This is digital planet.

ArticlesHuawei

၃ သိန်းတန် HUAWEI Y8p ကို လေ့လာကြည့်ခြင်း

HUAWEI Y8p အကြောင်း ဆွေးနွေးတင်ပြရရင် ဒီဖုန်းရဲ့ အားသာချက် ဖြစ်တဲ့ OLED Panel ၊ ကင်မရာ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ရည် အပိုင်းကို ရောင်းချတဲ့ စျေးနှုန်းကို ထောက်ချင့်ပြီး မပြောမဖြစ် ပြောရမှာပါ။

နောက်တမျိုးပြောရရင် Mid-range ဖုန်းတလုံး စွမ်းဆောင်ရည် ထွေးပိုက်ထားပြီး High-end Budget အမျိုးစား အနေနဲ့ ထုတ်လုပ်ထားတာဖြစ်တာမို့ Y8p ဟာ ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ကျွန်တော်တို့တတွေ လေ့လာကြည့်တာပါ။

ကျွန်တော့် အနေနဲ့ မေတ္တာရပ်ခံလိုတာ အခုဖော်ပြသွားမယ့် အကြောင်းရာတွေကို Impression ပုံစံမျိုးနဲ့ပဲ တင်ဆက်သွားမှာပါ။ အကြောင်းအားလျော်စွာ Review လုပ်ခွင့်ရရင် တမျိုးတဖုံ ပြန်လည် တင်ဆက်ပေးသွားပါမယ်။

The HUAWEI Y8p

ဒီလိုဆိုရင် စကားချီးစနေကြ Design Language ကပဲ Intro ဝင်ရရင် Y8p ဖွဲ့စည်းပုံနဲ့ Build Quality ပိုင်း အားရစရာ ကောင်းတယ်လို့ ပြောချင်ပါတယ်။ HUAWEI Upper Mid-range တွေနဲ့ Flagship စီးရီးတွေမှာ မြင်ရတဲ့ 3D Curved Body ဒီဇိုင်းသုံးပေးထားလို့ ကိုင်ရတာ ချောမွေ့တဲ့ ခံစားမှုမျိုးကို ပေးစွမ်းမှာပါ။

ကိုယ်ထည် ကာလာပိုင်းအနေနဲ့လည်း ၂ ရောင်စပ် ပုံစံမျိုး သုံးပေးထားတဲ့အတွက် အမြင်အားဖြင့် ပြောရရင် ဆွဲဆောင်မှုရှိတယ်၊ နောက်ဘက် Triple Camera နဲ့ HUAWEI Logo ကိုလည်း ဘယ်ဘောင့်ထောင့်ခြမ်းမှာ ဒေါင်လိုက် Positioning လုပ်ထားတာက ကျနော့်အမြင် ပိုမိုက်ပါတယ်။

HUAWEI Y8p

HUAWEI Y8p

အလယ်မှာ Fingerprint Scanner မပါဝင်တော့သလို ကျောဘက်ကိုယ်ထည်တစ်ခုလုံး ချောမွေ့နေပြီး Unibody ဖြစ်တယ် ဆိုတဲ့ ခံစားချက်မျိုးပေးတာ ၃ သိန်းတန် ဖုန်းတလုံးအတွက် မဆိုးဘူးဆိုရမှာပါ။ 7.7mm အထူနဲ့ 163g အလေးချိန်ပဲ ရှိတယ်ဆိုတဲ့ Feedback ကလည်း Budget ဖုန်းကောင်းကောင်း ရှာနေသူအတွက် အကျိုးရှိစေမှာပါ။

with OLED Display

အိုကေ… Display ဖက် တချက်ရှိုးလိုက်ရင် Y8p မှာ OLED Panel အသုံးပြုထားတာ တွေ့ရမှာပါ။

OLED ဖြစ်သွားလို့ မထူးဆန်းဘူး ဆိုရပေမယ့် ထူးခြားချက်က 6.3” Panel မှာ 90,17% Screen-to-body Ratio ပိုင်ဆိုင်ထားတယ် ၊ နောက်တမျိုး ပြောရရင် ခပ်သေးသေး ဖြစ်သွားတဲ့ Chin ကြောင့် Viewing Experience အပိုင်းမှာ ပိုမိုက်လာတယ်။

