This is digital planet.

ArticlesHuawei

HUAWEI Y8p စမတ်ဖုန်းရဲ့ အားသာချက်များ ကောက်နှုတ်တင်ပြခြင်း

2020 ဒုတိယ သုံးလပတ် (ဧပြီ ၊ မေ ၊ ဇွန်) ကာလတွေမှာ Mid-range စမတ်ဖုန်း စျေးကွက်ကြီး ပြိုင်ဆိုင်မှု အားကောင်းလာခဲ့ပါတယ်။ မိုဘိုင်း နည်းပညာသစ် ပါဝင်လာတဲ့ မော်ဒယ်သစ်တွေဟာ တန်ဖိုးအားဖြင့် သင့်လျော်သလို HUAWEI Y8p မိတ်ဆက်လာတဲ့အချိန်မှာ ပိုပြီးတော့ စိတ်ဝင်စားမှု များလာစေပါတယ်။

အထူးသဖြင့် 48MP AI Triple Camera ၊ OLED Display ၊ 128GB Storage နဲ့ 4,000 mAh Battery တို့ အသုံးပြုထားတာ အားသာချက် ဖြစ်နေသလို Y8p မှာ In-screen Fingerprint Reader ပါဝင်တဲ့အတွက် ပိုပြီးတော့ အရှိန်ရစေတာပါ။

ဒီလို ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးကို $229 တန်ကြေးနဲ့ ရောင်းချနေတာဆိုတော့ စွမ်းဆောင်ရည်နဲ့ တန်ဖိုးကို ကောင်းမွန်စွာ အချိုးချ ပေါင်းစပ်ပေးထားတယ် ဆိုရမှာပါ။

HUAWEI Y8p အားသာချက်များ

48MP Triple Rear Cameras

ယခုအချိန်ကိုက မိုဘိုင်း Photography နဲ့ ပတ်သက်လာရင် သုံးစွဲသူအများစု နှစ်ခြိုက် အသုံးပြု ကျတာဖြစ်တဲ့အတွက် Budget စမတ်ဖုန်းတွေမှာတောင် ကင်မရာ နည်းပညာ အဆင့်မြင့်လာပြီ ဖြစ်ပါတယ်။

HUAWEI Y8p မှာ 48MP AI Triple Camera အသုံးပြုထားပြီး Aperture f/1.8 ရှိ 48MP Primary Lens ၊ 8MP Ultra-wide Lens တစ်လုံးနဲ့ 2MP Depth Sensor တို့ ပါဝင်မှာပါ။ Primary Sensor ဟာ 1/2″ အရွယ်စားရှိပြီး မြင့်မားတဲ့ ISO Sensitivity နဲ့ Sharp Imaging လုပ်ဆောင်ချက်တို့ ထောက်ပံ့ထားပါတယ်။

HUAWEI Y8p

Image: HUAWEI

အလားတူ Night Shot Feature ကလည်း သုံးစွဲသူတွေကို ညအချိန်မှာ ၆ စက္ကန့်ကြာ Long Exposure Mode ရိုက်ကူးနိုင်စေမှာပါ။ ဒိအတွက် AI လုပ်ထုံးနဲ့ ပံ့ပိုးထာပြီး Multiple Frame တွေကို Process လုပ်ဖို့နဲ့ Noise လျှော့ချပေးဖို့ တာဝန်ယူမှာပါ။

ဒါကြောင့်မလို့ အလင်းရောင် အားနည်းချိန်မျိုး ရိုက်ကူးတဲ့အခါမှာတောင် အရည်သွေး ကောင်းမွန်တဲ့ Image Quality ကို ပေးစွမ်းနိုင်ပါတယ်။

8MP Ultra-wide Lens ကတော့ ပိုမိုကျယ်ပြန့်တဲ့ 120 Degree မြင်ကွင်းကျယ် Panoramic ရိုက်ချက်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေနဲ့ ဖြစ်ဖြစ် ၊ သူငယ်ချင်း အပေါင်းပါတို့နဲ့ တပျော်တပါး လည်ပတ်ကြတဲ့အခါ Group Photos ဖန်တီးဖို့ အသင့်လျော်ဆုံး ဖြစ်စေမှာပါ။

HUAWEI Y8p

Image: HUAWEI

Depth Sensor ရဲ့ Main Function ကတော့ Bokeh ရိုက်ချက်တွေ ၊ Background Blurring Effect ကောင်းမွန်စွာ အသုံးချပြီး အသားပေး ဖော်ပြလိုတဲ့ Object ကို ကောင်းမွန်စွာ ရိုက်ကူးဖန်တီးနိုင်ဖို့ အကူညီ ပေးမှာပါ။

OLED Dwedrop Display

ဒုတိယ အားသာချက် အနေနဲ့ ဖော်ပြလိုတာ Y8p မှာ သုံးစွဲထားတဲ့ OLED Panel ပါ။ 6.3” ပုံဖော်မျက်နှာပြင်မှာ OLED Dwedrop Display ထည့်သွင်းပေးထားလို့ High Definition ရုပ်ထွက်တွေကို ပိုမို ကောင်းမွန်စွာ ရှုစားနိုင်မှာပါ။

ထို့အတူ 90.17% Screen-to-body Ratio ပိုင်ဆိုင်ထားလို့ Viewing Experience ပိုကောင်းစေမယ့်အပြင် 1,080 x 2,400 (Full HD+) Resolution ထောက်ပံ့ထားတဲ့အတွက် Display Quality ပိုင်းမှာလည်း ပြည့်စုံမှုရှိတယ် ဆိုရမှာပါ။

