This is digital planet.

ArticlesHuaweiTech News

$150 တန် HUAWEI Y6p စမတ်ဖုန်းရဲ့ အားသာချက်များ တင်ပြခြင်း

HUAWEI Y6p ဆိုလို့ စမတ်ဖုန်း ထုတ်လုပ်သူတွေ အနေနဲ့ တစ်နှစ်တခါ မရိုးမအီရအောင် အဆန်းသစ်ဆုံး Flagship စမတ်ဖုန်းတွေ ကြေညာပေးလေ့ရှိပါတယ်၊ သို့ပေမယ့် ပြိုင်ဆိုင်မှု အားကောင်းလာတဲ့ နောက်ပိုင်း အမျိုးမျိုးသော ဖုန်းတွေ မြင်တွေ့လာရတယ်။

စျေးကွက် ဝယ်လိုအား များနေတာတပိုင်း ယခု 2020 နှစ်လယ်ပိုင်းထဲမှာကိုပဲ Entry Level အပြင် Budget, Mid-range အစားစားသော စမတ်ဖုန်းတွေ မိတ်ဆက်နေကြပါတယ်။ အဲ့ဒီထဲကမှ ဒေါ်လာ ၁၅၀ တောင် မကုန်ကျနိုင်တဲ့ ဖုန်းတစ်လုံးနဲ့ မိတ်ဆက်ပေးလိုပြီး ထူးခြားချက်တချို့ပါ တပါးတည်း ဖော်ပြလိုပါတယ်။

HUAWEI Y6p

Image: HUAWEI

ပထမဦးစွာ စကားချည်လိုတာက သုံးစွဲသူအများစု Entry Level ဖုန်းတစ်လုံးဟာ ခေတ်မီတဲ့ ဒီဇိုင်း (သို့) Cutting Edge နည်းပညာ သုံးထားမယ်/ပါဝင်မယ်လို့ တွေးမထားကြပါဘူး။ ဒိအစား ပိုမိုသင့်လျော်တဲ့ အမျိုးစားကိုသာ ဦးစားပေးကြသလို ကောင်းမွန်တဲ့ ဖုန်းတစ်လုံးကို စာသံ၊ ပေသံနဲ့ ဖွဲ့နွဲ့ရရင် ယိုစိမ့်မှုမရှိတဲ့ ရေဗုံးတစ်လုံးလို့ တင်စားနိုင်ပါတယ်။

HUAWEI Y6p

Bucket Effect လို့ သုံးနှုန်းသလို ရေဗုံးထဲရှိ ရေပမာဏဟာ သုံးစွဲသူဦးရေ ပမာဏ ဘယ်လောက်ရှိလဲ သိနိုင်သလို အကယ်လို့များ အပေါက်ဖာနဲ့ ယိုစိမ့်မှု ရှိနေခဲ့ရင် Leaky Bucket လို့ ပြောကြတယ်။

ဒါကြောင့်မို့ စမတ်ဖုန်းကောင်း ဖြစ်နေဖို့ရာ အဆိုပါအင်္ဂါရပ်နဲ့ ကိုက်ညီမှု ရှိနေဖို့လိုပါတယ်။

HUAWEI Y6p မှာ 5,000 mAh Battery အသုံးပြုထားပြီး Galaxy A11 နဲ့ OPPO A3K တို့မှာ 4,000 mAh Battery နဲ့ 4,230 mAh Battery တို့သာ ပါဝင်လို့ သူ့စျေး၊ သူ့တန်ဖိုး အနေထားနဲ့ဆိုရင် ပမာဏ အများဆုံး ပိုင်ဆိုင်ထားတာပါ။

A Beautiful Display

ထို့နည်းတူ 6.3” ရှိ LCD Screen အသုံးပြုထားပြီး Dewdrop Display နဲ့ မြင်တွေ့ရမယ့် Y6p ဟာ ကျော့ရှင်းလှပတဲ့ Display ဖွဲ့နွဲ့မှုနဲ့ ဆွဲဆောင်မှု ရှိစေမှာပါ။ Dewdrop Notch အတွင်းမှာ 2.65mm အရွယ်စားရှိ Front Camera ပါရှိမှာဖြစ်ပြီး Panel ဒီဇိုင်းဟာ 88.4% Screen-to-body Ratio ပိုင်ဆိုင်ထားပါတယ်။

HUAWEI Y6p

Image: HUAWEI

အလားတူ Virtual Keys တွေကို လွယ်လင့်တကူ သုံးနိုင်အောင် စီမံထားတဲ့အတွက် Gaming Experience ပိုင်းအတွက် အဆင်ပြေတယ်။ Viewing Experience ကျယ်ပြန့်တဲ့အတွက် ရုပ်ရှင်ကြည့်တာနဲ့ Web Browsing အတွက်လည်း သင့်လျော်တာပါ။