နောက်တချက်က Budget ဖြစ်လို့ သာမန် HD အဆင့်လောက်ကို သုံးမထားဘဲ 1,080 x 2,400p (Full HD+) Resolution ပါဝင်တဲ့အတွက် ရုပ်ရှင်ကြည့်တာမျိုးနဲ့ ဂိမ်းဆော့တဲ့အခါမျိုးမှာ Strong ဖြစ်စေမှာပါ။

HUAWEI Y8p with OLED Display

HUAWEI Y8p

ဒီလို Display Quality ပိုင်းမှာ အားရစရာဖြစ်နေပေမယ့် Y8p မှာ Dewdrop Notch ပါဝင်မှာဖြစ်ပြီး သေးငယ်တဲ့ Notch အရွယ်စားကြောင့် Viewing Experience ပိုင်း အနှောက်ယှက် ဖြစ်မယ် မထင်ပါဘူး။ ဒါ့အပြင် AOD (Always-on Display) လည်း ပါဝင်လို့ သုံးစွဲသူတွေ သဘောကျစေဦးမယ်လို့ ထင်ပါတယ်။

အခုလို တန်ဖိုးသင့် ဖုန်းတလုံးအတွက် ကောင်းမွန်တဲ့ OLED Panel ပါဝင်တဲ့အပြင် အားရစရာ ဖြစ်စေမယ့် နောက်တချက်က In-screen Fingerprint Reader သုံးစွဲထားတာပါ။

In-display Fingerprint Scanner

HUAWEI အဆိုရ Optical Sensor ဟာ 0.35s အတွင်း Unlock လုပ်နိုင်သလို ရာသီဥတု အေးမြခြောက်သွေ့နေပြီး နေရောင်ခြည်အောက် အသုံးပြုရတဲ့အခါမျိုးမှာ တုံ့ပြန်အား ကောင်းအောင် စီမံထားပါသေးတယ်။

နောက်အားသာချက်တစ်ခုက HUAWEI စမတ်ဖုန်းတွေမှာ ပါဝင်နေကြ TUV Certified Display ဖြစ်ပြီး Y8p မှာလည်း သုံးစွဲသူ အမြင်အာရုံ ထိခိုက်စေမယ့် Blue Light ကို အထိုက်လျောက် Filter လုပ်ပေးနိုင်မှာပါ။

with In-display Fingerprint Sensor

HUAWEI Y8p

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Y8p မှာ Kirin 710F SoC ကို အသုံးပြုပေးထားပြီး 12nm Process နဲ့ ထုတ်လုပ်ထားတဲ့ အဆိုပါ Chipset ဟာ Mali-G51 GPU နဲ့အတူ လုပ်ငန်းဆောင်တာတွေကို လျှင်မြန်ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ပါတယ်။

ဂိမ်းကစားဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်ထားသလို 6GB RAM နဲ့ ရွေးချယ်နိုင်မယ့် စမတ်ဖုန်းဟာ 128GB Standard Storage အနေနဲ့ ဝယ်ယူနိုင်မှာပါ။

Storage Media on Y8p

HUAWEI Y8p

ဒါကြောင့် ရုပ်ရှင်နဲ့ တေးသီချင်းနားဆင် ကြည့်ရှုလိုသူတွေ Data များများ သိမ်းဆည်းနိုင်သလို ဓာတ်ပုံဝါသနာအိုးတွေ အနေနဲ့လည်း လုံလောက်တဲ့ Storage ပိုင်ဆိုင်ရမှာပါ။

Enough Storage, more RAM

ဒါကိုမှ ထပ်တိုးချင်တယ်ဆိုရင် Nano Memory (NM) ကတဆင့် 256GB ပမာဏအထိ အသုံးပြုနိုင်ဦးမှာပါ။ Y8p နဲ့ ဦးစားပေး ဖော်ပြလိုတဲ့ အထဲမှာ ကောင်းမွန်တဲ့ OLED Display အပြင် ပါဝင်လာတဲ့ Triple Cam လုပ်ဆောင်ချက်တွေပါ။

