fbpx

This is digital planet.

AppleTech News

iPhone 11 ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်း တိုးမြင့်လာ

iPhone 11 က 2019 ထုတ် iPhone တွေထဲမှာ စျေးအသက်သာသုံး ဖုန်းပဲ ဖြစ်ပါတယ်။ အရင် Model တွေထက် ပိုကောင်းလာသလို iPhone XR ထွက်ခါစ စျေးထက်တောင် သက်သာနေတော့ လူစိတ်၀င်စားခြင်းခံနေရတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Financial Outlet သတင်းစာတစ်ခုဖြစ်တဲ့ The Nikkei ရဲ့ ထုတ်ပြန်ချက်အရ Apple က iPhone 11 Production အတွက် လိုအပ်တဲ့အရာတွေကို တိုးမြှင့်ထုတ်ပေးဖို့ (10% (သို့) 8 Million Units လောက်) သူရဲ့ Suppliers တွေကို ပြောခဲ့ပါတယ်။

Image result for iphone 11
စျေးသက်သာတဲ့ Model နဲ့ Consumer တွေရဲ့ အာရုံစိုက်ခြင်းကိုရရှိခဲ့ပြီး ဒီလို Order တွေတိုးလာတာက Apple CEO Tim Cook ရဲ့ စီးပွားရေး Strategy အသစ်မှန်ကန်ကြောင်း သက်သေပြနေသလို ဖြစ်နေပါတယ်။ ဒီလို Order အရေအတွက် 7 million နဲ့ 8 million ကြား တိုးတတ်လာက Google ရဲ့ ၂၀၁၉ တင်ပို့ခဲ့တဲ့ ဖုန်း Shipments အရေအတွက်နဲ့ တူညီနေပါတယ်။

Image result for iphone 11

Apple ရဲ့ ဒီလို Budget-conscious strategy အသစ်က Global Smartphone Market မှာ အဆင့်တွေပြန်တတ်လာဖို့ ပြောင်းလဲခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ Research Company တစ်ခုဖြစ်တဲ့ IDC ရဲ့ ပြောဆိုချက်အရ Tim Cook က လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ Apple ရဲ့ ရောင်းအား နှေးကွေးမှုရဲ့ နောက်ကွယ်မှာ “Price is a factor” ဆိုတာ အရေးကြီးတယ်ဆိုတာကို နားလည်သွားတယ်လို့ သိရပါတယ်။

Ref: The Nikkei