fbpx

This is digital planet.

SamsungTech News


Zawgyi



Galaxy A8s Specs



Unicode

Infinity-O display , Snapdragon 710 , ကျောဘက် ကင်မရာ ၃ လုံး နဲ့ နားကြပ်ပေါက်မပါတဲ့ Galaxy A8s ကို Samsung မှကြေညာ

Screen မှာ ရှေ့ကင်မရာကိုထည့်သွင်းထားတဲ့ အပေါက်ကလေး တစ်ပေါက်ပါဝင်တဲ့ ကမ္ဘာပထမဆုံး Infinity-O Display အသစ်ကိုသုံးထားတဲ့ Samsung Galaxy A8s ကို Samsung မှစတင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ Infinity-O Display အပြင် Snapdragon Processor နဲ့ ကျောဘက် ကင်မရာ ၃ လုံး တို့ပါဝင်လာခဲ့ပြီး Galaxy ဖုန်းတွေထဲမှာပထမဆုံး နားကြပ်ပေါက်မပါတဲ့ ဖုန်းဖြစ်လာခဲ့ပါတယ်။

Galaxy A8s ရဲ့ဘေးဘက်တွေကို Metal Frame နဲ့ဖုံးအုပ်ပေးထားပြီး Gradient Black , Elves Blue နဲ့ Aurora Green ဆိုပြီး အရောင် ၃ မျိုးနဲ့ရရှိမှာဖြစ်ပါတယ်။ ဒီဖုန်းမှာပါဝင်တဲ့ ရှေ့ကင်မရာ ကိုထည့်သွင်းထားတဲ့ အပေါက်ဟာအရင် Leak ဖြစ်ထားတဲ့ပုံတွေထဲမှာပါဝင်တာထက် အနည်းငယ်ပိုကြီးနေပြီး Lenovo Z5S လောက်တော့မကြီးပါဘူး ဖုန်းရဲ့ အောက်ဘက်မှာတော့ USB-C port နဲ့ speaker တစ်ခုပါဝင်ကာ Bixby button ကိုလည်း ဖုန်းရဲ့ဘယ်ဘက်ဘောင်ထဲမှာထည့်သွင်းထားပါတယ်။

Galaxy A8s Specs

Galaxy A8s ကိုတော့ 6.4-inch display 19.5:9 aspect ratio ရှိကာ TENAA ရဲ့ဖော်ပြချက်အရ 2340 x 1080 screen resolution ရှိတယ်လို့ဆိုပါတယ်။ Processor ကိုတော့ Snapdragon 710 ကိုအသုံးပြုထားပြီး အလည်အလတ် mid-range ဖုန်းတွေထက်တော့ အနည်းငယ်မြင့်နေပါတယ်။ 6GB/8GB RAM ပါဝင်ကာ 128GB internal storage ပါရှိပါတယ်။

ကင်မရာပိုင်းကိုတော့ Galaxy A7 (2018) လို့မျိုး ကင်မရာ ၃ လုံးပါဝင်ကာ 2x optical zoom 10 MP telephoto Lens / 24MP f/1.7 Mein Sensor နဲ့ Real-time Portrait Effect အတွက် 5MP f/2.2 sensor တို့ကိုတပ်ဆင်ထားပြီး ရှေ့ကင်မရာကိုတော့ 24MP ရှိတဲ့ sensor ကိုအသုံးပြုထားပါတယ်။ Fingerprint scanner ကိုတော့ ကျောဘက်မှာပဲအသုံးပြုထားပြီး 3300 mAh ဘက်ထရီပါဝင်ကာ Andriod 8.1 Oreo နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဈေးနှုန်းနဲ့ရောင်းချမဲ့အချိန်ကိုတော့ မပြောသွားပါဘူး…

Source