This is digital planet.

Tech News

7nm Production ကို 2023 မှ စတင်မယ့် Intel

AMD အပါအဝင် စမတ်ဖုန်း ကုမ္ပဏီအများစု 5nm Node ဆင်းဖို့ ပြင်ဆင်နေချိန် I Do not Care လို့ Intel ကြီး ကြေညာလိုက်ပါပြီ။

တကယ်တမ်းကျ ဂရုမစိုက်ဘူးလို့ မဆိုလိုပေမယ့် Intel အနေနဲ့ Production အပိုင်း နှောင့်နှေးမှုနဲ့ ရင်ဆိုင်နေရလို့ ဖြစ်ပါတယ်။

ပြောရေးဆိုခွင့် ရှိသူတွေအရ 7nm Chip ထုတ်လုပ်ဖို့ ၆ လ နောက်ဆုတ်လိုက်ပြီ ဖြစ်သလို အစောပိုင်း ကြေညာချက်တွေမှာ 2021 နှစ်ကုန်ပိုင်းလောက်မှ Production စမယ်လို့ Intel ကြေညာထားပါတယ်။

7nm Intel

အခုလို Delay ဖြစ်စဥ်နဲ့ ပတ်သက်လို့ မျော်လင့်ချက် တစ်စုံတစ်ရာ မရှိပေမယ့် Roadmap တွေအရ 7nm GPU (Ponte Vecchio) ၊ 7nm Server CPU (Granite Rapids) အစရှိတဲ့ Chiplets (Tiles) တွေကို 2020 – 2023 ခုနှစ်အတွင်း မြင်တွေ့ရမှာပါ။

အဆိုပါ Chip တွေဟာ Intel မပြောလည်း စွမ်းဆောင်ရည် ပိုကောင်းမှာ ကျိန်းသေဆိုပေမယ့် ပိုပြီးသေချာသလောက် ဖြစ်နေမှာက TSMC အနေနဲ့ 3nm Node တွေ ထုတ်လုပ်နေလောက်ပါပြီ။

11th Gen Tiger Lake Processor on 10nm

Image: wccftech

ဒါကြောင့် ကုမ္ပဏီအနေနဲ့ ဘယ်လိုပဲ Delay ဖြစ်နေတယ် ပြောပြော 10nm++ နဲ့ ထွက်ရှိလာမယ့် Tiger Lake ဟာ Renoir Processor တွေနဲ့ Keep-up လုပ်နိုင်မလား မေးခွန်းက ရင်တထိတ်ထိတ် ဖြစ်စရာပါ။

Tiger Lake

လက်ရှိ ကြားသိထားရသလောက် Graphics အပိုင်းမှာ GTX 960m Level နီးနီး စွမ်းဆောင်လာနိုင်မယ့် Xe G7 ကို Core i7-1165G7 မှာ မြင်တွေ့ရမယ် ဆိုပေမယ့် အဆိုပါ 4-cores Chip ဟာ Multi-core အပိုင်းမှာတော့ တချို့သူတွေအတွက် ဘဝင်မကျ ဖြစ်စေမယ် ထင်ပါတယ်။

Intel ရဲ့ 11tt Gen Tiger Lake အကြောင်းကို ဒီဆောင်းပါး Link မှာ လေ့လာနိုင်သလို စကားချပ် အနေနဲ့ ဖော်ပြလိုတာက ARM-based Processor တွေလို Power Efficient Cores နဲ့ Powerful Cores နှစ်မျိုး ပေါင်းစပ်ထားတဲ့ Lakefield Chip ကိုလည်း Intel မိတ်ဆက်ထားပါတယ်။

10nm++ Process

Lakefield တွေဟာလည်း 10nm Process ပေါ်မှာပဲ အခြေခံ ထုတ်လုပ်ထားသလို Skylake Architecture ရဲ့ GT2 Graphics ကို အသုံးပြုထားဆဲပါ။

ရည်ရွယ်ချက်က Snapdragon 8cx PC တွေနဲ့ ယှဥ်ဖို့ ဖြစ်ပေမယ့် Intel ခမျာ ဗျာများနေရသလိုပဲ။

Lenovo Yoga Slim 7

Image: WePC

Tiger Lake ကို အမွေဆက်ခံလာမယ့် Ader Lake 12th Gen ဟာလည်း 10nm Process မှာပဲ အခြေခံထားမှာပါ။

Intel အနေနဲ့ 7nm ပေါ် အာရုံမစိုက်တဲ့ အချက်တစ်ချက်က တစ်နှစ်တစ်နှစ် ရရှိနေတဲ့ ဝင်ငွေပေါ်မှာပဲ သာယာနေတယ်လို့ ပြောနိုင်သလို ယခင်နှစ်ထက် 7% (%9.5 Billion) ပိုရခဲ့တယ်လို့ သိရပါတယ်။

Revenue Increase

အဆိုပါ 7% ဟာ အဓိကအားဖြင့် Laptop ရောင်းချငွေကနေ ရရှိလာတာဖြစ်ပြီး COVID-19 ရိုက်ခတ်နေစဥ်ကာလ အရောင်းအေးနေချိန် အခြေနေကောင်းခဲ့တယ်လို့ ပြောရမှာပါ။

2020 ဒုတိယနှစ်ဝက်အတွက် 20% ($19.7 Billion) ဝင်ငွေ ပိုရခဲ့ပေမယ့် ကျွမ်းကျင်သူတွေ မပြောလည်း Keep-up လုပ်သင့်ပြီလို့ ထင်ပါတယ်။ လက်ရှိမှာလည်း Zen 2 တွေ ပွဲကောင်းနေသလို Desktop အတွက်လည်း ထွက်ရှိနေပါပြီ။

CEO Bob Swan

CEO Bob Swan (Image: Bridges for Peace)

ဒါကြောင့်မလို့ 10nm နဲ့ပဲ အရကျစ်ဦးမယ့် အနေထားဖြစ်နေသလို 7nm မလာသရွေ့ စွမ်းဆောင်ရည် တိုးမလား ၊ Power Efficient ဖြစ်အောင်ပဲ လုပ်မလား Intel ချပြလာမယ့် Products အသစ်ကိုသာ စောင့်ကြည့်နေရုံပဲ ရှိပါတယ်။

Source: The VergeTom’s Hardware