တန်ဖိုးသင့် Mid-range ဖုန်းနည်းတူ Aperture f/1.8 ရှိ 48MP Primary Lens ၊ 120 ရိုက်ကူးနိုင်မယ့် f/2.4 ရှိ Ultra-wide Lens နဲ့ 2MP f/2.4 Depth Sensor တို့မှာ A.I နဲ့ တွဲဖက်ထားတဲ့ လုပ်ဆောင်ချက်တွေက မိုဘိုင်း Photography ကို နောက်တစ် Level မြင့်ပေးနိုင်ဦးမှာပါ။

Triple Camera Module

HUAWEI Y8p

ဥပမာ AIS (Artificial Image Stabilization) ကို အသုံးပြုပြီး Hand Shake ပါဝင်မှုနည်းတဲ့ Super Night Shot ရိုက်ကူးနိုင်ခြင်း ၊ 48MP Sensor နဲ့ Pro Mode အမျိုး ၂၀ အသုံးပြုနိုင်ခြင်း ၊ ပိုမိုကောင်းမွန်တဲ့ Sensor တွေကြောင့် HDR Portrait အပြင် Bokeh Effect နဲ့ပါ လှလှပပ ဖန်တီးနိုင်တာပါ။

ဒါ့အပြင် HUAWEI ရဲ့ Signature နည်းပညာ တစ်ခုဖြစ်တဲ့ Super Slow Motion ဗီဒီယိုကို Y8p နဲ့ ရိုက်ကူးနိုင်ပြီး သုံးစွဲသူတွေ အလိုကျ ကင်မရာ Function တွေကို စေခိုင်းနိုင်မှာပါ။

Triple Cam with A.I Features

Selfie အတွက်ကို 16MP Lens အသုံးပြုပေးထားပြီး HDR Portrait ၊ Bokeh Effects စသဖြင့် ဖမ်းယူပေးနိုင်တဲ့အတွက် Y8p ဟာ ကင်မရာပိုင်းမှာလည်း စွမ်းဆောင်ပေးနိုင်တယ် ဆိုရမှာပါ။

ဒါကြောင့် Y8p Display နဲ့ ကင်မရာ နှစ်မျိုးနဲ့တင် နှစ်သက်စရာ ကောင်းသလို စမတ်ဖုန်းမှာ 4,000 mAh Battery သုံးစွဲပေးထားပါတယ်။ သိုလှောင်အား အနေနဲ့ များတယ်ဆိုရပေမယ့် သုံးစွဲသူတွေ သဘောမကျ ဖြစ်မိမယ့် အချက်က 10W Speed နဲ့ပဲ အားသွင်းနိုင်တာပါ။

Night Mode Sample

HUAWEI Y8p

USB Type-C Port နဲ့ ရရှိမှာဖြစ်ပေမယ့် ဘဝင်မကျစရာ Charging Rate က Y8p ရဲ့ Draw Back လို့တောင် ဆိုရမလားပဲ။ ဒီဇိုင်းအသွင်ပြင်နဲ့ Display Quality ပိုင်းမှာ ဟိတ်ဟန် အပြည့်ဝရှိတဲ့ စမတ်ဖုန်းဟာ နှေးကွေးတဲ့ အားသွင်းစနစ် ရှိလင့်ကစား ဒီစျေး ၊ ဒီတန်ဖိုးနဲ့ စဥ်းစားကြည့်ရင် မဆိုးပေဘူး။

Android 10 OS နဲ့အတူ EMUI 10.1 ပါဝင်တဲ့ စမတ်ဖုန်းဟာ HUAWEI လုပ်ဆောင်ချက် တစ်ခုဖြစ်တဲ့ MEETime မိသားစုဝင်ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ HD ဗီဒီယို Call နဲ့ Audio Call အတွက် စမတ်ဖုန်းနဲဖြစ်စေ TV နဲ့ ချိတ်ဆက်ထားလျှင်ဖြစ်စေ အသုံးပြုနိုင်တာပါ။

EMUI

နောက်တချက်က သုံးစွဲသူတို့ ရင်းနှီးပြီးသား GPU Turbo ပါ၊ အဆိုပါ Function ဟာ Gameplay Experience ကောင်းမွန်စေဖို့ ထည့်သွင်းထားတာဖြစ်ပြီး System Level Performance ကို လိုအပ်သလို အသုံးပြုပေးမှာပါ။

