fbpx

This is digital planet.

Tech NewsXiaomi

Intel Core i5 အသုံးပြုထားတဲ့ Xiaomi ရဲ့ Mi Notebook အသစ်ထွက်ရှိလာဦးမည်

မကြာခင်က Mi 9 နဲ့ Redmi ဖုန်းတွေနဲ့ စမတ်ဖုန်း လောကကိုကိုင်လှုပ်ခဲ့တဲ့ Xiaomi အနေနဲ့ Laptop ဈေးကွက်ကိုထပ်မံကိုင်လှုပ်ဖို့ရှိနေပါတယ်။ Laptop ဈေးကွက်ထဲကို Mi Notebook Air နဲ့ ၂၀၁၆ ခုနစ်မှာစတင်ဝင်ရောက်ခဲ့တဲ့ Xiaomi ရဲ့ Mi Notebook တွေမှာတော့ ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်တွေကြောင့် လူကြိုက်များလျက်ရှိပါတယ်။ နောက်ပိုင်းမှာတော့ Xiaomi အနေနဲ့ Mi Notebook တွေမှာ Fingerprint scanner ကိုလည်းထည့်သွင်းပေးခဲ့ပါတယ်။ ယနေ့မှာတော့ Xiaomi ရဲ့ Mi Notebook အသစ်လို့ယူဆရတဲ့ Intel-Core i5 အသုံးပြုထားတဲ့ Notebook တစ်ခုကိုတော့ Geekbench မှာမြင်တွေ့ခဲ့ရပါတယ်။
Geekbench ရဲ့ဖော်ပြချက်မှာတော့ Mi Notebook အသစ်ရဲ့ model number ဟာ Timi TM1814 လို့ဖော်ပြထားပြီး နာမည်ကြီး Tipster တစ်ဦးဖြစ်တဲ့ Roland Quandt ကတော့ ဒါဟာ နောက်ထွက်ရှိမဲ့ Mi Notebook အသစ်ဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ Mi Notebook အသစ်မှာတော့ Intel Core i5-8265U Quadcore processor ကိုအသုံးပြုမယ်လို့သိရပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မယ်လို့လည်းသိရပြီးအခြား အသေးစိတ်အချက်အလက်အချို့တော့ မမြင်တွေ့ရသေးပါဘူး။

Geekbench Result တွေအနေနဲ့ Single Core test မှာ 4412 points ရှိပြီး Multi-Core test မှာတော့ 12414 points ရှိပါတယ်။ ဒါပေမဲ့ အခြား Intel-Core i5 အသုံးပြု model တွေရဲ့ Score နဲ့ယှဉ်ရင် သိပ်ပြီး ထူးထူးခြားခြားပြောင်းလဲမှုမရှိပါဘူး။

Ref: Gizmochina