fbpx

This is digital planet.

HTCTech News

India အတွက် Smartphone ထုတ်လုပ်ခွင့်လိုင်စင်ကို ပေးဖို့စဉ်းစားနေတဲ့ HTC

HTC အနေနဲ့ India မှာ သူတို့ အမှတ်တံဆိပ်ကိုသုံးပြီး Smartphone နဲ့ Tablet တွေထုတ်လုပ်ခွင့်လိုင်စင်ကို Micromax, Lava နဲ့ Karbonn တို့လို့ Indian Company တွေဆီ ပေးအပ်ဖို့ ညှိနှိုင်းမှုတွေလုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် July လောက်မှာ India Market ကနေ တပ်ခေါက်သွားခဲ့တဲ့ HTC အနေနဲ့ အခုအချိန်မှာတော့ India ကို တစ်ကျော့ပြန်လာဖို့ ကြိုးစားနေပါပြီ။

တစ်ခေတ်တစ်ခါက Premium Segment မှာ လျှမ်းလျှမ်းတောက်ခဲ့ပြီး လူအများနဲ့ရင်းနှီးပြီးဖြစ်တဲ့ Brand တစ်ခုရဲ့နာမည်အောက်မှာ Smartphone တွေထုတ်လုပ်ခွင့်ရမယ့် Company အနေနဲ့ HTC ကို နှစ်သက်တဲ့ Fan တွေ၊ အခုချိန်ထိ စွဲစွဲမြဲမြဲအားပေးနေတဲ့ အမာခံပရိတ်သတ်တွေရဲ့ အားပေးမှုကို ရနိုင်မှာဖြစ်သလို Parent Company အတွက်လည်း အကျိုးရှိမယ့်နည်းလမ်းလို့ HTC အနေနဲ့ ယုံကြည်နေပါတယ်။ ဒါဟာ India Smartphone Market ကို ကြီးစိုးနေကြတဲ့ Xiaomi, Oppo, Vivo နဲ့ Samsung တို့လို Brand တွေကို တုံ့ပြန်မယ့် HTC ရဲ့ခြေလှမ်းသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Image result for htc u12+

အပေါ်က Foreign Brand တွေကို မယှဉ်ပြိုင်နိုင်လို့ ရူပီး ၁၀၀၀၀ (မြန်မာငွေ ၂သိန်းဝန်းကျင်) Budget Level ကို ဆုတ်ပြေးခဲ့ရတဲ့ Micromax, Lava တို့အတွက် Premium Brand ဖြစ်တဲ့ HTC ရဲ့အရှိန်အဝါအောက်မှာ ထုတ်လုပ်ခွင့်ရမယ်ဆိုရင် သူတို့လက်ရှိသွားနေတဲ့လမ်းကြောင်းအပြင် HTC ရဲ့ Flagship Device တွေဆီကနေပါ အကျိုးအမြတ်ခံစားခွင့်တွေ ရရှိနိုင်မှာပါ။

လောလောဆယ်မှာတော့ သတင်းထွက်ပေါ်နေတဲ့ ဘယ် Indian Company ကမှ တရားဝင်ထုတ်ပြန်ချက်မျိုးမလုပ်သေးပေမယ့် Lava နဲ့ Kabonn Company နှစ်ခုကတော့ အကျိုးတူပူးပေါင်းပြီး India ရဲ့ HTC Brand လက်အောက်မှာ Smartphone တွေ ပူးတွဲထုတ်လုပ်ခွင့်ကို ကမ်းလှမ်းလာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီအတိုင်းဆို မကြာခင်ကာလမှာ HTC Flagship Smartphone တွေကို India မှာ ပြန်လည်မြင်တွေ့ရနိုင်တယ်ဆိုတော့ Fan တွေအတွက် တကယ်ဝမ်းသာစရာပါ။

Ref: GSMArena