fbpx

This is digital planet.

HuaweiTech News

HUAWEI Y7p မှာ ဘာတွေ ထူးခြားလာပြီလဲ?

ဖုန်းတစ်လုံးကို အထာကျကျ ကိုင်ချင်တယ်၊ တန်ဖိုးကလည်း မကြီးလွန်း၊ စွမ်းဆောင်ရည်လည်း အသင့်အတင့် ဖြစ်ရမယ်ဆိုရင်တော့ ရွေးချယ်စရာ ဖုန်းတစ်လုံး ရှိနေတယ်လို့ အရင် ပြောချင်ပါတယ်။

မိတ်ဆက်သွားတာကလည်း ဇန္နဝါရီလ ၂၀ ရက်နေ့တုန်းကဆိုတော့ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ ပထမဆုံး ပြောချင်တာလေးက Y7p ဟာ ၂၀၁၉ တုန်းက ထွက်ရှိထားတဲ့ Y7 Prime/Pro အကိုတော် ဖြစ်ပါတယ်။

ဘယ်နေရာမှာ အဓိက ပြောင်းလဲလာလဲဆိုတော့ Y7p ရဲ့ Display ပဲ ဖြစ်ပါတယ်။ nova 5T တုန်းကလိုပဲ Punch-hole Display ကိုပဲ သုံးထားပြီး မျက်နှာပြင် အကျယ်က ၆.၃၉ (Nearly ၆.၄) လက်မ ရှိပါတယ်။

အောက်ဘက်က Chin ကိုလည်း Budget Level မှာ ခပ်သေးသေးလေး ဖြစ်အောင် လုပ်ပေးထားတဲ့အတွက် အမြင်အားဖြင့် ပိုဆွဲဆောင်မိရှိတယ်လို့ ခံစားရပါတယ်။

720 x 1560 HD+ Resolution ကိုပဲ ဆက်သုံးထားတဲ့အတွက် Punch-hole ဖြစ်သွားတာကလွဲရင် ထူးထူးခြားခြား ပြောင်းလဲလာတာ မရှိပါဘူး။ ဒါပေမယ့် Y7p ရဲ့ အဓိက Key Player ဖြစ်နေတာက Kirin 710 SoC နဲ့ နောက်ဘက်က Triple Camera Setup ပဲ ဖြစ်ပါတယ်။

Primary Shooter ကို 48MP (f/1.8) သုံးပေးထားတဲ့အတွက် Budget Level မှာတောင် ကောင်းကောင်း စွမ်းဆောင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ တွဲဖက်ထားတဲ့ Secondary (Ultra-wide) Lens က ၁၂၀ ဒီဂရီအထိ မြင်ကွင်းကျယ် ပုံရိပ်တွေ ရိုက်ကူးနိုင်တဲ့ 8MP ရှိပါတယ်။

တတိယ ကင်မရာကတော့ Portrait အလှပုံတွေ ရိုက်ကူးဖို့ ထည့်သွင်းထားတဲ့ 2MP Depth Sensor ပဲ ဖြစ်ပါတယ်။ လက်ရှိ အနေထားထိ Y7p ကို အသေချာ မသုံးကြည့်ရသေးတဲ့အတွက် ကင်မရာ စွမ်းဆောင်ရည် ဘယ်လောက် ရှိနေမလဲ မပြောနိုင်သေးပါဘူး။

ဒါပေမယ့် ၂ သိန်း ဝန်းကျင်မှာ Triple Camera နဲ့ Kirin 710 SoC သုံးထားတာက ကျေနပ်စရာ ကောင်းပါတယ်။ ရှေ့ဖက် Punch-hole ထဲမှာ ထည့်သွင်းထားတဲ့ 8MP Selfie Camera ကလည်း HUAWEI အဆိုရ Face Unlock 2.0 ကို ထောက်ပံ့သေးတဲ့အတွက် Price to Performance စဥ်းစားသင့်တဲ့ ဖုန်းတလုံးလို့ မြင်ပါတယ်။

နောက်ထူးခြားချက်ကတော့ Y7p စမတ်ဖုန်းမှာ Application တွေ သီးသန့် အသုံးပြုဖို့တဲ့ HUAWEI AppGallery ပါဝင်လာတာ ဖြစ်ပါတယ်။ HUAWEI အနေနဲ့ Mate 30 Pro မှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး 4 Layers Security Features နဲ့ HUAWEI AppGallery ကို အသုံးပြုနိုင်မှာပါ။

ဒီဇိုင်းပိုင်း ပြောရမယ်ဆိုရင်တော့ မြင်ဖူးနေကျ HUAWEI ဖုန်းတွေလိုပဲ Glossy Plastic နဲ့ လုပ်ထားတယ်။ အလယ်မှာ Fingerprint Sensor ကို ထည့်ထားပြီးတော့ Triple Camera ကို ဒေါင်လိုက်ကလေး တပ်ဆင်ထားပါတယ်။

ဖုန်းကိုယ်ထည်က ထူတယ်လို့ မြင်ရပေမယ့် အထဲမှာ 4,000 mAh Battery ပါဝင်ပါတယ်။ Y7p ရဲ့ ပါဝါအစားနည်းတဲ့ Kirin 710 SoC နဲ့ ဆိုရင်တော့ Normal Use နဲ့ ဂိမ်းကစားဖို့အတွက်က ဘာမှတွေးစရာမလိုဘူးလို့ ထင်ပါတယ်။

ကျွန်တော် အခုပြောသွားတဲ့အချက်တွေက မြန်မာငွေ ၂၂၉,၀၀ ကျသင့်မယ့် Y7p စမတ်ဖုန်းရဲ့ ထူးခြားချက် First Impression လေးပဲ ဖြစ်ပါတယ်။ စိမ်းပြာရောင်နဲ့ အနက်ရောင် အဖြစ် ရွေးချယ်နိုင်မယ့် Y7p မှာ 4GB RAM နဲ့ 64GB Storage ပါဝင်ပြီး ဇန္နဝါရီလ ၃၁ ရက် မတိုင်ခင် Pre-order မှာယူမယ်ဆိုရင်တော့ HUAWEI က မေတ္တာလက်ဆောင် ပေးအပ်မယ့် Band3e ရရှိမှာပါ။