This is digital planet.

ArticlesHuawei

မြန်မာငွေ ၁၇၉,၀၀၀ တန် Huawei Y6p မှာ ဘာတွေထူးခြားနေမလဲ

HUAWEI Y6p ဟာ Budget စမတ်ဖုန်းတွေထဲမှာ ရေပန်းစားနေတဲ့ မော်ဒယ်တစ်ခုပါ။ ရောင်းချနေတဲ့ မြန်မာငွေ ၁၇၉,၀၀၀ တန်ဖိုးအားဖြင့်လည်း ရွေးချယ်စရာ ဖြစ်နေတဲ့အတွက် Y6p ကို စိတ်ဝင်တစား ဖြစ်နေကြတာပါ။

ကျွန်တော်တို့အနေနဲ့လည်း Y Series စမတ်ဖုန်း အားသာချက်တွေ အားလျော်စွာ ဖော်ပြရင်း ဒီတခါမှာတော့ Y6p စမတ်ဖုန်းအကြောင်းကို Impression ပုံစံမျိုးနဲ့ တင်ဆက်ပေးချင်ပါတယ်။

The Y6p Display

ရှေ့ဦးစွာ ပြောလိုတာက Y6p မှာ သိသာတဲ့ အားသာချက် ၃ မျိုး ရှိတဲ့ အကြောင်းပါ။ စာဖတ်သူတွေ သိရှိထားပြီးတဲ့အတိုင်း 6.3” LCD Screen ကို အသုံးပြုပေးထားပြီး Resolution အနေနဲ့ 720 x 1,600p ပါဝင်မှာပါ။ Dewdrop Notch နဲ့အတူ မြင်တွေ့ရတဲ့ အဆိုပါ စမတ်ဖုန်းဟာ 88.4% Screen-to-body Ratio ပိုင်ဆိုင်ထားပါတယ်။

Display နဲ့အတူ တဆက်ထဲ ပြောချင်တာက Y6p ဟာ ပလတ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ အချက်ပါ။ အလေးချိန် အနေနဲ့ 183g လောက် သွားတဲ့အတွက် Budget ဖုန်းတစ်လုံးအတွက် အနည်းငယ် ဝိတ်ရှိတယ် ဆိုရမှာပါ။

HUAWEI Y6p

Image: HUAWEI

သို့ပေမယ့် ကိုယ်ထည် ဖွဲ့စည်းမှု အပိုင်းမှာ သေသပ်မှုရှိသလို ကျောဘက် Triple Camera နဲ့ HUAWEI Logo စာလုံး တစ်တန်းထဲ ဖော်ထားပုံနဲ့ Fingerprint Reader ထားတဲ့ Position က Unlock လုပ်ဖို့ လွယ်ကူစေပါတယ်။

Design

နောက်တမျိုး ပြောရရင် Design နဲ့ Display ပိုင်းမှာ ထွေထွေထူးထူး ပြောစရာ မရှိပေမယ့် အသုံးပြုထားတဲ့ Resolution အတိုင်း ချင့်ချိန်ရရင် တေးသီချင်းနားဆင် ၊ အင်တာနက်သုံးရင်း ရုပ်ရှင်ကြည့် အပန်းဖြေတာမျိုးအတွက် သင့်လျော်ပါတယ်။

ဒုတိယတစ်ချက်က Y6p Display ဟာ TUV Certified ဖြစ်တဲ့အတွက် မျက်လုံးကို ထိခိုက်စေမယ့် Blue Light ကို Filter လုပ်ပေးနိုင်သလို ဖုန်းမျက်နှာပြင်နဲ့ မျက်လုံး တာရှည်ထိတွေ့မှုက ဖြစ်ပွားလာမယ့် အကျိုးဆက်တွက် အထိုက်လျောက် ကာကွယ်ပေးနိုင်ပါတယ်။

ဂိမ်းကစားခြင်းနဲ့ Multi-tasking ပိုင်းအတွက်ကျ MediaTek Helio P22 SoC အသုံးပြုထားလို့ Heavy Loading မျိုးအတွက်ကျ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပါ။

Performance

သို့ပေမယ့် Y6p ကို 3GB (သို့) 4GB RAM အဖြစ် ရွေးချယ်နိုင်လို့ လူငယ်တွေအတွက် သင့်လျော်သလို ဖုန်းပြောဆိုတာမျိုးနဲ့ အင်တာနက် အသုံးပြုတာလောက်ပဲ သုံးစွဲချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။

