fbpx

This is digital planet.

Articles

ပထမဆုံး Discrete Graphics Card ထုတ်ပြလိုက်ပြီဖြစ်တဲ့ Intel

CES 2018 ပွဲမှာတုန်းက Kaby Lake-G Processor ကို Intel နဲ့ AMD တို့ ပူးတွဲမိတ်ဆက်ခဲ့တာကို သိတဲ့လူတချို့ရှိဦးမယ် ထင်ပါတယ်။ ပြောရရင်တော့ 8th Generation Intel Processor ကို AMD ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး RX Vega Mobile GPU ကို Intel SoC တစ်ခုထဲမှာ အသုံးပြုထားတာ ဖြစ်ပါတယ်။

မြင်လွယ်အောင် ထပ်ပြောရင်တော့ Intel Processor တွေမှာ ပါဝင်နေကြ UHD Graphics ၊ Iris Graphics ဆိုတာကို ဖြုတ်ချပြီး ပါဝါစားပိုများတဲ့ Radeon Chip ကို ထည့်သုံးလိုက်တာပါ။ အဲ့ဒါကြောင့် Kaby Lake G ဟာ 100W TDP အထိ ပါဝါစားနိုင်ပြီး cTDP အရဆိုရင်တော့ 100W ပမာဏကို ကျော်သွားနိုင်တာကို ဖြည့်တွေးကြည့်နိုင်ပါတယ်။

Kaby Lake G

Kaby Lake G Series (Photo: AMD Community)

အခုလို AMD နဲ့ Collaborate လုပ်တဲ့ ရည်ရွယ်ချက်က Ultrabook တွေမှာ အသုံးပြုဖို့ ဖြစ်ပေမယ့် 100W ဆိုတာက နည်းနည်းနောနော အပူထွက်တာ မဟုတ်ပါဘူး။ စွမ်းဆောင်ရည်အပိုင်းမှာ Intel Processor ကို GTX 1050 Ti နဲ့ တွဲသုံးတာထက် ပိုကောင်းတယ်ဆိုမယ့် Ultrabook လို Cooling မလုံလောက်တဲ့ Laptop မျိုးကျ Challenge တွေ ရှိနေခဲ့ပါတယ်။

Intel အနေနဲ့ Integrated Graphics အပိုင်းမှာ ပိုကောင်းအောင် အားစိုက်ခဲ့ပေမယ့် Iris Plus Graphics သုံးထားတဲ့ Ice Lake i7-1065G7 က AMD ရဲ့ Ryzen 7 4800U လောက် စွမ်းဆောင်ရည် မကောင်းတာ တွေ့ရပြီး ဖြစ်ပါတယ်။

Lenovo Yoga Slim 7

Ryzen 7 4800U Powered Lenovo Yoga Slim (Photo: WePC)

ဒီတော့ Strategy ပိုင်း ပြောင်းလဲလိုက်တဲ့ ၂၀၁၇ နိုဝင်ဘာမှာ Radeon Vega M Graphics ဒီဇိုင်နာ Raja Koduri (AMD’s Graphics Chief) ကို အပိုင်သိမ်းပစ်လိုက်ပါတယ်။ ပြောချင်တာ High-end Discrete Graphics တိုက်ပွဲမှာ နေရာတစ်နေရာပိုင်ဆိုင်ဖို့အတွက် ဖြစ်ပါတယ်။

Koduri ဆိုသူကလည်း Apple ကုမ္ပဏီမှာ ၂၀၀၉ ကနေ ၂၀၁၃ ထိ Retina Display ပိုင်းမှာ တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၄ နောက်ပိုင်းမှာမှ AMD ဆီ ရောက်လာတာ ဖြစ်ပါတယ်။ ရောက်လာတဲ့ အကြောင်းပြချက်ကလည်း ATI Graphics နည်းပညာကို AMD ဝယ်လိုက်တာဖြစ်ပြီး Koduri ကို Graphics Chief အနေနဲ့ ဦးဆောင်စေခဲ့တာ ဖြစ်ပါတယ်။

Raja Koduri

Raja Koduri (Photo: TechSpot)

