fbpx

This is digital planet.

HuaweiTech News

Huawei Y9s ရဲ့ Specifications အပြည့်အစုံ Huawei ရဲ့ တရား၀င် Website မှာ ထုတ်ပြန်ကြေညာ

မနေ့က Gizmochina တင်ပို့ချက်အရ Huawei ရဲ့ Y9 Series ဟာ Huawei Y9s လို့ခေါ်တဲ့ အဖွဲ့၀င်အသစ် ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ ဖုန်းရဲ့ Specifications အပြည့်အစုံဟာ Huawei ရဲ့ တရား‌၀င် Website မှာ ပေါ်ထွက်လာခဲ့ပါတယ်။ Huawei Y9s မှာ Huawei Y9 Prime 2019 ကလို 6.59-inch FHD+ Ultra FullView Display ကိုပဲသုံးထားပါတယ်။ ဖုန်းမှာ Y9 Prime လို Pop-up selfie camera design ကို ဆက်သုံးထားပါတယ်။ ဒါပေမယ့် Design မှာ ပြောင်းလဲထားတာ တစ်ချို့ရှိပါတယ်။

Huawei Y9s featured

ဖုန်းမှာ Power ခလုတ်အောက်တွင် ထည့်ထားတဲ့ side-mounted fingerprint ပါရှိပါတယ်။ သူ့မှာ triple rear cameras ကိုသုံးပေးထားပါတယ်။ အဲ့အပြင်ဖုန်းမှာ Midnight Black နဲ့ အရောင်ပြောင်း Breathing Crystal လို Single Finish အတွက် Y9 Prime 2019 မှာသုံးခဲ့တဲ့ two-tone design ကို စွန့်ပစ်ခဲ့ပါတယ်။ Huawei ဟာ Y9 Prime model မှာ ပါ၀င်ခဲ့တဲ့ 16MP sensor ကိုမသုံးတော့ပဲ အခု Y9s မှာ 48MP f/1.8 sensor ကိုပြောင်းလိုက်ပါတယ်။ 120° field of view ပါတဲ့ 8MP f/2.4 ultrawide angle camera နဲ့ 2MP f/2.4 depth sensor လည်းပါ၀င်ထားပါတယ်။ Selfie camera မှာတော့ 16MP sensor ကိုဆက်သုံးထားပြီး aperture ကတော့ f/2.2 ဖြစ်သွားပါတယ်။

Huawei Y9s colors

Huawei Y9s မှာ Kirin 710F processor သုံးထားပြီး 6GB RAM နဲ့ 128GB storage ပါ၀င်လာမှာပါ။ အဲ့အပြင် MicroSD card slot ပါ၀င်ထားပြီး 512GB ထိ ထပ်စိုက်လို့ရမှာပါ။ ဖုန်းမှာ 10W charging ကို ထောက်ပံ့ထားပြီး 4000mAh battery ကိုထည့်သွင်းထားပါတယ်။ အဲ့အပြင် USB Type-C port ပါ၀င်ထားပါတယ်။ Huawei အနေနဲ့ ဖုန်းကို Android 9 Pie ကိုအခြေခံထားတဲ့ EMUI 9.1 နဲ့ တင်ပို့လာမှာပါ။ Huawei Y9s ဟာ မကြာခင်မှာ ထွက်လာဖို့ရှိနေပြီး ဈေးအနေနဲ့ Y9 Prime 2019 ထက်ပိုများလာမှာပါ။ ဈေးပိုများရတဲ့အကြောင်းကလည်း အဆင့်မြင့်ထားတဲ့ Camera နဲ့ ပိုများတဲ့ RAM ကြောင့်ပဲဖြစ်ပါတယ်။ Upper Budget ထဲက လူစိတ်၀င်စားတဲ့ ဖုန်းဖြစ်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: Gizmochina