fbpx

This is digital planet.

AppleTech News

iOS 13 မှာ Find My iPhone နဲ့ Find My Friend feature နှစ်ခုကို App တစ်ခုထဲပေါင်းစပ်ပေးမည်

Apple အနေနဲ့ အခုထွက်ရှိလာမဲ့ iOS 13 မှာ အရင် Version မှာပါဝင်တဲ့ အဓိက feature တွေဖြစ်တဲ့ System-wide dark mode, Undo gestures နဲ့ Multiple window ပုံစံ Special iPad feature တွေကို ပြန်လည်မွမ်းမံ ပေးမယ်လို့သိရပါတယ်။ မနေ့က ထွက်ရှိလာတဲ့ သတင်းတွေအရ Apple ဟာ Find My iPhone နဲ့ Find My Friend ဆိုတဲ့ app နှစ်ခုကို Green Torch (Code name) လို့ခေါ်တဲ့ app တစ်ခုထဲ ပေါင်းထပ်ပေးမယ်လို့သိရပါတယ်။

ဒီ Tracking app အသစ်ကိုတော့ iOS မှာရော macOS မှာရော အသုံးပြုလို့ရမယ်လို့သိရပါတယ်။ Apple အနေနဲ့ WiFi network ဒါမှမဟုတ် Cellular network မရှိတဲ့နေရာတွေမှာ iDevice တွေ ပျောက်ဆုံးမှုတွေကို ရှာဖွေရန်အတွက် Offline tracking စနစ်အသစ်တစ်ခုဖြစ်တဲ့ Find Network feature အသစ်တစ်ခုကိုလည်း ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ဒီ Find Network အနေနဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစု တစ်ယောက်ယောက် သတ်မှတ်ထားတဲ့ Location ပေါ်ကနေပျောက်ဆုံးသွားရင်လည်း Notification တစ်ခုအနေနဲ့ဖော်ပြပေးမယ်လို့သိရပါတယ်။

Image result for ios 13

ဒါအပြင် Apple အနေနဲ့ NFC လိုမျိုး Hardware tracking ထုတ်ကုန်တစ်ခုကိုဖန်တီးနေပြီး ဘယ် iDevice တွေနဲ့မဆိုအသုံးပြုလို့ရအောင်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ အဆိုပါ ပစ္စည်းကိုတော့ သင်ရဲ့ iCloud account နဲ့ ချိတ်ဆက်ထားပြီး သတ်မှတ်ထားတဲ့ နေရာရင်ပြင်ပကိုရောင်ရှိသွားပါကာ အလိုအလျောက်အချက်ပေးမှာဖြစ်ပါတယ်။ ဒါအပြင် မိမိရဲ့ တည်နေရာကိုလည်း အခြားသော သူငယ်ချင်းတွေ မိသားစုဝင်တွေကိုလည်းမျှဝေလို့နိုင်မယ်လို့သိရပါတယ်။

Ref: GSMArena