fbpx

This is digital planet.

Tech News

US ကို ကျော်တက်ပြီး ဒုတိယအကြီးဆုံးဖြစ်လာတဲ့ အိန္ဒိယစမတ်ဖုန်း စျေးကွက်

တစ်ခေတ်တခါတုန်းက အကြီးဆုံး စမတ်ဖုန်း စျေးကွက်ကြီးကို အမေရိကန်မှာလို့ ပြောစမှတ်ဖြစ်ခဲ့ပေမယ့် လက်ရှိအနေထားတိုင်းဆိုရင်တော့ ဒုတိယ ရဖို့တောင် မလွယ်တော့ပါဘူး။ တစ်ဖက်မှာလည်း တရုတ်နိုင်ငံကို စီးပွားရေးအရ ထိုးနှိပ်နေတဲ့အတွက် တန်ပြန်သက်ရောက်အားက အိန္ဒိယဖက် လှည့်သွားတယ်ထင်ပါတယ်။

Counterpoint Research ထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ အိန္ဒိယစမတ်ဖုန်း စျေးကွက်ဟာ အမေရိကကို ကျော်တက်ပြီး ဒုတိယအကြီးဆုံး ဖြစ်လာတယ်လို့ သိရပါတယ်။ လေ့လာချက်တွေအရ ၂၀၁၉ မှာ စမတ်ဖုန်းအလုံးရေပေါင်း ၁၅၈ သန်း တင်ပို့ခဲ့ပြီး ၂၀၁၈ ထက် ၇ ရာခိုင်နှုန်း ပိုများလာခဲ့တာပါ။

Mid-range Smartphones 2019

Image Credit: Tech Advisor

အခုလို တင်ပို့မှုများလာတာနဲ့ ပတ်သက်ပြီး Counterpoint က ဝယ်လိုအားနဲ့ ပတ်သက်ပြီး Flagship Level စွမ်းဆောင်ရည်ပေးနိုင်တဲ့ တရုတ် Mid-range ဖုန်းတွေ မရပ်မနား မိတ်ဆက်နေမှုကြောင့်လို့ ပြောထားပါတယ်။ လက်လီအရောင်းဆိုင်နဲ့ အွန်လိုင်းတွေမှာ တရစပ် ကြော်ငြာနေမှုကလည်း အသုံးပြုသူတွေဆီ Information မြန်မြန်ရောက်တာလည်း ပါဝင်ပါတယ်။

India Smartphone Market Share

India Smartphone Market Share (Image: Counterpoint Research)

အထူးသဖြင့် Xiaomi စမတ်ဖုန်းတွေရဲ့ ဝယ်လိုအားက အိန္ဒိယစျေးကွက်မှာ ထိပ်ဆုံးကရပ်တည်နေခဲ့ပါတယ်။ ဒုတိယ နေရာအထိ သိမ်းပိုက်ထားနေဆဲ Samsung ကတော့ နှစ်ကုန်ပိုင်းမှာ ရှယ်ယာ ၅% လောက်ထိုးကျသွားပြီး လတ်လတ်ဆတ်ဆတ် မိတ်ဆက်ထားတဲ့ Galaxy Note10 Lite က ပြိုင်ဖက်တွေကို ဖိအားပေးနေတယ်လို့ သိရပါတယ်။

India Smartphone Market Share Q4 2019

India Smartphone Market Share Q4 2019 (Image: Counterpoint Research)

Vivo ကတော့ ၂၀၁၉ စတုတ္ထလေးပတ် (အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာလ) မှာ စျေးကွက်ရှယ်ယာကောင်းနေခဲ့သလို ၂ နှစ်တာကာလနှိုင်းယှဥ်ကြည့်မယ်ဆိုရင် ၆% ပိုင်ဆိုင်မှု များလာခဲ့ပါတယ်။ အလားတူပဲ realme နဲ့ OPPO တို့လည်း အိန္ဒိယစျေးကွက်မှာ အခြေနေ ကောင်းနေတယ်လို့ ပြောနိုင်ပါတယ်။

တစ်ခုပဲ Counterpoint ထည့် မပြောထားတဲ့အချက်က OnePlus နဲ့ Apple တို့ပဲ ဖြစ်ပြီး ဆရာကြီး ၂ ယောက် ပျားတုပ်နေတယ် ထင်ပါတယ်။ OnePlus အနေနဲ့ ၂၀၁၉ တစ်နှစ်ထဲ Flagship စီးရီး ၂ မျိုးမိတ်ဆက်ခဲ့ရသလို ထွက်တာတောင် မကြာသေးတဲ့ OnePlus 7T စီးရီးက ပြိုင်ဖက်တွေကြား ရုန်းနေရပါတယ်။

Image: Twitter

Apple အနေနဲ့လည်း အိန္ဒိယစျေးကွက်ကို ချောင်းမြောင်းကြည့်ရှုနေတာ မှန်ပေမယ့် iPhone XR ကို စျေးမချမချင်း ဝင်ငွေမကောင်းခဲ့ပါဘူး။ အိန္ဒိယမှာပဲ iPhone အစိတ်ပိုင်းတွေကို တပ်ဆင်ပြီး Local Cost ကို လျှော့ချနိုင်တဲ့အခါမှ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ အခြေနေကောင်းလာခဲ့တာပါ။

စက်တင်ဘာမှာ ကြေညာသွားတဲ့ iPhone 11 ကလည်း တန်ဖိုးအားဖြင့် စဥ်းစားမယ်ဆိုရင် ရွေးချယ်သင့်တဲ့ ဖုန်းတလုံးဖြစ်တဲ့အတွက် Flagship တန်းမှာ နေရာတစ်ခုရလာပြီလို့ သုံးသပ်နိုင်ပါတယ်။

Source: Counterpoint via Engadget