fbpx

This is digital planet.

HuaweiTech News

Huawei Smartphone ေတြမွာ သံုးလာေတာ့မယ့္ Liquid Lens ဆိုတာ.…

Zawgyi

Leica နဲ႔ ပူးေပါင္းျပီးတဲ့ ေနာက္ပိုင္းကစျပီး Huawei ဟာ Camera ပိုင္းနဲ႔ပတ္သက္လို႔ တစ္ႏွစ္တစ္မ်ိဳး မရိုးရေအာင္ အသစ္အဆန္းနည္းပညာေတြကို ခ်ျပႏိုင္ခဲ့သူ ျဖစ္လာခဲ့တယ္။ အခုလည္း 2019 Huawei Flagship ဖုန္းေတြမွာ Liquid Lens ကို အသံုးျပဳမယ္ဆိုတဲ့သတင္းေတြ ၾကိဳတင္ထြက္ေပၚလာခဲ့ျပန္ပါျပီ။ ဒီေတာ့ Liquid Lens ဆိုတာ ဘာလဲ?

တကယ္ေတာ့ Liquid Lens ဆိုတာ လြန္ခဲ့တဲ့့ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ေလာက္ကတည္းက ျပင္သစ္ ရူပေဗဒပညာရွင္ Bruno Berge ကေန စတင္ဖန္တီးခဲ့တဲ့ နည္းပညာပါ။ ဒီနည္းပညာဟာ ကၽြန္ေတာ္တို႔ဆယ္တန္းမွာသင္ခဲ့ဖူးတဲ့ မတူညီတဲ့မ်က္ႏွာျပင္ႏွစ္ခုကို အလင္းျဖတ္သြားတဲ့အခါမွာ အလင္းယိုင္ျခင္းနိယာမကို အေျခခံျပီးဖန္တီးထားပါတယ္။ ဒါေၾကာင့္ Liquid Lens ေတြမွာ တျခား Camera ေတြလို Mechanical Lens ေတြအစား ေရနဲ႔ အုန္းဆီလို အဆီကို ေရာစပ္ထားတဲ့ Liquid ကို လ်ွပ္စစ္ျဖတ္သန္းစီးဆင္းေစျပီး လိုခ်င္တဲ့ပံုစံျဖစ္ေအာင္ ပံုေဖာ္တဲ့နည္းလမ္းကို သံုးထားပါတယ္။

Huawei Liquid Lens Patent

ဒါဆို Liquid Lens သံုးျခင္းအားျဖင့္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရႏိုင္မလဲ?

– Liquid Lens ေတြရဲ႕ ပံုစံေျပာင္းလဲႏိုင္မွဳဟာ Mechanical Lens ေတြထက္ ပိုျပီးျမန္ဆန္တာေၾကာင့္ Focus Speed နဲ႔ Accuracy ပိုင္း ပိုျပီးေကာင္းမြန္လာမယ္။
– Liquid သီးသန္႔ကို အသံုးျပဳတာေၾကာင့္ Mechanical Lens ေတြထက္ ေနရာယူမွဳပိုနည္းသြားျပီး အရင္ Camera ေတြကို အျပင္ဖုထြက္ေနတာမ်ိဳးေတြ မရွိသေလာက္ နဲသြားမယ္။
– Mechanical Lens ေတြထက္ Hardware ကန္႔သတ္ခ်က္နဲျပီး Voltage ေျပာင္းရံုနဲ႔ Liquid Shape ကို ေျပာင္းလဲႏိုင္တာေၾကာင့္ Zoom ပိုဆြဲႏိုင္လာမယ္။
– ေနာက္ဆံုးအခ်က္ကေတာ့ Liquid Lens ရဲ႕ ထုတ္လုပ္မွဳကုန္က်စရိတ္က Mechanical Lens ေတြထက္ ပိုျပီးသက္သာႏိုင္တာေၾကာင့္ပါ။

တကယ္ေတာ့ Liquid Lens ေတြကို စက္ရံုသံုးေစာင့္ၾကည့္ Camera ေတြမွာ အသံုးျပဳေနျပီျဖစ္ေပမယ့္ Huawei အေနနဲ႔ Smartphone Camera ေတြမွာ ဒီနည္းပညာကိုအသံုးျပဳမယ့္နည္းလမ္းကို 2018, November ကတည္းက မူပိုင္ခြင့္တင္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ Huawei အတြင္းပိုင္းကထြက္ေပၚလာတဲ့သတင္းေတြအရ Huawei ဟာ RGB, Monochrome နဲ႔ TOF 3D Camera တို႔ပါဝင္မယ့္ Triple Camera Set-up ကို ဖန္တီးေနျပီး Camera အတြင္း Liquid ပါဝင္မွဳေၾကာင့္ Liquid Lens သံုးႏိုင္ေျခကို အတည္ျပဳႏိုင္ခဲ့တာျဖစ္ပါတယ္။ Liquid Lens ေတြကို Huawei ရဲ႕ Mate 30 series ေတြမွာ စတင္ျမင္ေတြ႔ရႏိုင္ေျခရွိျပီး တကယ္ျဖစ္လာခဲ့ရင္ေတာ့ ဒီနည္းပညာဟာ Smartphone Camera ေတြအတြက္ ၾကီးမားတဲ့ တိုးတက္ေျပာင္းလဲမွဳတစ္ခု ျဖစ္လာေတာ့မွာပါ။

