fbpx

This is digital planet.

AppleTech News

2017/18 iPad Pro တွေမှာ ကြုံတွေ့လာရတဲ့ Screen ပြဿနာ

2017 နဲ့ 2018 မှာ ထွက်ရှိခဲ့တဲ့ iPad Pro Model တစ်ချို့မှာ တစ်ခါတစ်လေ Display အလုပ်မလုပ်တဲ့ ပြဿနာကြုံနေရတဲ့ User တွေဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Apple Support နဲ့ Mac Rumors Forum တွေမှာရေးသားထားတဲ့ Feedback တွေအရ iPad Pro User တစ်ချို့က Touch Gesture တွေ မမိတာ၊ စာရိုက်တဲ့အချိန်မှာ Key တွေ မမိတာ စတဲ့ တူညီတဲ့ ဖြစ်ရပ်လေးတွေကို တွေ့လာရတယ်လို့ Feedback ပေးခဲ့ကြပါတယ်။

iPad Pro User ရဲ့ Feedback တွေထဲမှာ Keyboard က Key တစ်ချိူ ့ကို အကြိမ်ကြိမ်နှိပ်မှ ပေါ်တာ၊ Factory Restore လုပ်တာတောင် အဆင်မပြေတာ၊ Screen Protector ကပ်မထားတာတောင် တစ်ချက်တစ်လေမှာ Touch အလုပ်မလုပ်ပဲ Screen Freeze ဖြစ်နေတာ၊ Screen ပေါ် Pressure ပေးလိုက်မှ ပြန်အလုပ်လုပ်တာ စတဲ့အချက်တွေ ပါဝင်နေပါတယ်။

ခုချိန်ထိတော့ ဒါဟာ Hardware Error လား၊ Software Bug လားဆိုတာတော့ သေချာမသိရသေးပါဘူး။ တစ်ချို့ 2017 Model iPad Pro တွေမှာဆို iOS 11.3 ကနေ စတက်တဲ့ ဒီ Error က iOS 12.2 ထိ မပျောက်သေးဘူးလို့ ဆိုကြပါတယ်။ 2018 ရဲ့ Pro Model တွေမှာတော့ Apple Pencil ကို တပ်လိုက်ရင် Display က ပုံမှန်ပြန်အလုပ်လုပ်တာ တွေ့ရပါသတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ၁ နှစ်အတွင်း ကြုံရတဲ့ Factory Error တွေကို Apple အနေနဲ့ အပြည့်အဝတာဝန်ယူတာမို့ တကယ်လို့ iPad Pro User တွေအနေနဲ့ အပေါ်မှာပြောခဲ့တဲ့ Display Error တက်ခဲ့ရင် Apple ရဲ့ Authorised Store တွေမှာ သေချာပေါက်ပြန်ပြကြဖို့ အကြံပြုပါရစေ။

Ref: Macrumors.com