fbpx

This is digital planet.

AppleTech News

iPhone ေတြမွာ in-screen Fingerprint function ထည့္သြင္းနိုင္ဖို႕အတြက္ Qualcomm နဲ႔ Apple အတူတကြ လုပ္ေဆာင္

(Zawgyi)

Android OS အသံုးျပဳတဲ့ ဖုန္းေတြထဲက တခ်ိဳ႕မွာေတာ့ in-screen fingerprint scanner ေတြပါဝင္ေနျပီျဖစ္ပါတယ္။

Samsung က ကမၻာ႕ပထမဆံုး Ultrasonic in-screen fingerprint scanner ကို မိတ္ဆက္နိုင္ခဲ့ေပမယ့္ Apple ရဲ႕ iPhone ေတြကေတာ့ သူတို႕ရဲ႕ ေနာက္လာမယ့္ မ်ိဳးဆက္ ဖုန္းေတြမွာ Display အတြင္း fingerprint sensor ထည့္သြင္းနိုင္ဖို႕ကို ေစာင့္ဆိုင္းေနရဆဲပဲ ျဖစ္ပါတယ္။

Related image
အခုခ်ိန္မွာေတာ့ Apple ဟာ Qualcomm နဲ႕အတူပူးေပါင္းျပီး in-screen fingerprint sensor ကို iPhone အသစ္ေတြမွာ ထည့္သြင္းမိတ္ဆက္နိုင္ဖို႔အတြက္ လုပ္ေဆာင္ေနျပီျဖစ္တာေၾကာင့္ ေစာင့္ဆိုင္းေနရတဲ့ ကာလေတြ ျပီးဆံုးျပီလို႕ေမွ်ာ္လင့္ရတာပါပဲ။ ထံုးစံအတိုင္း Apple ကေတာ့ Qualcomm နဲ႔ အတူ အေကာင္းဆံုး Quality ရွိတဲ့ in-screen fingerprint reader ေတြကို ေနာက္လာမယ့္ iPhone မ်ိဳးဆက္မွာ ထည့္သြင္းနိုင္ဖို႕ကို အစြမ္းကုန္လုပ္ေဆာင္ေနပါတယ္။

Image result for in display fingerprint iphone

Ultrasonic in-screen sensor ေတြဟာ စိုစြတ္ေနတဲ့ အခ်ိန္မွာေတာင္ ပိုျပီး လ်င္လ်င္ျမန္ျမန္နဲ႔ လံုလံုျခံဳျခံဳ အလုပ္လုပ္နိုင္တယ္လို႕ ေျပာလို႕ရနိုင္တာျဖစ္ျပီး optical sensor ေတြနဲ႔ နိွုင္းယွဥ္မယ္ဆိုရင္ 250ms အတြင္း unlock လုပ္ေပးနုိင္ျပီး rejection rate ကေတာ့ 1% ပဲ ရွိပါတယ္။ Qualcomm ရဲ႕ ဒုတိယမ်ိဳးဆက္ sensor ကေတာ့ အရင္ 300 microns အသံုးျပဳနိုင္တဲ့ sensor ေတြနဲ႔ မတူပဲ 800 microns အထိကို လုပ္ေဆာင္ေပးနိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လဲ 3D  fingerprint model ကုိ အသံုးျပဳျပီး device ကို unlock ျပဳလုပ္ရာမွာေတာ့ မေက်ာ္လႊားနိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ Apple အေနနဲ႔ iPhone အသစ္ေတြမွာ တပ္ဆင္မႈ မျပဳလုပ္ရေသးခင္မွာ Qualcomm ရဲ႕ ဒုတိယ မ်ိဳးဆက္ fingerprint sensor ေတြရဲ႕ အမွားေတြကို ျပဳျပင္နုိင္ဖို႕လိုအပ္ေနပါေသးတယ္။

(Unicode)

Android OS အသုံးပြုတဲ့ ဖုန်းတွေထဲက တချို့မှာတော့ in-screen fingerprint scanner တွေပါဝင်နေပြီဖြစ်ပါတယ်။

Samsung က ကမ္ဘာ့ပထမဆုံး Ultrasonic in-screen fingerprint scanner ကို မိတ်ဆက်နိုင်ခဲ့ပေမယ့် Apple ရဲ့ iPhone တွေကတော့ သူတို့ရဲ့ နောက်လာမယ့် မျိုးဆက် ဖုန်းတွေမှာ Display အတွင်း fingerprint sensor ထည့်သွင်းနိုင်ဖို့ကို စောင့်ဆိုင်းနေရဆဲပဲ ဖြစ်ပါတယ်။

Related image

အခုချိန်မှာတော့ Apple ဟာ Qualcomm နဲ့အတူပူးပေါင်းပြီး in-screen fingerprint sensor ကို iPhone အသစ်တွေမှာ ထည့်သွင်းမိတ်ဆက်နိုင်ဖို့အတွက် လုပ်ဆောင်နေပြီဖြစ်တာကြောင့် စောင့်ဆိုင်းနေရတဲ့ ကာလတွေ ပြီးဆုံးပြီလို့မျှော်လင့်ရတာပါပဲ။ ထုံးစံအတိုင်း Apple ကတော့ Qualcomm နဲ့ အတူ အကောင်းဆုံး Quality ရှိတဲ့ in-screen fingerprint reader တွေကို နောက်လာမယ့် iPhone မျိုးဆက်မှာ ထည့်သွင်းနိုင်ဖို့ကို အစွမ်းကုန်လုပ်ဆောင်နေပါတယ်။

Image result for in display fingerprint iphone

Ultrasonic in-screen sensor တွေဟာ စိုစွတ်နေတဲ့ အချိန်မှာတောင် ပိုပြီး လျင်လျင်မြန်မြန်နဲ့ လုံလုံခြုံခြုံ အလုပ်လုပ်နိုင်တယ်လို့ ပြောလို့ရနိုင်တာဖြစ်ပြီး optical sensor တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် 250ms အတွင်း unlock လုပ်ပေးနိုင်ပြီး rejection rate ကတော့ 1% ပဲ ရှိပါတယ်။ Qualcomm ရဲ့ ဒုတိယမျိုးဆက် sensor ကတော့ အရင် 300 microns အသုံးပြုနိုင်တဲ့ sensor တွေနဲ့ မတူပဲ 800 microns အထိကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လဲ 3D  fingerprint model ကို အသုံးပြုပြီး device ကို unlock ပြုလုပ်ရာမှာတော့ မကျော်လွှားနိုင်ခဲ့ပါဘူး။ ဒါကြောင့် Apple အနေနဲ့ iPhone အသစ်တွေမှာ တပ်ဆင်မှု မပြုလုပ်ရသေးခင်မှာ Qualcomm ရဲ့ ဒုတိယ မျိုးဆက် fingerprint sensor တွေရဲ့ အမှားတွေကို ပြုပြင်နိုင်ဖို့လိုအပ်နေပါသေးတယ်။

Ref: Gizmochina

Photos: Internet