Unicode

Huawei Smartphone တွေမှာ သုံးလာတော့မယ့် Liquid Lens ဆိုတာ.…

Leica နဲ့ ပူးပေါင်းပြီးတဲ့ နောက်ပိုင်းကစပြီး Huawei ဟာ Camera ပိုင်းနဲ့ပတ်သက်လို့ တစ်နှစ်တစ်မျိုး မရိုးရအောင် အသစ်အဆန်းနည်းပညာတွေကို ချပြနိုင်ခဲ့သူ ဖြစ်လာခဲ့တယ်။ အခုလည်း 2019 Huawei Flagship ဖုန်းတွေမှာ Liquid Lens ကို အသုံးပြုမယ်ဆိုတဲ့သတင်းတွေ ကြိုတင်ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဒီတော့ Liquid Lens ဆိုတာ ဘာလဲ?

တကယ်တော့ Liquid Lens ဆိုတာ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်လောက်ကတည်းက ပြင်သစ် ရူပဗေဒပညာရှင် Bruno Berge ကနေ စတင်ဖန်တီးခဲ့တဲ့ နည်းပညာပါ။ ဒီနည်းပညာဟာ ကျွန်တော်တို့ဆယ်တန်းမှာသင်ခဲ့ဖူးတဲ့ မတူညီတဲ့မျက်နှာပြင်နှစ်ခုကို အလင်းဖြတ်သွားတဲ့အခါမှာ အလင်းယိုင်ခြင်းနိယာမကို အခြေခံပြီးဖန်တီးထားပါတယ်။ ဒါကြောင့် Liquid Lens တွေမှာ တခြား Camera တွေလို Mechanical Lens တွေအစား ရေနဲ့ အုန်းဆီလို အဆီကို ရောစပ်ထားတဲ့ Liquid ကို လျှပ်စစ်ဖြတ်သန်းစီးဆင်းစေပြီး လိုချင်တဲ့ပုံစံဖြစ်အောင် ပုံဖော်တဲ့နည်းလမ်းကို သုံးထားပါတယ်။

Huawei Liquid Lens Patent

ဒါဆို Liquid Lens သုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

– Liquid Lens တွေရဲ့ ပုံစံပြောင်းလဲနိုင်မှုဟာ Mechanical Lens တွေထက် ပိုပြီးမြန်ဆန်တာကြောင့် Focus Speed နဲ့ Accuracy ပိုင်း ပိုပြီးကောင်းမွန်လာမယ်။
– Liquid သီးသန့်ကို အသုံးပြုတာကြောင့် Mechanical Lens တွေထက် နေရာယူမှုပိုနည်းသွားပြီး အရင် Camera တွေကို အပြင်ဖုထွက်နေတာမျိုးတွေ မရှိသလောက် နဲသွားမယ်။
– Mechanical Lens တွေထက် Hardware ကန့်သတ်ချက်နဲပြီး Voltage ပြောင်းရုံနဲ့ Liquid Shape ကို ပြောင်းလဲနိုင်တာကြောင့် Zoom ပိုဆွဲနိုင်လာမယ်။
– နောက်ဆုံးအချက်ကတော့ Liquid Lens ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်က Mechanical Lens တွေထက် ပိုပြီးသက်သာနိုင်တာကြောင့်ပါ။

တကယ်တော့ Liquid Lens တွေကို စက်ရုံသုံးစောင့်ကြည့် Camera တွေမှာ အသုံးပြုနေပြီဖြစ်ပေမယ့် Huawei အနေနဲ့ Smartphone Camera တွေမှာ ဒီနည်းပညာကိုအသုံးပြုမယ့်နည်းလမ်းကို 2018, November ကတည်းက မူပိုင်ခွင့်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Huawei အတွင်းပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရ Huawei ဟာ RGB, Monochrome နဲ့ TOF 3D Camera တို့ပါဝင်မယ့် Triple Camera Set-up ကို ဖန်တီးနေပြီး Camera အတွင်း Liquid ပါဝင်မှုကြောင့် Liquid Lens သုံးနိုင်ခြေကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ Liquid Lens တွေကို Huawei ရဲ့ Mate 30 series တွေမှာ စတင်မြင်တွေ့ရနိုင်ခြေရှိပြီး တကယ်ဖြစ်လာခဲ့ရင်တော့ ဒီနည်းပညာဟာ Smartphone Camera တွေအတွက် ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်လာတော့မှာပါ။

Source

Leave a Reply

Your email address will not be published.