This is digital planet.

ArticlesHuawei

လုပ်ငန်းသုံး ကွန်ပျူတာအတွက် အသင့်တော်ဆုံး Laptop ဖြစ်လာတဲ့ Matebook D Series

လူမှုဘဝင် တွင်ကျယ်လာတဲ့ နောက်ပိုင်း ကျွန်တော်တို့ နေထိုင်တဲ့ Lifestyle ဟာ ခေတ်နဲ့ လျော်ညီစွာ ပြောင်းလဲနေရပါတယ်။

အလုပ်လုပ်ဖို့ ၊ ပညာသင်ကြားဖို့ ရုံးခန်း ၊ စာသင်ခန်းတွေမှာပဲ ကျောက်ချပြီး မနေရတော့သလို ခုချိန်မှာ Laptop ကွန်ပျူတာ တစ်လုံးရှိထားရုံနဲ့ လူငယ်တွေ ဖြစ်စေ၊ စာသင် ကျောင်းသူ ကျောင်းသား တွေအားလုံး အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်သလို ပေါ့ပါးတဲ့ Laptop တွေကြောင့် အလုပ်လုပ်ရ ပိုတွင်စေတာပါ။

အခုလို လိုအပ်ချက်မျိုး ပေးစွမ်းနိုင်ဖို့ MateBook D 14 နဲ့ Matebook D 15 မှာ အဖြေရှိနေပြီး သူတို့ရဲ့ Sleek Design ၊ ကောင်းမွန်တဲ့ Build Quality ၊ ကြီးမားကျယ်ပြန်တဲ့ Screen နဲ့ လုံလောက်တဲ့ Performance တို့က အလုပ်တွက် သုံးမလား ၊ ပညာသင်ကြားဖို့ သုံးမလား (သို့) အပျင်းပြေ ဂိမ်းကစားမလား လိုသလို စီမံပေးနိုင်မှာပါ။

HUAWEI Share

ဒိအတွက် အားဖြည့်ထားတဲ့ HUAWEI Share Feature အသစ်က MateBook D Series ရဲ့ စွမ်းဆောင်ရည် Barriers ကို ဖွင့်ပေးလိုက်သလို Android နဲ့ Windows လို မတူညီတဲ့ OS နှစ်ခု အကြား ချိတ်ဆက်ပေးလိုက်မှာပါ။

ဒီကတဆင့် Smartphones နဲ့ဖြစ်စေ ၊ Laptop နဲ့ ဖြစ်စေ သုံးစွဲသူ အလိုကျ အလုပ်လုပ်နိုင်စေမှာပါ။

HUAWEI Share on MateBook D Series

Image: HUAWEI

HUAWEI Share ကို ဘယ်လိုသုံးနိုင်မလဲ

HUAWEI Share သုံးဖို့ကလည်း တကယ်တမ်း မခက်ပါဘူး၊ Smartphone နဲ့ Laptop ပေါ်က Bluetooth ဖွင့်ထားလိုက်ပြီး ဖုန်းကို ကွန်ပျူတာနား ထားလိုက်ရုံနဲ့ ကိစ္စပြီးမှာပါ။

ဒီလို မချိတ်ချင်ရင် NFC ကတဆင့် ချိတ်ဆက်နိုင်သလို ပုံပါအတိုင်း NFC Tag တွဲထားတဲ့ စမတ်ဖုန်း ကျောဘက်နဲ့ Laptop Tag နေရာ ချိတ်ပေးလိုက်ပါ။ နောက်တနည်း ဆောင်ရွက်နိုင်တဲ့ နည်းလမ်းက QR Code ကို Scan ဖတ်ပေးခြင်းအားဖြင့် HUAWEI Share လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မှာပါ။

Versatile Connectivity

ချိတ်ဆက်မှု အဆင့်ဆင့် သိသွားပြီးရင် Laptop Screen မှာ ဖုန်း Screen ပေါ်လာမှာပါ။ အဲ့ကတဆင့် ဖုန်းခေါ်မလား ၊ မက်ဆေ့ပို့မလား ၊ သတင်း လိုက်ဖတ်မလား (သို့) ဗီဒီယို အတိုလေး ကြည့်မလား အစရှိတဲ့ ဖုန်း Functions တွေကို ကွန်ပျူတာ ပေါ်မှာ လုပ်ဆောင်နိုင်မှာပါ။

အခုလို Smartphone လို သုံးလာနိုင်တဲ့အပြင် File Transfer လုပ်တဲ့ Feature ဟာလည်း ပိုပြည့်စုံလာပါတယ်။ ဖုန်းပေါ်က Documents ဖိုင်တွေကို Laptop ပေါ် ဆွဲချလိုက်ရုံနဲ့ Copy ကူးပြီးသား ဖြစ်သွားသလို ချက်ချင်းတန်းဖွင့်ပြီး ကွန်ပျူတာ Programs/Apps တွေနဲ့ လွယ်လင့်တကူ သုံးလို့ရစေဦးမှာပါ။

ဖော်ပြသွားတဲ့ Feature ပိုင်း ထူးခြားချက် တွေအပြင် Smartphone ကို Keyboard ၊ Mouse စတဲ့ I/O Device တွေနဲ့ တွဲသုံးဖို့ အခက်ခဲရှိတဲ့ Boundaries ကိုလည်း ဖယ်ရှားပေးလိုက်ပါပြီ။

HUAWEI MateBook D Series

Image: HUAWEI

HUAWEI Share မှာ Laptop Keyboard/Mouse ကို အသုံးပြုပြီး Smartphone ကို Control လုပ်နိုင်သလို Android App တွေကိုလည်း Latency နည်းနည်းနဲ့ သုံးလို့ရအောင် စီမံပေးထားပါတယ်။

