fbpx

This is digital planet.

AppleTech News

iOS 13 မှာ ပါဝင်လာတဲ့ Features အသစ်များ

မနေ့က Apple WWDC event မှာ အမိုက်စား Feature တွေပါဝင်တဲ့ iOS 13 ကိုမိဆက်သွားခဲ့ပါတယ်။ ဘယ်လို Feature တွေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်…

Image result for ios 13

Performance – 2x App Launch Speed

မနှစ်က iOS 12 မှာ Battery ပိုင်းမှာ Power စားသက်သာအောင် Performance ပိုလျော့ချခဲ့တာကို အားလုံးသိခဲ့ကြမှာပါ။ ဒီနှစ်မှာတော့ ဝမ်းသာစရာသတင်းက App Launch Speed မှာအရင်က ၂ ဆ ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ နောက်တစ်ခုက ပိုမိုက်တာက Apple က Application package တွေကို လျော့ချပေးထားတာပါ App Store ကနေ App အသစ်တစ်ခုကို Download လုပ်တဲ့အခါ 50% Size သက်သာမှာဖြစ်ပြီး Update လုပ်တဲ့အခါမှာလဲ 60% ပိုမိုသက်သာမှာဖြစ်ပါတယ်။ အဲ့အပြင် App ကိုဖွင့်တဲ့အခါမှာ အရင်ကထက် ၂ ဆပိုမြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါက ဖုန်း Storage နည်းသူတွေအတွက် အတော်လေး အဆင်ပြေစေတဲ့ Significant upgrade တစ်ခုပါ။

System-wide Dark Mode

iOS 13 မှာပဲ System-wide Dark Mode ကိုထည့်ပေးလိုက်ပါပြီ Blue-light အများဆုံးပါတဲ့ အဖြူရောင်တွေနေရာမှာ အနက်ကိုအစားထိုးလိုက်ခြင်းအားဖြင့် မျက်လုံးထိခိုက်မှုကိုကာကွယ်နိုင်ပြီး ဖုန်းရဲ့ Battery ကိုလည်း ချွေတာနိုင်မှာဖြစ်ပါတယ်။ System-wide ဖြစ်တဲ့အတွက် ဖုန်းရဲ့ System တစ်လုံး Dark Mode အနေနဲ့အသုံးပြုနိုင်မှာပါ။ စိတ်မကောင်းစရာက OLED Display သုံးတဲ့ iPhone တွေမှာပဲ ဒီအရသာကို အပြည်အဝခံစားရမှာပါ။

Memoji and Messages

ဒါကတော့ တော်တော်များများ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကိုယ့်မျက်နှာနဲ့ Memoji sticker လေးတွေ ဖန်တီးလို့ရတာပါ။ Message စပို့တဲ့အခါ ကိုယ့်မျက်နှာနဲ့ ကိုယ့်နာမည်နဲ့ ပို့မလားဆိုတဲ့ option နဲ့ အသုံးပြုရမှာပါ။ A9 chips သုံးထားတဲ့ Device တွေနှင့်အထက် အသုံးပြုလို့ရမယ်ဆိုတော့ iPhone 6s ကနေ iPhone XS ထိ အသုံးပြုလို့ရမှာပါ။

အသစ်တွေအပြင် $6000 တန် Mac Pro ကိုပါမိတ်ဆက်သွားခဲ့ပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ Dark Mode ပါဝင်တဲ့ iOS 13 အပြင် tvOS 13, watchOS 6 နဲ့ iPad OS နဲ့ Mac OS Catalina တို့ကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။

Advanced Photos Editing & Photo Arrangement

Photos app နဲ့ အရင် ကလေးအဆင့် Filter အုပ်ပြီး ပုံပြင်တဲ့အဆင့်မဟုတ်ပဲ ဓာတ်ပုံတွေကို advanced techniques တွေနဲ့ ပြင်နိုင်မှာပါ။ iPhone တွေနဲ့ ဓာတ်ပုံလှလှရိုက်ပြီး ပြင်တဲ့သူတွေအကြိုက်ပေါ့။ Vibrance, white balance, sharpening, “definition” (clarity filter), noise reduction နဲ့ vignette filters အသစ်တွေ ပါဝင်လာပါတယ်။ နောက်တစ်ခုက All-New Photos Tab ထည့်သွင်းပေးထားပြီး ပိုမိုလှပ ရိုးရှင်းတဲ့ App Design ကိုအသုံးပြုပေးထားပါတယ်။ နေ့အလိုက်၊ လအလိုက်၊ တစ်နှစ်စာအတွက် သင့်ရဲ့ Moments တွေကိုပြသပေးနိုင်တယ်လို့လည်း သိရပါတယ်။

Maps With More Detail

Maps ကိုပိုမိုပြည့်စုံအောင် Detail လုပ်ပြီး Google StreetView လိုပဲ 360° view နဲ့ကြည့်လို့ရမှာဖြစ်ပါတယ်။

Swipe Keyboard

QuickPath လို့နာမည်ပေးထားပြီး Alphabet တွေကို Swip လုပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ Android User တွေအတွက်တော့ ဘာမှမထူးဆန်းပါဘူး။

Privacy & Security

Privacy ကို ဦးစားပေးလေ့ရှိတဲ့ Apple က iOS 13 မှာ ပိုအဆင့်မြှင့်တင်ထားပြီး Third party app တွေကို Location access ပြုလုပ်ရမှာလဲ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ Security ပိုင်းမှာ နောက်ကွယ်ကနေ ကိုယ်မသိပဲ Track လုပ်နေရင်တောင် အသိပေးနိုင်တဲ့ Feature တွေပါဝင်ပါသေးတယ်။ နောက်တစ်ခုက Ecosystem ထဲကိုမရမကဆွဲသွင်းတဲ့ Sign in with Apple ဆိုတဲ့ Feature ပါဝင်ပါသေးတယ်။ Face ID Unlock လုပ်ရာမှာ အရင်ကထက် ၃၀ ရာခိုင်နှုန်း ခန့်ပိုမြန်လာမှာဖြစ်ပြီး Email access လုပ်ပြီး Third party sign in မလုပ်ချင်ရင်တောင် fake random mail တစ်ခုလုပ်ပြီး သင့်ရဲ့ Privacy ကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Files

Files ဆိုတဲ့ App အဆင့်မြှင့်တင်မှုတွေပြုလုပ်ပေးထားပြီး File တွေရဲ့ Metadata ကိုပြနိုင်သလို Zipping/Unzipping တွေကိုလည်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့အပြင် Downloads folder လဲခွဲပေးထားတယ်ဆိုတော့ လွယ်ကူစွာ Download ရနိုင်မလားဆိုတာတော့မသသေးပါဘူး။

အခြားသော ပြောင်းလဲမှုတွေအနေနဲ့ Music app မှာ Live lyric တွေကိုဖော်ပြပေးနိုင်ပါတယ်။ AirPods တွေ ချိတ်ဆက်ပြီး Audio Share လုပ် နားထောင်လို့ရတဲ့ Feature လည်းပါဝင်ပါသေးတယ်။ Safari, Mail, Notes တို့မှာလည်း Feature အသစ်တွေ ပါဝင်လာပါတယ်။ iOS 13 ကို iPhone SE နောက်ပိုင်းထွက်ခဲ့တဲ့ဖုန်းတွေ အကုန်တင်သုံးလို့ရမှာဖြစ်ပါတယ်။