fbpx

This is digital planet.

SamsungTech News

In-display Fingerprint နဲ့ Camera တို့ပါဝင်လာဖွယ်ရှိတဲ့ Samsung Galaxy A50 ကိုမကြာခင်မှာမြင်တွေ့ရဖို့ရှိနေ

Samsung M-series

အရင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Samsung ရဲ့နောက်ထွက်ရှိမယ့်ဖုန်းဟာ Galaxy A50 လို့သိရပြီး Model Number ကတော့ SM-A505F ဖြစ်တယ်လို့ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က အဆိုပါဖုန်းရဲ့အရေးကြီးတဲ့ Spec တွေကို Geekbench မှာပေါ်ထွက်လာခဲ့ပြီး အခုအချိန်မှာတော့ WFA Alliance Authority ရဲ့ထောက်ခံချက်ရရှိခဲ့ပြီးဖြစ်ကာမကြာခင်မှာ တရားဝင်ထွက်ရှိတော့မှာဖြစ်ပါတယ်။

အောက်မှာပါဝင်တဲ့ A50 ( SM-A505FN ) ရဲ့ Screenshot မှာတော့ Dual-band Wi-Fi 802.11ac အထောက်အပံ့ပါဝင်ပြီး Android 9.0 Pie ကိုထည့်သွင်းထားမှာဖြစ်တယ်လို့သိရပါတယ်။

Samsung Galaxy A50 WFA Certification

အရင်ကထွက်ပေါ်ခဲ့တဲ့ Leak တွေအရ Samsung အနေနဲ့ Galaxy A50 ကို မတ်လ ဒါမှမဟုတ် ၂၀၁၉ ရဲ့ ဒုတိယ အပတ်လောက်မှာမိတ်ဆက်ပေးမယ်လို့လည်းသိရပါတယ်။ Galaxy A50 ကိုတော့ ကိုယ်ပိုင် Exynos 9610 Chipset နဲ့အတူ RAM 4GB ပါဝင်မှာဖြစ်ပြီး Storage ပိုင်းအနေနဲ့ 64GB နဲ့ 128GB တို့အသီးသီးရှိမယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒီ Galaxy A50 မှာတော့ In-Display Fingerprint Scanner ပါမယ်လို့ ကောလဟလ တွေထွက်ပေါ်လျက်ရှိပြီး Samsung အနေနဲ့ပိုမိုတိကျတဲ့ Ultrasonic Version ဖြစ်တဲ့ In-Display Fingerprint Reader ကို Galaxy S10 series မှာအသုံးပြုမယ်လို့သိရပါတယ်။ နောက်ထပ်ပြီး Galaxy A50 မှာတော့ Galaxy A8s လို့ပဲ ကင်မရာ အပေါက်ပါဝင်တဲ့ Display ကိုပဲသုံးလာနိုင်တယ်လို့သိရပါတယ်။

Wireless Charging ထောက်ပံ့ပေးမှုပါဝင်လာမယ့် 4000 mAh ဘက်ထရီလည်းပါဝင်လာဖို့ရှိတယ်လို့သိရပြီး ကျောဘက်ကင်မရာ ဘယ်နှစ်လုံးပါဝင်မယ်လို့တော့မသိရသေးပေးမယ့် Main Camera Sensor အနေနဲ့ 24MP ရှိမယ်လို့သိရပါတယ်။ Blue , Pink , Black , Silver နဲ့ White စတဲ့အရောင်တွေနဲ့ထွက်ရှိလာဖို့ရှိပြီး Gradient Color Version အနေနဲ့အနည်းငယ်ရွေးချယ်စရာရှိမှာဖြစ်တယ်လို့မျှော်လင့်ရပါတယ်။

Source