fbpx

This is digital planet.

GoogleTech News

iPhone တွေနဲ့ယှဉ်ပြထားတဲ့ Pixel 3 Lite ပုံများထပ်မံထွက်ပေါ်

Google အနေနဲ့ Generation 3 ခုမြောက်ဖုန်းတွေထုတ်ပြီးသွားပြီ တစ်ခါမှ Lite Version မထုတ်ဘူးတဲ့ Google က အခု Pixel 3 and 3 XL ထွက်ပြီး နောက် Google Pixel 3 Lite ကိုထုတ်နေထင်ပါတယ်။ Google အနေနဲ့ တရားဝင် မိတ်မဆက်ထားပေမဲ့ Russia Website တွေမှာ Pixel 3 Lite ပက်သက်တဲ့သတင်းတွေပေါက်ကြားနေပါတယ်။ အရင်တစ်ခေါက် Pixel 3 တုန်းကလည်း Leak ဖြစ်ခဲ့တာ Russia ဘက်ကဆိုတော့ အခု ပေါက်ကြားနေတာလည်း ခိုင်လုံတဲ့သတင်းလို့ ယူဆလို့ရနေပါတယ်။

Specs တွေနဲ့ပက်သက်ပြီး အသေချာမပြောနိုင်သေးပေမဲ့ ပေါက်ကြားတဲ့သတင်းတွေအရ Pixel 3 Lite ဟာ IPS LCD ကို 1,080 x 2,220px resolution (18.5:9) နဲ့လာမယ်ကြားရတယ်။ RAM 4GB ပါဝင်ပြီး Snapdragon 670 နဲ့ မောင်းနှင်မှာဖြစ်ပါတယ်။ Storage ကတော့ 32 GB ပါ။ အရမ်းကိုနည်းလွန်းပေမဲ့ Google က Cloud Service ကို အဓိကထားတာဖြစ်တဲ့အတွက် Unlimited Photo and Video Storage တော့ရမယ်ထင်ပါတယ်။ ပြီးတော့ Pixel 2 မှာကတည်းက ဖြုတ်လိုက်တဲ့ 3.5 mm Jack ကို ဖုန်းရဲ့ အပေါ်ဘက်မှာပြန်ထည့်ပေးထားပါတယ်။ ဈေးနှုန်းအနေနဲ့ အတိအကျမသိရသေးပေမဲ့ Mid-Range ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံး ဖုန်းဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ (Mid-Range ထဲလည်း ဈေးကြီးနိုင်ပါတယ်)

Photos Source – Slashleak

“Observe Here. Trust Yourself”