fbpx

This is digital planet.

realmeTech News

India မှာ တရားဝင်မိတ်ဆက်လိုက်တဲ့ Realme 3

India P2P Market ကို ဝင်ရောက်ဖို့ကြိုးစားနေတဲ့ Oppo ရဲ့ Sub-brand Realme ဟာ ဒီနေ့မှာတော့ Realme 3 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီတော့ $150 ဝန်းကျင်တန်ဖိုးရှိတဲ့ ဒီဖုန်းကနေ ကျွန်တော်တို့် ဘာတွေမျှော်လင့်နိုင်မလဲ?

Photo: Realme

Photo: Realme

Design & Built Quality

Plastic Unibody ပေါ်မှာ Gradient Color ကိုမှ ခပ်မှိုင်းမှိုင်းသုံးပေးထားတယ်။ (နာမည်ကိုက Dynamic Black တဲ့) Metal Ring ကွပ်ထားတဲ့ Camera House ထဲမှာ Flash Light ကိုပါ တပါတည်းဘောင်ခတ်ထားတယ်။ အပေါ်ဆုံး Camera မှာတော့ Yellow Color Ring ကို မြင်တွေ့ရမှာပါ။

Fingerprint ဟာ ဖုန်းရဲ့ကျောဘက်မှာပါရှိပြီး ရှေ့ဘက်မှာတော့ Dewdrop Notch Design နဲ့အတူ 6.22″, 720p+ LCD Display ကိုမှ 19:9 Ratio နဲ့ ထည့်သွင်းပေးထားပါတယ်။ သုံးထားတဲ့ Glass ကတော့ Gorilla Glass 3 ပါ။

Photo: Realme

Photo: Realme

Hardware

Realme 3 မှာ Mediatek ရဲ့ Helio P70 နဲ့ ပွဲထွက်လာပြီး Micro SD Slot, Micro USB Port, 3.5mm Headphone Jack တို့နဲ့အတူ 4230 mAh Battery စတာတွေ ပါဝင်လာမှာပါ။

Camera

Realme 3 ရဲ့ ကျောဘက်မှာ 13MP, f/1.8 Camera ကို 2MP Depth Sensor နဲ့အတူ ပူးတွဲအသုံးပြုပေးထားပါတယ်။ Camera ပိုင်းအနေနဲ့ AI Scene Recognition, 720p, 90fps Slow-mo Video စတဲ့ Feature တွေအပြင် Low Light မှာရိုက်ကူးနိုင်ဖို့ “Nightscape” ဆိုတဲ့ Night Mode Function ကိုပါ ထည့်သွင်းပေးထားပါလိမ့်မယ်။ Selfie အနေနဲ့ 13MP, f/2.0 Camera ကို သုံးထားပါတယ်။

Photo: Realme

Software

Android 9 ကိုအခြေခံတဲ့ Latest Color OS 6 မှာ App Drawer, Stock Android ဆန်ဆန် Navigation Button စတဲ့ Feature တွေ ပါဝင်မယ်လို့ ဆိုထားပါတယ်။

Price

Realme 3 ကို Black, Radient Blue, Dynamic Black ဆိုပြီး အရောင် သုံးမျိုးရရှိမှာဖြစ်ပြီး ဈေးတွေအနေနဲ့
32/3 GB ကို 8999 Rupees (မြန်မာငွေ ၂သိန်းဝန်းကျင်)
64/4 GB ကို 10999 Rupees (မြန်မာငွေ ၂သိန်းခွဲ ဝန်းကျင်) နဲ့ Flipkart တစ်ခုတည်းကနေ Exclusive ရောင်းချသွားမှာပါ။ (ဒီဈေးက ပထမဆုံးရောင်းချမယ့် အလုံးရေ ၁ သန်းအတွက်ပဲ ဖြစ်တယ်လို့လည်း ကြေငြာထားတဲ့အတွက် ၁ သန်းကျော်ခဲ့ရင်တော့ ဈေးပိုတက်နိုင်ခြေရှိပါတယ်။) ဒါ့အပြင် Realme 3 အတွက် သီးသန့် Cover တွေကိုလည်း 599 Rupees (မြန်မာငွေ ၁သောင်းခွဲ ဝန်းကျင်လောက်နဲ့ ရောင်းချပေးသွားဦးမှာပါတဲ့)

Photo: Realme

Realme 3 ကို March 12 ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး Redmi Note 7 ကို ယှဉ်ပြိုင်မယ့် Realme 3 Pro ကိုလည်း April လ မှာ မိတ်ဆက်ပေးသွားမယ်လို့ ကြေငြာသွားခဲ့ပါသေးတယ်။ ဆိုတော့က Realme 3 ရဲ့ Target Market ဟာ Redmi 7 တို့လို Entry Level မှာ ယှဉ်ပြိုင်ဖို့ ထုတ်လုပ်လာတာ ဖြစ်နိုင်ပါတယ်။

Ref: Android Authority