အခုလို အားသာချက်တွေ လေ့လာလိုက်တဲ့အခါ Y8p ဟာ ၃ သိန်း ဝန်းကျင် ဖုန်းတလုံးအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် ၊ ကောင်းမွန်တဲ့ OLED Display နဲ့ ကင်မရာပိုင်းတွေမှာလည်း သုံးစွဲသူ အားရစေမယ့် Performance Level ပေးစွမ်းထားတာ သတိထားမိမှာပါ။

Battery and Performance Info

HUAWEI Y8p

Design Language မှာလည်း P Series လို 3D Curved Design အသုံးပြုပေးထားပြီး တမျိုးတဖုံ ဆွဲဆောင်မှုရှိတဲ့ Y8p ကို Breathing Crystal (သို့) Midnight Black အရောင် ၂ မျိုးအဖြစ် ဝယ်ယူနိုင်မှာပါ။

အခုလို Y8p ထူးခြားချက်တွေအပြင် တင်ဆက်လိုတာက HMS (HUAWEI Mobile Services) မှာ ပါဝင်လာတဲ့ Petal Search အကြောင်းပါ။ အဆိုပါ App ဟာ HUAWEI Search လို့ နောက်တမျိုး အမည်တွင်သေးသလို Google Search နေရာ အစားထိုးဝင်လာတဲ့ App တစ်ခုပါ။

Petal Search

HUAWEI အနေနဲ့ Petal Search ကို ကမ္ဘာတဝှမ်းက Search Engine Leaders တွေနဲ့ ဖန်တီးခဲ့တာ ဖြစ်သလို အတူတကွ ပါရှိလာတဲ့ Find Apps အမည်ရ Search Widget ဟာ အဆိုပါ Search Engine နဲ့ မောင်းနှင်ထားတာပါ။

နောက်တချက် AppGallery ကို Integrate လုပ်ထားတာကြောင့် Find Apps ကနေပဲ သက်ဆိုင်ရာ App တွေကို Update လုပ်နိုင်သလို နှစ်သက်ရာ App ကို နာမည်ရိုက်ပြီး Download ဆွဲချရုံပါပဲ။

Petal Search Preview

HUAWEI Y8p

Petal Search ကတဆင့် ဘာတွေ လေ့လာနိုင်မလဲဆိုရင် နေ့စဥ် သတင်းတွေနဲ့ Weather Forecasts တွေ သိရှိနိုင်သလို အားကစားနဲ့ ပတ်သက်တဲ့ Sports Scores နဲ့ ပွဲစဥ်တွေကို ကြည့်ရှုနိုင်မယ် ၊ ဒါ့အပြင် စမတ်ဖုန်းထဲက ဗီဒီယို ၊ ဓာတ်ပုံနဲ့ တေးသီချင်းတွေ အပြင် သိရှိလိုတဲ့ အကြောင်းရာတွေကို ရှာဖွေပေးနိုင်မှာပါ။

သုံးစွဲသူတွေ အနေနဲ့ HUAWEI မိတ်ဆက်ထားလိုက်တဲ့ Petal Search ကို ဘယ်လို Download ဆွဲ ရယူနိုင်မလဲဆိုတာကို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

Petal Search - Find Apps Preview

Image: HUAWEI

Petal Search နဲ့ Find Apps ပတ်သက်လို့ Hardware Based Security နဲ့ လုံခြုံမှုရှိတဲ့ နည်းပညာတို့ အသုံးပြုထားတာကြောင့် Privacy Check ၊ Security အားနည်းချက်နဲ့ သံသယဖြစ်ဖွယ် Behaviours အစရှိတာတွေကို Consumer တွေအတွက် စစ်ဆေးပေးဦးမှာပါ။

ဒီတော့ အနှစ်ချုပ်လိုက်ရင် တန်ဖိုးသင့် ဖုန်းတလုံးကိုမှ စွမ်းဆောင်ရည် ကောင်းတာမျိုး ဖြစ်ရမယ်၊ Premium မဆန်ဘူးဆိုရင်တောင် သုံးထားတဲ့ Components တွေက Quality ကောင်းတာမျိုးဆိုရင် Y8p ကို စဥ်းစားနိုင်ပါတယ်။

HUAWEI Y8p Official Homepage