Enhanced Connection

နောက်တစ်ချက်က HUAWEI Share မှာ မျက်နှာပြင်တစ်ခုထဲမှာ Smartphone နဲ့ Laptop နှစ်မျိုးလုံး အသုံးပြုလို့ရစေတဲ့အတွက် ဖုန်းနဲ့ ကွန်ပျူတာကို တစ်လှည့်စီ ပြောင်းနေစရာလည်း မလိုတော့ပါဘူး။

MateBook D 14 နဲ့ 15 ထူးခြားချက်တချို့ ပြောရရင် Fingerprint Power Button အသုံးပြုထားပါတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ Identity Verify လုပ်သွားသလို Log In ဝင်နိုင်မှာပါ။ ဒိအတွက် လုံခြုံမှုရှိစေသလို ကိုယ့်ရဲ့ Privacy ကိုလည်း ထိန်းချုပ်ထားရာ ဖြစ်စေမှာပါ။

HUAWEI MateBook D Series

Image: HUAWEI

ဒါ့အပြင် ပေါ့ပါးတဲ့ ကိုယ်ထည် ဖြစ်နေတဲ့အချက်ဟာ MateBook D Series အားသာချက် ဖြစ်သလို ရုံးလုပ်ငန်းသုံး ၊ ကျောင်းသူဖို့ စဥ်းစားနေသူတွေအတွက် အံကိုက်ပါ။ ထူထဲပြီး လေးလံတဲ့ Laptop တွေဟာ ခရီးမတွင်သလို သယ်သွားရရင် ပင်ပန်းတဲ့ ဒုက္ခရှိတာမလို့ MateBook တွေဟာ ရုံးသုံး ၊ ကျောင်းသုံး အတွက် သင့်တော်တဲ့ Laptop လို့ ဆိုနိုင်ပါတယ်။

Thin & Lighweight

ပေါ့ပါးတဲ့ ကိုယ်ထည်ကို အလူမီနမ် သတ္တုနဲ့ ဖွဲ့စည်းထားပြီး အလူမီနမ်ရဲ့ ဂုဏ်သတ္တိကြောင့် ပေါ့ပါးမှုရှိတယ် ၊ MateBook D 14 ဆိုရင် 1.38kg နဲ့ MateBook D 15 ဆိုရင် 1.62kg (Hard Disk ပါဝင်ပြီးသား အလေးချိန်) ပဲ ရှိပါတယ်။

Laptop တွေဟာ ပေါ့ပါးတဲ့အပြင် တွဲဖက်ပါဝင်လာတဲ့ Charger တွေဟာ 65W Fast Charging စနစ်ကို USB-C Port Charger နဲ့ ထောက်ပံ့ထားတဲ့အထိ Portable ဖြစ်ထားစေပါတယ်။ MateBook D 14 နဲ့ 15 ကို အားဖြည့်ပေးနိုင်မယ့်အပြင် Smartphone နဲ့ Data ကူးဖို့ သုံးလို့ရစေတဲ့အပြင် Cable ကြိုးတွေ သယ်သွားရ ရှုပ်မနေစေပါဘူး။

HUAWEI MateBook D Series

Image: HUAWEI

အခုလို HUAWEI Share Feature နဲ့ Function ပိုင်း ထူးခြားချက်တွေအပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း အားရစရာ ဖြစ်စေဦးမှာပါ။ MateBook D 14 နဲ့ 15 တွေမှာ AMD Ryzen Processor နဲ့ Radeon Vegea Graphics (သို့) 10th Intel Processor နဲ့ NVIDIA GPU သုံးစွဲထားတဲ့အတွက် Photoshop ၊ Premiere နဲ့ တခြားသော Application တွေကို ချောမွေ့လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်မှာပါ။

Powered by Intel or AMD

ဒီလိုမျိုး Smooth Operation ရရှိလာဖို့ Processor ၊ Graphics Card လို Hardware Components တွေကို Fine-tuned လုပ်ပြီးသား ဖြစ်နေလို့ပါ။ ဒါကြောင့် CPU နဲ့ GPU တို့ ပနံရစွာ ဆောင်ရွက်နိုင်သလို နေ့တဓူဝ အသုံးပြုသည်ဖြစ်စေ ၊ အလုပ်လုပ်ဖို့နဲ့ Entertainment အတွက် သုံးစွဲတဲ့ အခါတိုင်း လျှင်မြန်ချောမွေ့မှုကို မြင်တွေ့ ခံစားရနိုင်မှာပါ။

သတိပြုရန် – HUAWE Share Feature တစ်ခုဖြစ်တဲ့ Multi-screen Collaboration အသုံးပြုလိုပါက MateBook တွေမှာ PC Manager Version 10.0.2.99 နဲ့အထက် လိုအပ်မှာဖြစ်ပြီး HUAWEI စမတ်ဖုန်းတွေမှာဆိုရင်တော့ EMUI 10.0 နဲ့ အထက် ရှိထားရမှာ ဖြစ်ပါတယ်။ Compatible ဖြစ်တဲ့ မော်ဒယ် အသေးစိတ် အကြောင်းလေ့လာချင်တယ်ဆိုရင်တော့ Official HUAWEI Website မှာ ကြည့်ရှုနိုင်ပါတယ်။

HUAWEI Myanmar ဆောင်းပါးကို ဖော်ပြခြင်း ဖြစ်ပါတယ်။