HUAWEI Y6p

Image: HUAWEI

အချက်လက် သိုလှောင်မှုအနေနဲ့ 64GB Storage ကို ထည့်သွင်းပေးထားပြီး လိုအပ်ရင် microSD ကနေတဆင့် ထပ်တိုးချဲ့နိုင်ပါတယ်။ အခုလို Budget ဖုန်းတစ်လုံးအတွက် များပြားတဲ့ Storage ပါဝင်လာမှုက တေးသီချင်း ၊ ရုပ်ရှင်တွေကို လိုသလို သိမ်းဆည်းနိုင်သလို နေရာ မလောက်မငဖြစ်မှာ စိုးရိမ်နေစရာလည်း မလိုပါဘူး။

နောက်ပြီး အပျော်တမ်း ဓာတ်ပုံရိုက်သည်ဖြစ်စေ ၊ အမှတ်တရ သိမ်းဆည်းထားဖို့ လုံလောက်မှုရှိတဲ့အတွက် သုံးပျော်ပါတယ်။

Triple Camera

ကင်မရာပိုင်းမှာဆိုရင်လည်း 13MP f/1.8 ပါဝင်တဲ့ Primary Lens ၊ 5MP f/2.2 ရှိ Ultra-wide နဲ့ 2MP f/2.4 ရှိ Depth Sensor တို့ အသုံးပြုပေးထားပါတယ်။

Budget ဖုန်းဖြစ်သည့် အားလျော်စွာ ကင်မရာပိုင်းမှာ အထွေထူး ပြုလုပ်ထားတာမျိုး မရှိပေမယ့် အလှဓာတ်ပုံ ဖန်တီးလိုတဲ့အခါ ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးတဲ့အခါမျိုးမှာ f/1.8 ရှိ Primary Lens နဲ့ Ultra-wide Lens တို့က ကောင်းစွာ အကျိုးပြုပါတယ်။

Depth Sensor ကိုတော့ Bokeh Effect ဖန်တီးလိုတဲ့အခါ သုံးစွဲနိုင်သလို $150 တန် ဖုန်းတလုံးပေးစွမ်းတဲ့ ကင်မရာ စွမ်းဆောင်ရည်က လုံလောက်တယ် ဆိုရမှာပါ။ ဗီဒီယို ရိုက်ကူးမှုအတွက် 1,080p Format ကို Standard အနေနဲ့ အသုံးပြုနိုင်ပြီး 30fps နှုန်းနဲ့ ရိုက်ကူးပေးနိုင်မှာပါ။

HUAWEI Y6p

Image: HUAWEI

သို့အတူ Selfie အတွက် အသုံးပြုထားတဲ့ 8MP Lens က Portrait အလှ ရိုက်ကူးဖို့ အထောက်ကူပြုသလို ချိန်ညှိနိုင်တဲ့ Beauty Level ၁၀ မျိုး ပါဝင်ပါတယ်။

အခုလို Hardware ပိုင်း အချက်လက်တွေအပြင် Y6p စမတ်ဖုန်းမှာ အားဖြည့်ထားတဲ့ အချက်တချို့ ဖော်ပြချင်ပါတယ်။ ပထမဆုံးက Audio အပိုင်းပါ။ Budget စမတ်ဖုန်း ဖြစ်သည့်အားလျော်စွာ အပန်းဖြေ အသုံးပြုဖို့ သင့်တင့်တဲ့အတွက် ပါဝင်တဲ့ လုပ်ဆောင်တခုက HUAWEI SuperSound ပါ။

Audio

Test Lab မှာ စမ်းသပ်ချက်အရ 88db Audio Output ထုတ်လွတ်ပေးနိုင်ပြီး အဆိုပါ Loudness က တေးသီချင်းနားဆင်တာ ၊ ရုပ်ရှင်ကြည့်တာနဲ့ တချို့သော ဗီဒီယို ဂိမ်းကစားခြင်းအတွက် အားဖြစ်စေမှာပါ။

အခုလို ကျယ်လောင်တဲ့ အသံထုတ်ပေးနိုင်တဲ့အပြင် 9.1 Surround Sound ကို အတုယူ ထုတ်လွင့်ပေးနိုင်တဲ့အတွက် ဘယ်လိုပဲ ပြောပြော Audio အပိုင်းမှာတော့ ကျေနပ်မှု ရရှိစေမှာပါ။