Intel နဲ့ ပူးပေါင်းလိုက်တဲ့ နောက်ပိုင်းမှာတော့ Kaby Lake G ကို ၂၀၁၈ မှာ မြင်တွေ့ခဲ့ရပြီး အခု ၂၀၂၀ မှာဆိုရင်တော့ ပထမဆုံး Xe DG1 Graphics Card ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ပြောရင်တော့ Kaby Lake G ကို အသေသတ်လိုက်တာဖြစ်ပြီး ၂၀၂၁ ကာလတွေမှာ Intel Processor နဲ့တွဲဖက်လာမယ့် Discrete Graphics Card တွေကို မြင်ရဖို့ ရှိပါတယ်။

လက်ရှိအချိန်မှာတော့ Developer Support နဲ့ Driver တွေ လိုအပ်နေဆဲဖြစ်တဲ့အတွက် Consumer လက်ထဲ ရောင်းမချသေးဘူးလို့ သိရပါတယ်။ CES ပွဲမှာ ပြသွားတဲ့အတိုင်းဆိုရင် Xe DG1 မှာ 75W ပါဝါသုံးစွဲမှုရှိပြီး 96 EUs (Execuetion Unit) ပါဝင်ပါတယ်။

Xe DG1 Graphics Card

Xe DG1 Graphics Card (Photo: TheVerge)

ကျွမ်းကျင်သူတွေ အဆိုရ Xe DG1 ဟာ PCIe x 16 Interface အသုံးပြုထားတဲ့အတွက် PCIe 4.0 ဖြစ်နိုင်တယ်လို့ ပြောနေပါတယ်။ ဒါ့အပြင် 75W သုံးစွဲမှုရှိတဲ့အတွက် DG1 ကို Entry Level Desktop Card လို့ ပြောနိုင်ပါတယ်။ (See Below)

ဒီလိုပဲ 25W ပါဝါသုံးစွဲမှုရှိတဲ့ Xe DG1 Mobile GPU ကိုလည်း Intel မိတ်ဆက်ခဲ့ပြီး Destiny 2 ဗီဒီယိုဂိမ်းကို 1080p 60fps နဲ့ကစားထားတဲ့ DEMO ကို ပြသခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ GTX 1050 စွမ်းဆောင်ရည်ရှိတယ်လို့ သုံးသပ်ထားပြီး 25W Chip က ဒီလောက် Performance ကောင်းနေရင် AI နည်းပညာနဲ့ Scale up လုပ်ထားတယ်လို့ ထင်ကြေးပေးနေပါတယ်။ တကယ်လည်း Xe DG1 မှာ iNT8 အထောက်ပံ့ပါဝင်တဲ့အတွက် ဖြစ်နိုင်ချေက Tiger Lake Processor ကို Kaby Lake G တုန်းကလို CPU နဲ့ GPU Link ချိတ်ထားမယ့် SLI-esque ပါဝင်မယ်လို့ ခန့်မှန်းနေပါတယ်။ Intel ကတော့ ဒါကို ထုတ်ပြောသွားခြင်း မရှိသေးပါဘူး။

Intel CES 2020

Photo: Digital Arts)

YouTuber “LinusTechTips” အနေနဲ့လည်း Xe DG1 သိရဖို့ Track down လုပ်ခဲ့ပေမယ့် Twitter စာမျက်နှာမှာ အခုလို ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် Intel အနေနဲ့ ဝှက်ဖဲကိုင်ထားဆဲဖြစ်ပြီး Xe LP ၊ Xe HP နဲ့ Xe HPC ဆိုပြီး Low ၊ Medium နဲ့ High-performer Graphics Card တွေ ထုတ်သွားဦးမယ်။

Xe Series Graphics Card

Photo: TheVerge

Intel အနေနဲ့ Tiger Lake မှာအသုံးပြုလာမယ့် Xe Graphics Card ကို Ryzen 7 4000 စီးရီး Processor သစ်တွေ ကြေညာပြီးတဲ့ နောက်မှာ ထုတ်ပြလိုက်တာဖြစ်ပြီး ဘယ်လို ထုတ်ကုန်သစ်တွေ မြင်ရဦးမလဲ စောင့်ဆိုင်းရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။

Source: TheVerge 12 ၊ Notebookcheck 12