Big Battery and Reverse Charging

ဒုတိယ အားသာချက်တရပ်ကတော့ Battery ပမာဏဖြစ်ပြီး Entry Level ဖုန်းတွေမှာ မြင်ရလေ့ရှိတဲ့ 4,000 mAh Capacity ထက် ပိုများတဲ့ Battery ကို တပ်ဆင်ပေးထားတယ်။ 5,000 mAh ပမာဏနဲ့အတူ ဒေါ်လာ ၁၅၀ တန်းမှာ အများဆုံး Capacity ပိုင်ဆိုင်ထားတဲ့ Y6p ဟာ Reverse Charging စနစ်ကိုလည်း ထောက်ပံ့ထားပါတယ်။

အဆိုပါ Reverse Charging အသုံးပြုဖို့ OTG Cable တစ်ခုသာ လိုအပ်မှာဖြစ်ပြီး စမတ်ဖုန်းကို Power Bank သဖွယ် အသုံးပြုစေနိုင်မှာပါ။ ဒါ့အပြင် လျှင်မြန်တဲ့ Data Backup Feature တစ်ခုကိုလည်း ထည့်သွင်းပေးထားလို့ အရေးကြီးတဲ့ Data မှန်သမျှ 60Mb/s နှုန်းနဲ့ Quick Data Backup လုပ်ဆောင်ချက်ကို သုံးလို့ရပါသေးတယ်။

More RAM, More Storage

သုံးစွဲသူအများစုဟာ ဆောင်ထားလိုတဲ့ App တွေ (သို့) အသုံးပြုချင်တဲ့ App တွေ Download ဆွဲဖန်များရင် Personal Data နဲ့ ရောလာတဲ့အခါ Entry Level ဖုန်းတစ်လုံးအတွက် ပါဝင်တတ်တဲ့ 32GB Storage ဟာ မလောက်မင မှုတွေ ဖြစ်လာတတ်ပါတယ်။

Galaxy A11 နဲ့ OPPO A3K တို့မှာ အဆိုပါ ပမာဏသာ ပါဝင်ပြီး System Partition နဲ့ System Apps တို့ ပြန်ခွဲထုတ်လိုက်ရင် စမတ်ဖုန်းမှာ အသုံးပြုနိုင်တဲ့ Storage ပမာဏက 20GB ဝန်းကျင်သာ ကျန်ပါတော့တယ်။

HUAWEI Y6p

Image: HUAWEI

တကယ်လို့သာ သုံးစွဲသူအနေနဲ့ ဓာတ်ပုံရိုက်ကဲတယ်၊ Apps မှအပ တခြား Media File တွေ Download ဆွဲသုံးတတ်သူမျိုးဆိုရင် ဖုန်းထဲဖိုင် ဖျက်လိုက် ၊ အသစ်ဆွဲလိုက် ပြန်ဖျက်လိုက်နဲ့ သံသရာရှည်နေမှာပါ။

HUAWEI Y6p မှာ 3GB (သို့) 4GB RAM နဲ့ 64GB Storage ပါဝင်သလို အဆိုပါဖုန်းတွေရဲ့ နှစ်ဆ အသုံးပြုထားတာ ဖြစ်တဲ့အတွက် နေ့စဥ်လိုအပ်ချက် မှန်သမျှ အထွေထူး မရှိဘဲ ဖြည့်ဆည်းနိုင်မှာပါ။ တကယ်လို့များ ထပ်ဖြည့်ချင်တယ်ဆိုရင် microSD Slot ကနေ 512GB ပမာဏအထိ တိုးချဲ့နိုင်ပြီး အဆိုပါ Storage Media ကိုတော့ သီးသန့်ဝယ်ယူရမှာပါ။

တန်ဖိုးသင့် Y6p ကို Phantom Purple ၊ Emerald Green နဲ့ Midnight Black အစရှိတဲ့ အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာပါ။

အဆိုပါ စမတ်ဖုန်းကို မြန်မာငွေ ၁၇၉,၀၀၀ ကျပ်နဲ့ အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ၊ အထက်မှာ ဖော်ပြခဲ့တဲ့ Features တွေအတိုင်းဆိုရင် 2020 ပထမနှစ်ဝက်အတွင်း မိတ်ဆက်ခဲ့တဲ့ Entry Level ဖုန်းတွေထဲမှာ Overall Performance နှိုင်းယှဥ်ရင် အကောင်းဆုံးထဲကတစ်ခုလို့ ဆိုရမှာပါ။

ဒိထက် ပိုရိုးရှင်းတာ ပြောရရင်တော့ ဒေါ်လာ ၁၅၀ လောက် သုံးလိုက်တာနဲ့ ကိုယ့်လိုအပ်ချက်နဲ့ အပြည့်ဝဆုံး ဖုန်းတစ်လုံးကို ညွှန်ပြပါဆိုရင် HUAWEI Y6p လို့ ဆိုရမှာပါ။

HUAWEI Y6p Official Homepage