fbpx

This is digital planet.

Tech News

HyperEngine Game နည်းပညာပါတဲ့ Helio G80 Chipset ကိုမိတ်ဆက်လိုက်တဲ့ MediaTek

MediaTek အနေနဲ့ Helio G90 နဲ့ G70 series Chipsets တွေကိုမိတ်ဆက်ပြီးနောက် အခု ကုမ္ပဏီအနေနဲ့ MediaTek Helio G80 Chipset ကိုမိတ်ဆက်ခဲ့ပါတယ်။ G80 ဆိုတဲ့နာမည်ဆိုတဲ့အတိုင်း Chipset ဟာ G90 Series နဲ့ G70 ကြားမှာရှိပါတယ်။ 

မကြာသေးခင်ကမိတ်ဆက်ထားတဲ့ Helio G70 ယှဉ်ရင် အခု Helio G80 အသစ်မှာ CPU နဲ့ GPU Frequency အနည်းငယ်ပိုမြင့်လာပြီး ကျန်တဲ့အချက်တွေကတော့ မပြောင်းတဲ့ပုံပါ။ အဲ့အတွက် Helio G80 အသစ်ဟာ Helio G70 ထက်အနည်းငယ်ပိုမြင့်လာတဲ့ Chipset တစ်ခုပဲဖြစ်ပါတယ်။

MediaTek Helio G80 ဟာ တစ်ခြား Mid-Range Chipsets တွေလိုပဲ 12nm process ကိုသုံးပြီး ပြုလုပ်ထားပါတယ်။ သူ့မှာ Clock Speed 2.0GHz ရှိတဲ့ Cortex-A75 cores နှစ်ခု နဲ့ Clock Speed 1.8GHz ရှိတဲ့ Cortex-A55 cores ခြောက်ခုပါဝင်ပါတယ်။ 

Graphics ပိုင်းမှာတော့ Chipset မှာ Mali-G52 MC2 GPU ကိုထည့်သွင်းပေးထားပါတယ်။ သူ့မှာ 1800MHz မြန်နှုန်းရှိ 8GB LPDDR4X RAM အထိထောက်ပံ့ပေးထားပါတယ်။ အဲ့တာက eMMC 5.1 Technology ထက်နည်းနည်းလေးနှေးပါတယ်။ 

Image result for helio g80

ထို Chipset ဟာ 17 Frames Per Second မှာ  48MP Camera တစ်လုံးအထိကိုင်တွယ်ပေးနိုင်ပြီး  30 Frames Per Second မှာ 16MP Cameras နှစ်လုံးအထိ ကိုင်တွယ်ပေးနိုင်ပါတယ်။ Display ပိုင်းမှာတော့ 60fps  Full HD+ resolution ကိုထောက်ပံ့ပေးထားပါတယ်။ 

Connectivity ပိုင်းမှာ dual-SIM ၊ dual-4G LTE ၊ dual-VoLTE ၊ VoWiFi ၊ single-band Wi-Fi ac (Wi-Fi 5) ၊ Bluetooth v5.0  ၊ FM Radio နဲ့ GPS တို့ပါဝင်ပါတယ်။ Charging ပိုင်းမှာတော့ Pump Technology ထောက်ပံ့ပေးထားပေမယ့် Charging Watt ကိုတော့​ ကုမ္ပဏီအနေနဲ့ ထုတ်ဖော်ပြသထားခြင်းမရှိသေးပါဘူး။ 

G90 series နဲ့ယှဉ်လိုက်ရင်  Helio G80 မှာ AI Accelerators မပါပေမယ့် ထို Chipset ရဲ့  ISP ဟာ Google Lens မှာ Object Recognition လုပ်ပေးနိုင်ခြင်း ၊ Smart Photo Album၊ Scene Detection ၊ Background ကမလိုအပ်တာတွေကို ဖယ်ရှားပေးမယ့် Scene Segmentation ၊ ပိုအဆင့်မြင့်တဲ့ Portrait-mode နဲ့ Facial Recognition စတာတွေကိုလုပ်ပေးနိုင်မယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။ 

Chipset မှာ Voice on Wakeup (VoW) support ၊ EIS, Rolling Shutter Compensation ၊ Inertial Navigation Engine စတဲ့ Features တွေပါဝင်ပါတယ်။ နောက်ထပ် Helio G80 မှာ MediaTek ရဲ့ ကိုယ်ပိုင် HyperEngine Game Technology ကိုထောက်ပံ့ပေးထားပါတယ်။

Ref: Gizmochina