fbpx

This is digital planet.

SamsungTech News

India မှာ တရားဝင်မိတ်ဆက်လိုက်တဲ့ Samsung Galaxy A20

2019 နှစ်အစပိုင်းကတည်းက Samsung ဟာ India ဈေးကွက်မှာ Xiaomi ရဲ့နေရာကိုလုယူဖို့အတွက် Galaxy M Series တွေဖြစ်တဲ့ M 10, M 20 နဲ့ M 30 တို့ကို India အတွက် Exclusive မိတ်ဆက်ပေးခဲ့တာ အားလုံးသိကြမှာပါ။ ဒါ့အပြင် Samsung အနေနဲ့ A Series တွေကို အရင်ကနဲ့မတူပဲ သက်သာတဲ့ဈေးနှုန်းတွေနဲ့ A 10, A 30 နဲ့ A 50 တို့ကို ဆက်တိုက်ထုတ်လုပ်ခဲ့တယ်။ အခုအခါမှာလည်း $180 ဝန်းကျင်ပဲ ကျသင့်မယ့် Galaxy A 20 ကို India မှာ တရားဝင်မိတ်ဆက်လိုက်ပြန်ပါပြီ။

Samsung အနေနဲ့ ဒီမတိုင်ခင် ရက်သတ္တပတ် အနည်းငယ်ကတည်းက A 20 ကို Russia မှာ စပြီးမိတ်ဆက်ပေးခဲ့တာပါ။ ဒီ Smartphone မှာ 6.4″ ကိုမှ HD+ Resolution နဲ့ Infinity V AMOLED Display, 4,000 mAh Battery ကို 15W Fast Charging, USB Type C, Samsung ရဲ့ Exynos 7884 SOC, RAM 3 GB နဲ့ 32 GB Storage ကိုမှ 512 GB ထိ ထပ်စိုက်နိုင်မယ့် Micro SD Slot တို့ ပါဝင်မှာပါ။

Image result for samsung a20

Galaxy A20

Camera အနေနဲ့ A20 မှာ 13 MP: f/1.9 Main Camera ကို 5 MP, f/2.2 Secondary Camera နဲ့ တွဲသုံးထားပြီး Selfie မှာတော့ 8 MP ကို သုံးပေးထားပါတယ်။ Samsung ကတော့ A20 မှာ Ultra-Wide Camera နဲ့ Video တွေ ရိုက်နိုင်မယ်လို့ ကြေငြာထားပေမယ့် ဘယ်လိုရိုက်နိုင်မယ်ဆိုတာကိုတော့ အသေးစိတ် ပြောမသွားခဲ့ပါဘူး။

UI ပိုင်းမှာတော့ A 20 မှာ Android 9 ကို အခြေခံတဲ့ One UI ကို သုံးပေးထားမှာပါ။ Color အနေနဲ့ အနီ၊ အပြာ၊ အနက် သုံးရောင်ကို ရွေးချယ်နိုင်ပြီး April လ 8 ရက်နေ့မှာ India မှာရှိတဲ့ Samsung ရဲ့ Online Store အပြင် တခြား Online Market တွေဖြစ်တဲ့ Flipkart, Amazon နဲ့ Paytm Mall တို့ကနေပြီး ဝယ်ယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Samsung ရဲ့ ပထမဆုံး Notch-Less Display နဲ့ Smartphone ဖြစ်လာမယ့် Galaxy A90 ကိုလဲ April လ 10 ရက်နေ့မှာ မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref: xda

Photos: Samsung