HUAWEI Y8p

Image: HUAWEI

အရောင် အသွေး ညက်ညောမှု ရှိတဲ့အပြင် HUAWEI Eye Comfort Mode ထည့်ပေးထားတဲ့အတွက် Blue Light ကို အထောက်လျောက် လျှော့ချပေးနိုင်မယ်၊ Daily Screen Time လုပ်ဆောင်ချက်ကြောင့် Display ကို တာရှည်ကြည့်ရှုမိခြင်းက မျက်စိ ညောင်းညာတာကို ကာကွယ်ပေးနိုင်ဦးမှာပါ။

ဒါကြောင့် HUAWEI Y8p ဟာ စမတ်ဖုန်းနဲ့ အချိန်ပြည့် အလုပ်လုပ်နေရသူတွေအတွက် သင့်လျော်သလို OLED Panel နဲ့ အလိုက်ဖက်ဆုံး Feature တစ်ခုဖြစ်တဲ့ Always-on Display (AOD) Function ကို EMUI 10.1 OS နဲ့ အားဖြည့်ပေးထားပါတယ်။

AOD ပါဝင်တဲ့အတွက်ကြောင့် နာရီ ၊ Battery Levels နဲ့ Reminder အစရှိတဲ့ Notifications တွေကို Screen ပိတ်ထားလည်း အသုံးပြုလို့ ရနေစေမှာပါ။

128GB Storage သိုလှောင်မှု ပါဝင်ခြင်း

Y8p မှာ 128GB ပမာဏရှိတဲ့ Storage သိုလှောင်မှုကို Standard အနေနဲ့ ပါဝင်ထားတဲ့အတွက်ကြောင့် Mid-range နဲ့ High-end စမတ်ဖုန်းနည်းတူ အသုံးချနိုင်မှာပါ။ သို့အတူ 4GB ဒါမှမဟုတ် 6GB RAM ရွေးချယ်နိုင်တဲ့အတွက် သုံးစွဲသူတွေကို စိတ်ကျေနပ်မှု ပေးစွမ်းဦးမှာပါ။

Storage Space ချွေတာပေးနိုင်ဖို့ Extendable Read-only File System (EROFS) လုပ်ဆောင်ချက် ပါဝင်ထားပြီး 128GB Storage Media (Flash Memory) ရဲ့ Random Read Speed ကို Software Layer နဲ့ ထိန်းချုပ်ပေးထားမှာပါ။

HUAWEI Y8p

Image: HUAWEI

HUAWEI Lab မှာ စမ်းသပ်ချက်တွေအရ EROFS သုံးထားတဲ့ ဘယ်ဖုန်းမဆို 2MB အရွယ်စားရှိ ဓာတ်ပုံ ၁,၀၀၀ နဲ့ 4MB အရွယ်စားရှိ သီချင်းအပုဒ်ပေါင်း ၅၀၀ အပိုဆောင်း သိမ်းဆည်းထားနိုင်မှာပါ။

4,000 mAh Battery

HUAWEI Y8p မှာ 4,000 mAh Capacity ရှိ ဘက်ထရီ အသုံးပြုထားပြီး တစ်နေ့တာ သုံးစွဲဖို့ လုံလောက်တဲ့ စွမ်းအင်ပမာဏကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကိုမှ EMUI 10.1 OS မှာ ပါဝင်လာတဲ့ Power Saving Mode နဲ့ ဘက်ထရီကို ဆွဲဆန့်ထားနိုင်တဲ့အတွက် အားအကုန်မြန်တဲ့ ပြဿနာကို အထိုက်လျောက် လျှော့ချပေးနိုင်မှာပါ။

HUAWEI Y8p

Image: HUAWEI

On-screen Fingerprint Scanner

Y-series စမတ်ဖုန်း အများစုမှာ Rear (ကျောဘက်) Fingerprint Reader ပါဝင်လေ့ရှိတယ် ဆိုပေမယ့် Y8p မှာ ပိုမိုကောင်းမွန်လာတဲ့ In-screen Fingerprint နည်းပညာ အသုံးပြုပေးထားပါတယ်။

ဒီနည်းပညာမှာ Scanner ရဲ့ Sensitive Origin ကို ပိုမို တုံ့ပြန်အားကောင်းအောင် ပြုလုပ်ထားသလို ဘယ်လို အခြေနေမျိုးမှာပဲ သုံးစွဲ ၊ သုံးစွဲ စမတ်ဖုန်းကို အလျှင်အမြန် Unlock လုပ်ပေးနိုင်ဖို့ စီမံထားပါတယ်။ အခြေနေ အမျိုးမျိုးဆိုတာ ခြောက်သွေ့ပြီး အေးမြမှုရှိတဲ့ Conditions နဲ့ Direct Sunlight ၊ Dim Indoor Lighting တို့ ပါဝင်ပါတယ်။

HUAWEI Y8p

Image: HUAWEI

HUAWEI Y8p ကို Breathing Crystal နဲ့ Midnight Black ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။ စမတ်ဖုန်းဟာ 163g အလေးချိန်စီးပြီး HUAWEI Mobile Service (HMS) Ecosystem နဲ့ AppGallery Platform ကနေ နှစ်သက်ရာ Apps တွေ Download ဆွဲချပြီး အသုံးပြုနိုင်မယ့် Service တွေ ပါဝင်ပါတယ်။

ဒါကြောင့်မလို့ ဖော်ပြပါ အချက်လက်တွေ ထောက်ချင့်ပြီး ဖုန်းတစ်လုံးဟာ ခေတ်မီ နည်းပညာတွေ ပါဝင်ရမယ်၊ တန်ဖိုးအားဖြင့်လည်း သင့်လျော်တာမျိုး ဖြစ်ရမယ်ဆိုရင်တော့ မြန်မာငွေ ၂၉၉,၀၀၀ တန် HUAWEI Y8p မှာ အဖြေရှိပါတယ်။

HUAWEI Y8p Homepage