကြီးလာပြီး 1/1.54” နဲ့ Counterpart တွေထက် Low Light Function ပိုင်းမှာ သိသိသာသာကို ကွာခြားသွားစေတယ်။

Visionary Performance

P40 Series မှာ Kirin 990 5G SoC သုံးလာမှာဖြစ်ပြီး Dedicated AI Chip က Snapdragon အမျိုးစားထက် ပိုသာတယ်လို့ ကြေညာသွားခဲ့တယ်။ 7nm Process ကိုပဲ အခြေခံ ထားတာဖြစ်ပြီး Generation Improvement အရ Performance တက်လာတာကို ပုံကြည့်ပြီး လေ့လာနိုင်တယ်။

Battery ပိုင်းအနေနဲ့ ဆိုရင် P40 မှာ 3,800 mAh ၊ Pro နဲ့ Pro+ မှာ 4,200 mAh ပါလာမယ်။ Pro နဲ့ Pro+ က 40W Fast Charging သုံးနိုင်ပေမယ့် P40 က 22.5W ပဲရမယ်။ နောက်တစ်ချက်က 40W ရလာမယ့် Wireless Charger ကို ကြေညာသွားတာပါ။

HUAWEI P40 Series

Wireless Charger Kit for P40 Pro

P40 Series မှာ Selia AI Assistant ကိုလည်း မိတ်ဆက်သွားခဲ့ပြီး Voice Command နဲ့ စေခိုင်းနိုင်တာမျိုးကို ပြသွားခဲ့ပေမယ့် အားရစရာ မဖြစ်ခဲ့ဘူး။ HUAWEI Mobile Services (HMS) မှာ ပါဝင်လာမယ့် HUAWEI Vide နဲ့ Music ဝန်ဆောင်မှုတွေ ကြေညာပေးခဲ့သလို EMUI 10.1 လုပ်ဆောင်တချို့ကိုလည်း Highlight လုပ်ပေးခဲ့ပါတယ်။

အဲ့တော့ ကင်မရာပိုင်းကိုပဲ ဦးစားပေး ထုတ်လုပ်ထားတဲ့ HUAWEI ဟာ Smartphone Photography အတွက် မလုပ်နိုင်သေးသော အရာတချို့ကို P40 Series နဲ့ ဖော်ဆောင်သွားခဲ့ပါပြီ။ Galaxy S20 Series ကိုအသာလေး ကျော်တက်လိုက်ပေမယ့် ရောင်းချသွားမယ့် စျေးနှုန်းကလည်း မသေးလှပါဘူး။

ယူရို ၇၉၉ က စတင်မှာဖြစ်ပြီး P40 ကို 8GB RAM ၊ 128GB Storage နဲ့ရနိုင်မယ်၊ Pro ကိုတော့ ၉၉၉ နဲ့ ရောင်းချသွားပြီး 8GB RAM ၊ 256GB Storage ပါမယ်။ Pro+ ကတော့ ယူရို ၁,၃၉၉ နဲ့ ဇွန်လမှ ထွက်ရှိလာမှာဖြစ်ပြီး 8GB RAM ၊ 512GB Storage တို့ ပါဝင်မှာပါ။

ပြောတာလည်း များသွားပြီဆိုတော့ ဘယ်လိုမြင်လဲ?

HUAWEI P40 Series Homepage