fbpx

This is digital planet.

SamsungTech News

Infinity-O display ကိုပထမဆံုးအသံုးျပဳလာမဲ့ Galaxy A8s ရဲ႕အခ်က္အလက္မ်ားေပၚထြက္လာ

Zawgyi

Samsung အေနနဲ႕ Galaxy A9s နဲ႕ Galaxy A6s တို႕ေနာက္ဆံုးမိတ္ဆက္ေပးၿပီး မၾကာခင္မွာေတာ့ အထင္ႀကီးစရာဒီဇိုင္းနဲ႕ Galaxy A8s ကို မၾကာခင္မွာထြက္ရွိလာေတာ့မယ္လို႕ အရိမ္အႁမႊာေတြထြက္ေပၚလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အပတ္က ဂ်ာမန္ Website တစ္ခုမွာ Galaxy A8s ရဲ႕အခ်က္အလက္ေတြကိုေဖာ္ျပထားပါတယ္။

Galaxy A8s မွာေတာ့ Infinity-O display ကိုေတာ့ တပ္ဆင္မယ္လို႕ေကာလဟာလ ေတြထြက္ေပၚလ်က္ရွိၿပီး screen ရဲ႕ အေပၚဘယ္ဘက္ေလာက္မွာ selfie shooter ကိုႁမွပ္ႏွံေပးထားပါတယ္။ တ႐ုတ္ Display Maker BOE က ေထာက္ပံ့ေပးထားတဲ့ 6.39-inch LCD Screen ကိုအသံုးျပဳထားမယ္လို႕လည္းသိရပါတယ္။

Processor ပိုင္းကိုေတာ့ Snapdragon 710 Chipset ကိုအသံုးျပဳလာႏိုင္ဖြယ္ရွိၿပီး 6 GB RAM ကိုထည့္သြင္းလာႏိ္ုင္ပါတယ္။ Storage ပိုင္းကေတာ့ 128 GB ကိုထည့္သြင္းေပးထားၿပီး 512 GB အထိ တိုးျမင့္ေပးႏိုင္တဲ့ MicroSD Card Slot ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ ဘက္ထရီ 3400 mAh ကိုလည္းထည္႔သြင္းေပးမယ္လို႕သိရပါတယ္။

Galaxy A8s ရဲ႕ေက်ာဘက္မွာေတာ့ ကင္မရာ ၃ လံုးပါဝင္မယ္လို႕သိရၿပီး 25 MP, 5 MP နဲ႕ 10 MP တို႕ကိုတပ္ဆင္ထားမယ္လို႕သိရပါတယ္။ ေရွ႕ဘက္မွာေတာ့ Galaxy A7 (2018) လိုမ်ဳိးပဲ 24 MP ကိုတပ္ဆင္ထားမယ္လို႕လည္းသိရပါတယ္။ ေရွ႕ကင္မရာကိုေတာ့ 6.7 mm ရွိတဲ့ အေပါက္ေလးထဲမွာထည့္သြင္းေပးထားမွာျဖစ္ပါတယ္။

 

Samsung Galaxy A8s အေနနဲ႔ Blackish Grey Gradient Color နဲ႕ထြက္ရွိလာမယ္လို႕ထင္ရၿပီး ေစ်းႏႈန္း နဲ႕ ရရွိမဲ့အခ်ိန္ေတြကိုေတာ့ အတိအက်မသိရေသးပါဘူး။ Samsung A Series ေတြဟာ S Series မွာသံုးဖို႔အတြက္ အစမ္းသပ္ခံလုိထုတ္လုပ္တာမ်ားပါတယ္။ ဆိုေတာ့ Infinity-O ကို စမ္းသပ္သံုးထားတဲ့ Samsung A Series တစ္ခုထြက္လာေတာ့မယ္ဆိုေတာ့ အသစ္ထြက္မဲ့ Flagship S10 မွာလည္း ပါလာႏိုင္ပါတယ္။

“Observe Here. Trust Yourself”

Source 

Unicode

Samsung အနေနဲ့ Galaxy A9s နဲ့ Galaxy A6s တို့နောက်ဆုံးမိတ်ဆက်ပေးပြီး မကြာခင်မှာတော့ အထင်ကြီးစရာဒီဇိုင်းနဲ့ Galaxy A8s ကို မကြာခင်မှာထွက်ရှိလာတော့မယ်လို့ အရိမ်အမြွှာတွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဂျာမန် Website တစ်ခုမှာ Galaxy A8s ရဲ့အချက်အလက်တွေကိုဖော်ပြထားပါတယ်။

Galaxy A8s မှာတော့ Infinity-O display ကိုတော့ တပ်ဆင်မယ်လို့ကောလဟာလ တွေထွက်ပေါ်လျက်ရှိပြီး screen ရဲ့ အပေါ်ဘယ်ဘက်လောက်မှာ selfie shooter ကိုမြှပ်နှံပေးထားပါတယ်။ တရုတ် Display Maker BOE က ထောက်ပံ့ပေးထားတဲ့ 6.39-inch LCD Screen ကိုအသုံးပြုထားမယ်လို့လည်းသိရပါတယ်။

Processor ပိုင်းကိုတော့ Snapdragon 710 Chipset ကိုအသုံးပြုလာနိုင်ဖွယ်ရှိပြီး 6 GB RAM ကိုထည့်သွင်းလာနိုင်ပါတယ်။ Storage ပိုင်းကတော့ 128 GB ကိုထည့်သွင်းပေးထားပြီး 512 GB အထိ တိုးမြင့်ပေးနိုင်တဲ့ MicroSD Card Slot ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီ 3400 mAh ကိုလည်းထည့်သွင်းပေးမယ်လို့သိရပါတယ်။

Galaxy A8s ရဲ့ကျောဘက်မှာတော့ ကင်မရာ ၃ လုံးပါဝင်မယ်လို့သိရပြီး 25 MP, 5 MP နဲ့ 10 MP တို့ကိုတပ်ဆင်ထားမယ်လို့သိရပါတယ်။ ရှေ့ဘက်မှာတော့ Galaxy A7 (2018) လိုမျိုးပဲ 24 MP ကိုတပ်ဆင်ထားမယ်လို့လည်းသိရပါတယ်။ ရှေ့ကင်မရာကိုတော့ 6.7 mm ရှိတဲ့ အပေါက်လေးထဲမှာထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

Samsung Galaxy A8s အနေနဲ့ Blackish Grey Gradient Color နဲ့ထွက်ရှိလာမယ်လို့ထင်ရပြီး ဈေးနှုန်း နဲ့ ရရှိမဲ့အချိန်တွေကိုတော့ အတိအကျမသိရသေးပါဘူး။ Samsung A Series တွေဟာ S Series မှာသုံးဖို့အတွက် အစမ်းသပ်ခံလိုထုတ်လုပ်တာများပါတယ်။ ဆိုတော့ Infinity-O ကို စမ်းသပ်သုံးထားတဲ့ Samsung A Series တစ်ခုထွက်လာတော့မယ်ဆိုတော့ အသစ်ထွက်မဲ့ Flagship S10 မှာလည်း ပါလာနိုင်ပါတယ်။

“Observe Here. Trust Yourself”

Source