fbpx

This is digital planet.

RedmiTech NewsXiaomi

India မှာ Xiaomi Redmi Note 7S ကိုစတင်မိတ်ဆက်

Xiaomi India ကတော့ Redmi Note 7s ဆိုတဲ့ စမတ်ဖုန်း အသစ်ကို စိတ်ဝင်စားစရာဈေးနှုန်း ဖြစ်တဲ့ 158$ နဲ့ ရောင်းချပေးဖိုအတွက် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါဖုန်းမှာ 18W Rapid charging ကို Support ပေးထားတဲ့ Battery နဲ့ 19.5:9 အချိုးရှိတဲ့ Display အပါအဝင် တခြားသော စိတ်ဝင်စားစရာကောင်းတဲ့ Feature တွေ အများကြီး ပါဝင်နေပါတယ်။

Xiami Redmi Note 7S ရဲ့ Specifications နဲ့ Features များ

Redmi Note 7S မှာဆိုရင် Redmi Note 7 နဲ့ Redmi Note 7 Pro ဆီက 6.3 inch IPS LCD panel နဲ့ Dot notch ကို အမွေဆက်ခံထားတာဖြစ်ပြီး 1080 x 2340 pixels full HD+resolution ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Design ပိုင်းမှာဆိုရင်တော့ Redmi Note 7S ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်တွေကို Gorilla Glass 5 panel အသုံးပြုထားတာတွေ့ရပါတယ်။

Snapdragon 660 SoC နဲ့ ကို အသုံးပြုထားပြီး 3GB RAM + 32 GB storage နဲ့ 4GB RAM + 64 GB ဆိုပြီး storage နှစ်မျိုးနဲ့ ထွက်လာမှာဖြစ်ပါတယ်။ Storage နှစ်မျိုးစလုံးမှာတော့ microSD card ထည့်သွင်းနိုင်မယ့် hybrid SIM slot ပါဝင်မှာဖြစ်ပါတယ်။ Android 9 Pie OS နဲ့ MIUI 10 ပါဝင်မှာဖြစ်ပြီး 10W charging ကို support ပေးနိုင်တဲ့ bundled charger ပါဝင်လာပြီး 4000 mAh battery တပ်ဆင်ထားတာဖြစ်ပါတယ်။ Redmi Note 7S ကို အသုံးပြုမယ့်သူတွေ အနေနဲ့ 18W charging ရနိုင်ဖိုအတွက် Quick Charge 4 Charger ကို ဝယ်ယူပြီး အသုံးပြုရမှာဖြစ်ပါတယ်။

အနောက်ဘက်မှာတပ်ဆင်ထားတဲ့ Dual camera ဟာဆိုရင် f/1.8 aperture 48 MP Samsung GM1 sensor  နဲ့ 5 MP depth sensor တို့နဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အရှေ့ဘက်က Notch လေးထဲမှာဆိုရင်တော့ 13 MP ရှိပြီး AI portrait တွေ ရိုက်ကူးနိုင်မယ့် Camera တစ်လုံးပါဝင်မှာဖြစ်ပါတယ်။

Security အတွက်ကတော့ Fingerprint scanner နဲ့ AI face unlock တွေပါဝင်မှာဖြစ်ပါတယ်။ တခြား Port တွေအနေနဲ့ USB-C နဲ့ 3.5mm audio jack ပါဝင်မှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တေတာ့ ဖေဖော်ဝါရီက အိန္ဒိယမှာ မိတ်ဆက်သွားခဲ့တဲ့ Redmi Note 7 နဲ့ ထပ်တူကျနေတယ်လို့ဆိုနိုင်ပါတယ်။ တစ်ခုတည်းသော အားသာချက်ကတော့ ပိုကောင်းတဲ့ Dual camera ပါလာတာပဲ ဖြစ်ပါတယ်။ India မှာ မိတ်ဆက်ခဲ့တဲ့ Redmi Note 7 မှာတော့ 12MP+2MP သာ ပါဝင်တာဖြစ်ပြီး မတ်လမှာတော့ Global edition အနေနဲ့ 48MP+5 MP dual camera နဲ့ ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် Global edition model နဲ့ အရမ်း တူတဲ့ နောက်ထပ် Model တစ်မျိုးကို Redmi Note 7S လို့ နာမည်တပ်ပြီး အိန္ဒိယမှာ ထပ်မံ မိတ်ဆက်ခဲ့တယ်လို့တောင်ပြောနိုင်ပါတယ်။

Xiaomi unveils the Redmi Note 7S in India with a 48MP primary camera

ဈေးနှုန်းများ

အထက်မှာ ပြောခဲ့သလိုပါပဲ RAM 3GB နဲ့ 4GB ရယ်လို့နှစ်မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေကတော့ RAm 3GB ကို 158$, RAM 4GB ကို 187$ နဲ့ အသီးသီးရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: Gizmochina