fbpx

This is digital planet.

Tech NewsXiaomi

In-display fingerprint ပါဝင်လာနိုင်ချေရှိတဲ့ Xiaomi A3 နဲ့ A3 Lite

2017 ခုနစ်ကထွက်ရှိခဲ့တဲ့ Pure Andriod ဖုန်းဖြစ်တဲ့ Mi A1 ဟာ အောင်မြင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Xiaomi အနေနဲ့နောက်ထပ်မျိုးဆက် Mi A2 နဲ့ Mi A2 Lite တို့ကို ပြီးခဲ့တဲ့ နွေရာသီကမိတ်ဆက်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ XDA Developers တွေရဲ့ထုတ်ပြန်ချက်အရ Xiaomi မှ Thirds Generation A-series ဖုန်းကိုထုတ်လုပ်နေတယ်လို့သိရပါတယ်။

Xiaomi preparing two Android One phones with in-screen fingerprint scanners
Codename ‘bamboo_sprout’ နဲ့ ‘cosmos_sprout’ လို့ခေါ်တဲ့ device အသစ်နှစ်ခုဟာ ဒီနှစ်နွေ မှာ မိတ်ဆက်ဖွယ်ရှိနေတယ် Xiaomi Mi A3 နဲ့ Mi 3 Lite တို့ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါအပြင် Xiaomi အနေနဲ့ အဆိုပါ စမတ်ဖုန်းနှစ်လုံးကိုလက်ရှိအချိန်မှာ ‘fod’ အတူ စမ်းသပ်မှုတွေလုပ်နေတယ်လို့လည်းသိရပါတယ်။ ‘fod’ ဆိုတာကတော့ Fingerprint on-display ဆိုတာမျိုးရဲ့အတိုကောက်လည်းဖြစ်နိုင်သလို့ Xiaomi အနေနဲ့တမင် Note 7 Pro တုန်းကလိုလူစိတ်ဝင်စားအောင်တမင်လုပ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

Related image

ဒီ Device နှစ်ခုနဲ့ ပက်သက်ပြီးနောက်ထပ်တွေ့ရှိရတာကတော့ ရှေ့ကင်မရာဖြစ်ပြီး XDA Developers ရဲ့ပြောကြားချက်အရ စမတ်ဖုန်း ၂ ခုလုံးမှာ 32MP Selfie Snappers ပါဝင်မယ်လို့သိရပြီး အခုနောက်ပိုင်းဖုန်းတော်တော်များများမှာပါဝင်လေ့ရှိတဲ့ သေးငယ်တဲ့ notch (Water-drop notch) လည်းပါဝင်ဖွယ်ရှိတယ်လို့လည်းသိရပါတယ်။

Release Date နဲ့ပက်သက်ပြီး Xiaomi အနေနဲ့ Mi A3 နဲ့ Mi A3 Lite တို့ကို မေလ နောက်ပိုင်း ဒါမှမဟုတ် ဂျွန်လ အစောပိုင်းလောက်မှာမိတ်ဆက်ပေးဖွယ်ရှိနေပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ သေချာမသိရသေးပါဘူး။

Ref: Phone Arena