fbpx
This is digital planet.
AppleGoogleTech News
iPhone တွေမှာ Google Lens feature သုံးလို့ရပါပြီ
Zawgyi
Unicode
ကျွန်တော်တို့ iPhone ပဲကိုင်ကိုင်၊ Android ဖုန်းပဲကိုင်ကိုင် Google ဆိုတာကြီးနဲ့ကင်းဝေးလို့မရပါဘူး။ အနည်းဆုံးတော့ Gmail နဲ့ Search Engine လောက်တော့သုံးရပါတယ်။ Search Engine တွေထဲမှာဆိုရင် Google က ထိပ်ဆုံးမှာရှိသလို၊ သူရဲ့ Search Engine ကိုလည်း ပိုကောင်းတဲ့ Features တွေနဲ့ အလှဆင်လာပါတယ်။
Google Lens ဆိုတာ Android ဖုန်းတွေမှာပဲ ရတဲ့ Feature ဖြစ်ပြီးတော့ အခု iPhone တွေအတွက်ထုတ်ပေးလိုက်ပါပြီ။ iOS Google App မှာ Lens Visual Search Feature ကို သုံးလို့ရပါတယ်။ Lens ပုံစုံ icon လေးကို နှိပ်ပြီး ကင်မရာနဲ့ ကိုယ်သိချင်တာကို ရှာလို့ရပါတယ်။ ရှာနေတဲ့အချိန်မှာ internet တော့လိုပါတယ်။
Google Lens ကို 2017 I/O တုန်းကမိတ်ဆက်ပေးခဲ့ပါတယ်။ အရင်ဦးဆုံး Pixel ဖုန်းတွေမှာရရှိပြီး နောက်တော့ အခြားသော Android ဖုန်းတွေမှာ သုံးလို့ရလာပါတယ်။ အခု iPhone တွေမှာပါသုံးလို့ရပါပြီ။ Google Lens က အရင် iOS Google Photo App မှာ သုံးလို့ရပါတယ်။ အဲ့တုန်းက image တွေရဲ့ objects ကိုပဲ recognize လုပ်နိုင်တာပါ။ ဘာသာစကားအနေနဲ့ English အပြင် Spanish, French, German, Italian and Korean တို့ကိုပါ သုံးနိုင်ပါတယ်။
Source