This is digital planet.

Articles

Intel ရဲ့ Hybrid Processor ဆိုတာ ဘာလဲ

ကျွန်တော်တို့တတွေ Intel နဲ့ AMD အပြိုင် ဖြစ်နေတယ်လို့ပဲ သိထားကြတယ်။ ပြီးခဲ့တဲ့ 2018 ၊ 2019 ကာလတွေမှာ Snapdragon 8cx လို PC တွက် ထုတ်ထားတဲ့ SoC တွေ အကြောင်း ကြားခဲ့ကြမယ် ထင်ပါတယ်။

Snapdragon 8cx Processor

Image: Engadget

ဆိုလိုချင်တဲ့ သဘောက အဆိုပါ Snapdragon Chip တွေဟာ လက်ရှိ PC စျေးကွက်အတွင်းမှာ ရောင်းချ အသုံးပြုနေတဲ့ Core Series စွမ်းဆောင်ရည် မမီပေမယ့် Intel ကို ခြိမ်းခြောက်နေတဲ့ အချက်တွေ ရှိနေပါတယ်။

Ultimate Challenge

သိတဲ့အတိုင်း မိုဘိုင်း Chip တွေဟာ စွမ်းအင် ချွေတာသုံးစွဲမှု အပိုင်း ပိုကောင်းသလို Always Connected PC ဆိုတဲ့ အချက်တွေကြောင့် Ultrabook နယ်ပယ်မှာ Challenge တစ်ခုလို ဖြစ်လာတာပါ။

ဒိအတွက်ကြောင့် တမျိုးတဖုံ စွမ်းဆောင်နိုင်တဲ့ Chip မျိုး Intel ပြင်ဆင်ခဲ့သလို Galaxy Book S နဲ့အတူ ထွက်ပေါ်လာတာက Lakefield Processor အသစ်ပါ။

ကျွမ်းကျင်သူတွေ အဆိုရ အဆိုပါ Processor မှာ Hybrid Cores နဲ့ Foveros 3D Stacked ဒီဇိုင်း အသုံးပြုထားပြီး လုံးဝကို ပါးလွှာနေတဲ့ Laptop တွေ၊ Foldable PC တွေအတွက် ထုတ်လုပ်ထားတာပါ။

Hybrid Theory

Hybrid Cores ဆိုတာကို မြင်သာအောင် ပြောရရင် Powerful Cores တွေဖြစ်တဲ့ Sunny Cove Core ၁ လုံး(လက်ရှိ Ice Lake Chip တွေ အခြေခံထားတဲ့ Architecture) ကို Atom Processor တွေမှာ အသုံးပြုတဲ့ Tremont Cores ၄ လုံးနဲ့ Hybrid လုပ်ထားတာ ပြောချင်တာပါ။

ဒါကြောင့် Lakefield Chip တွေဟာ 10nm Process နဲ့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ပြောနိုင်သလို CPU Single Die တစ်ခုထဲမှာ စုစုပေါင်း 5-cores/5-threads ရှိမှာ ဖြစ်ပါတယ်။

Intel Lakefield

သုတေသီအဆိုရ အခုလို Arrangement မျိုးဟာ စွမ်းအင်ချွေတာဖို့ ၊ Power Efficiency နဲ့ Battery Life မှာ Effective ဖြစ်စေသလို Sunny Cove တစ်မျိုးထဲဖြစ်စေ Atom Cores တမျိုးထဲဖြစ်စေ ရလာတဲ့ Result ထက် ပိုကောင်းသွားပါတယ်။

အဆိုပါ Powerful Cores နဲ့ Power Efficient Cores နှစ်မျိုး ပေါင်းစပ်တာမျိုးကို Mobile SoC တွေဖြစ်တဲ့ Snapdragon ၊ Exynos နဲ့ Kirin တို့မှာ သုံးနေပြီးသားပါ။

Intel Lakefield Chip

Image: Notebookcheck

Ultraportable ခေတ်ထလာတဲ့ နောက်ပိုင်း Laptop ကွန်ပျူတာတွေကို တတ်နိုင်သမျှ ပေါ့ပါး ပါးလွှာနေအာင် ပြုလုပ်လာသလို တဖက်မှာလည်း စွမ်းဆောင်ရည် ကောင်းပြီး ဘက်ထရီ တာရှည်ခံတဲ့ အားသာချက်မျိုးနဲ့ စျေးကွက်ခင်းလာတာပါ။

ဒိအတွက် ARM Chip တွေ နေရာယူဖို့ ပြင်ဆင်နေတဲ့ Battleground ကို Lakefield SoC နဲ့ Intel အဖြေပေးလိုက်သလို စာဖတ်သူတွေ စိတ်ဝင်တစားဖြစ်မယ့် Graphics အပိုင်းမှာလည်း Generation 11 Graphics ၊ Wi-Fi 6 Support နဲ့ မြင်ရမှာပါ။