ဒုတိယ တချက်က Wireless FM Radio ပါဝင်တဲ့အချက်ပါ။ Y6p Device ကို အချိန်မရွေး Wi-Fi သို့ Bluetooth ချိတ်ဆက်မှုကတဆင့် FM Radio နားဆင်နိုင်ပြီး နောက်အားသာချက်တစ်ခုက Reverse Charging စနစ် ထည့်သွင်းထားတာပါ။

အဆိုပါ စနစ်ကို OTG ကြိုးတပ်လိုက်ရုံနဲ့ အသုံးပြုနိုင်ပြီး Y6p ကတဆင့် တခြား စမတ်ဖုန်းတွေဆီကို 6W Speed နဲ့ အားသွင်းပေးနိုင်ပါတယ်။ ဒီလို အားသွင်းပေးနိုင်ဖို့ 5,000 mAh (5V/2A) Battery အသုံးပြုပေးထားပြီး ပါဝါအစားနည်းတဲ့ ဖုန်းတလုံးအတွက် ချွေချွေတာတာ သုံးစွဲရင် အများဆုံး ၂ ရက် အသုံးခံမှာပါ။

Bigger Battery

တကယ်လို့ ရုပ်ရှင်ကြည့်မယ်ဆိုရင် 1,080p Video တွေကို 13hrs နီးပါး ဆက်တိုက်ကြည့်ရှုနိုင်သလို 4G VoLTE Call အတွက် 36hrs နဲ့ 4G Browsing အသုံးပြုမှုအတွက် နာရီ ၄၀ နီးပါး အားခံမယ်လို့ Test Lab အဆိုရ သိရပါတယ်။

Software ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အနေနဲ့ Knuckle Screenshot လုပ်ဆောင်ချက် ပါဝင်ပြီး လက်ဆစ်နဲ့ စမတ်ဖုန်း မျက်နှာပြင် ခေါက်လိုက်ရုံဖြင့် အလွယ်တကူ Screenshot ရယူနိုင်မှာပါ။

HUAWEI Y6p မှာ နောက်ဆုံးထွက် Android 10 OS နဲ့အတူ EMUI 10.1 နဲ့ မောင်းနှင်ထားပြီး ဓာတ်ပုံတွေကို အလွယ်တကူ Edit လုပ်နိုင်မယ့် Create Collage ၊ တခြားဖုန်းကို အားသွင်းနေစဥ် Data Backup လုပ်နိုင်မယ့် Software ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အသစ်တွေ ပါဝင်ထားပါတယ်။

HUAWEI Y6p

အခုလို ထူးခြားချက်တွေ လေ့လာကြည့်တဲ့အခါ HUAWEI Y6p ဟာ Budget စမတ်ဖုန်းထဲမှာ ရွေးချယ်စရာ ဖြစ်စေသလို ပိုက်ဆံချွေတာလိုသူ ၊ အင်တာနက် အသုံးပြုရင်း ဖုန်းခေါ်ဆိုမှုအတွက် သုံးစွဲလိုသူနဲ့ ကျောင်းသား ၊ ကျောင်းသူတွေအတွက် သင့်လျော်တဲ့ ဖုန်းတလုံးလို့ ဆိုရမှာပါ။

HUAWEI Y6p

Image: HUAWEI

Budget စမတ်ဖုန်းဆိုပေမယ့် ပါဝင်တဲ့ အစိတ်ပိုင်းတွေ ယုတ်လျော့မှု မရှိသလို များပြားတဲ့ Storage နဲ့ တနေ့တာ သုံးစွဲမှု အသာလေး လုံလောက်တဲ့ Battery ပါရှိမှုတို့က အားသာချက်တွေပါ။

ဒါကြောင့်မလို့ တန်ဖိုးသင့် ဖုန်းတစ်လုံး ရှာဖွေနတယ်ဆိုရင် Y6p ကို အကြုံပြုလိုပြီး သုံးစွဲသူ နှစ်ခြိုက်မယ့် Phantom Purple ၊ Emerald Green နဲ့ Midnight Black အရောင် ၃ မျိုးနဲ့ ရွေးချယ်နိုင်တာကိုလည်း ဖော်ပြလိုက်ရပါတယ်။

HUAWEI Y6p Homepage