fbpx

This is digital planet.

HonorTech News

IMX600/Kirin 980 ပါဝင်လာမဲ့ Honor 20 Pro 

Honor View 20 ကတော့ စတင်ထွက်ရှိတဲ့ ပထမဆုံးလ မှာပဲ ၁.၅ သန်းထိအောင်မြင်ခဲ့တဲ့ဖုန်းပါ။ တရုတ်ကထွက်ရှိလာတဲ့ သတင်းတွေအရ Huawei ရဲ့ Sub-brand Honor အနေနဲ့ နောက်ထပ် Flagship ဖုန်းဖြစ်တဲ့ Honor 20 Pro ကိုဖန်တီးနေတယ်လို့သိရပါတယ်။ ဒီဖုန်းမှာတော့ Sony IMX600 camera sensor ကို သုံးလာမယ်လို့လည်းသိရပါတယ်။

Honor 20 Pro မှာ 6.1-inch OLED panel ကို Under-display fingerprint sensor ပါဝင်မယ်လို့လည်း သိရပါတယ်။ ဒါဟာ Honor ဖုန်းတွေထဲမှာ ဒုတိယမြောက် Under-display fingerprint sensor ပါဝင်လာတာလဲဖြစ်ပါတယ် အရင်က Honor Magic 2 မှာပါဝင်ခဲ့ပေးမဲ့ တရုတ်မှာပဲရောင်းချခဲ့တာဖြစ်ပါတယ်။

Rumored specs from China

Rumored specs from China

Processor ကိုတော့ Huawei flagship chipset ဖြစ်တဲ့ Kirin 980 ကိုသုံးလာမှာဖြစ်ပြီး 6/128GB၊ 8/128GB၊ 8/256GB ဆိုပြီး Storage model ၃ မျိုးနဲ့ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။

Pro version ဖြစ်တာကြောင့် Huawei P30 Pro လို့ Camera အလန်းနဲ့ထွက်ရှိလာမယ်လို့သိရပါတယ်။ တိကျတဲ့သတင်းရင်းမြစ်တွေအရ P30 Pro မှာလို 40MP Sony IMX600 ပါဝင်မယ်လို့သိရပြီး 20MP Ultra wide နဲ့ 8MP Telephone lens ကို 3x optical zoom နဲ့ထွက်ရှိလာဖွယ်ရှိနေပြီး Gaming+, Link Turbo, CPU & GPU Turbo စတဲ့ Chinese software boosters တွေလဲထည့်သွင်းပေးမယ်လို့ဆိုပါတယ်။

Related image

ဈေးနှုန်းအနေနဲ့ 6/128GB ကို ယွမ် ၂၂၉၉ (ဒေါ်လာ ၃၄၂ ၊ မြန်မာငွေ ၅ သိန်း ၂သောင်း) လောက်ကျသင့်မယ်လို့ ခန့်မှန်းရပြီး သတင်းတွေအရ ဒေါ်လာ ၄၅၀ (မြန်မာငွေ ၆ သိန်းခွဲ) ထက် နည်းမယ်လို့လည်းထွက်ပေါ်နေပါတယ်။ Honor 20 Pro ကို April 25 ရက်နေ့မှာ မိတ်ဆက်ပေးဖွယ်ရှိပါတယ်။ ဒီဈေးနဲ့သာ အမှန်တကယ်ထွက်လာရင် Kirin 980 + Sony IMX600 + OLED display + Under-display fingerprint sensor ပါဝင်တဲ့ Honor 20 Pro ဟာ တန်တဲ့ ဖုန်းလို့ပဲပြောရမှာပါ။

Huawei အနေနဲ့ Huawei ဆိုတဲ့ Brand နဲ့ Samsung/Apple တို့ Foreign ကုမ္ပဏီကြီး နဲ့ယှဉ်ပြိုင်ဖွယ်ရှိနေပြီး Honor Brand ကိုတော့ ပြည်တွင်းပြိုင်ဘက် Xiaomi/Meizu/OPPO တို့နဲ့ Civil War ဆင်နွဲဖို့ပြင်ဆင်လာဖွယ်ရှိနေပါတယ်။ ၂၀၁၈ ခုနစ်မှာ အတော်ကိုအင်းအားကြီးလာတဲ့ Huawei ရဲ့ ဒီ Strategy အသစ်ဟာ အလုပ်ဖြစ်မလာဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: GSMArena