Intel UHD Graphics

တဆက်ထဲ Lakefield Architecture ပြောရရင် Layers ၃ ခု ခွဲထုတ်နိုင်မှာဖြစ်ပြီး ၂ မျိုးက 5-cores ပါဝင်တဲ့ Logic Dies လို့ သတ်မှတ်နိုင်ပါတယ်။ နောက်ကျန်တဲ့ တစ်ခုက Integrated Graphics အတွက် ဖြစ်သလို I/O Elements တွေရဲ့ Main လို့လည်း သိထားလို့ရပါတယ်။

အဆိုပါ တတိယ Dies အတွင်းမှာ DRAM ထည့်သွင်းထားလို့ Intel အဆိုရ Whiskey Lake Y Processor တမျိုးဖြစ်တဲ့ Core i7-8500Y ရဲ့ Package Area နဲ့ Board Size ကို 56% နဲ့ 47% အသီးသီး သေးငယ်အောင် ပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။

Intel Lakefield Chip

Image: World Today News

Lakefield စီးရီးမှာ LPDDR4x 4,267MHz Memory Support အပြင် 7W ပါဝါသုံးစွဲမှုရှိမယ့် Core i5-L16G7 (4MB Cache) နဲ့ Core i3-L13G4 (4MB) Processor ဆိုပြီး နှစ်မျိုး ကြေညာထားသလို i5 က 1.4GHz Base Frequency (3.0GHz Single Core Turbo နဲ့ 1.8GHz All-core Turbo) ရှိမှာပါ။

7W TDP

I3 ကတော့ 0.8GHz Base Frequency နဲ့ Run မှာဖြစ်ပြီး Single Core မှာ 2.8GHz နဲ့ All Core ဆိုရင် 1.3GHz Boost Frequency ရှိတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာတော့ Intel ရဲ့ Hybrid Processor တွေကို Lenovo ThinkPad X1 Fold ၊ Dual-screen Surface Neo နဲ့ Samsung Galaxy Book S တို့နဲ့ ပွဲထုတ်ပြီး ဖြစ်ပါတယ်။

Lakefield Specification

Image: Electro Deal Pro

Lenovo နဲ့ Surface Neo တို့က Prototype အဆင့်ပဲ ရှိသေးပေမယ့် Galaxy Book S ကို $949 ဝန်းကျင်နဲ့ ဝယ်ယူနိုင်ပါပြီ။

Samsung အနေနဲ့ 2019 တုန်းက ကြေညာခဲ့တဲ့ Galaxy Book S မှာ Snapdragon 8cx SoC သုံးခဲ့ပေမယ့် ခုတော့ Intel နဲ့လာပါပြီ။

Samsung Galaxy Book S

Core i5-L16G7 SoC အသုံးပြုထားတဲ့ Galaxy Book S ဟာ အလေးချိန် 960g နဲ့ 0.7 လက်မသာ အထူရှိပါတယ်။ Display ပိုင်းအနေနဲ့ 600nits Brightness ထောက်ပံ့ထားမယ့် 13.3” TFT LCD Panel အသုံးပြုပေးထာပြီး 1,920 x 1,080p Resolution ပါဝင်မှာပါ။

Book S မှာ 8GB LPDDR4x RAM နဲ့အတူ eUFS အမျိုးစား 256GB Storage ပါရှိမှာဖြစ်ပြီး 512GB Option ရွေးချယ်နိုင်သလို MicroSD Slot ကနေ 1TB ပမာဏအထိ တိုးချဲ့ အသုံးပြုနိုင်ပါတယ်။

Galaxy Book S

Image: The Verge

အခုလို Power Efficient ဖြစ်မယ့် Intel Chip ကို 42Wh Battery နဲ့ ပေါင်းစပ်ပေးထားလို့ “Long Lasting” အနေထားလို့တောင် ပြောနိုင်နေပါပြီ။

နိဂုံးချုပ်ရရင် တဖက်မှာ Ryzen နဲ့ Compete လုပ်ဖို့ 11th Gen Tiger Lake Processor တွေ ပြင်ဆင်နေရသလို ARM စစ်တပ်ကြီး ခြယ်လှယ်ဦးမယ့် Ultra-thin & Light ပြိုင်ပွဲမှာ Lakefield နဲ့ အပြိုင် လုပ်နေတယ်လို့ သုံးသပ်ရမှာပါ။

2020 နှစ်လယ်ပိုင်း ထုတ်ပြန်ချက်တွေအရ Intel ရှယ်ယာ ကျဆင်းနေသလို 10nm Process မှာပဲ အခြေခံထားတဲ့ အဆိုပါ Chipset နှစ်မျိုးက ကုမ္ပဏီကို ဘယ်လိုလမ်းခင်းပေးမလဲ စောင့်ကြည့်ရဦးမှာပါ။

Source: The Verge ၊ Ark Intel ၊ Samsung