fbpx

This is digital planet.

AppleTech News

iPhone 11 နဲ့ပက်သက်ပြီး ပေါက်ကြားလာတဲ့ အချက်တစ်ချို့

သတင်းတွေအရ Apple ဟာ သူတို့ရဲ့ ထုံးစံ September Event မှာ iPhone Models သုံးမျိုးကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အရင်နှစ်ကထွက်ရှိခဲ့တဲ့ iPhone XS, XS Max, နဲ့ XR တို့နဲ့တူညီတဲ့ Screen နဲ့ Resolution အတိုင်းထွက်ရှိလာနိုင်ပါတယ်။ 2020 မှာ AMOLED Panel ကိုပြောင်းပြီး ဈေးသက်သက်သာသာရှိတဲ့ Smartphone ကိုထုတ်ဖို့ရှိနေပါတယ်။ မပြောင်းလဲတာတွေကိုဆက်ပြောရရင် Lightning port ကို သုံးထားပြီး iPad Pro မှာလို USB-C ကိုတော့ပြောင်းလာခြင်းမရှိပါဘူး။

Image result for iphone 11

အဲ့ Models သုံးခုလုံးမှာ Apple A13 SoC ကိုအသုံးပြုလာမှာပါ။ Codename ကတော့ Cebu ပဲဖြစ်ပါတယ်။ အဲ့ Handsets တွေမှာ “leap haptics” လို့သိကြတဲ့ Taptic Engine အသစ်ပါဝင်လာပါမယ်။ ဘယ်လို Features တွေ လုပ်လို့ရလဲဆိုတာတော့ မသေချာသေးပါဘူး။ 2019 iPhones တွေမှာ 3D touch နဲ့ပတ်သက်ပြီး Taptic Engine နဲ့ အလုပ်လုပ်မဲ့ Feature အသစ်တွေပါလာမယ် ထင်ရပါတယ်။

ပေါက်ကြားတဲ့သတင်းတွေအရ ကင်မရာပိုင်းမှာဆိုရင် Ultra wide-angle shooter, Normal wide နဲ့ Telephoto lenses ဆိုပြီး Cameras သုံးလုံးကို အဲ့ဒီ Handsets တွေမှာအသုံးပြုလာနိုင်ပါတယ်။ Wide-angle camera မှာ Smart Frame လို့ခေါ်တဲ့ Feature အသစ်မှာအသုံးပြုလာနိုင်ပါတယ်။ Normal Shooter နဲ့ Photo ဒါမှမဟုတ် Video ရိုက်တဲ့အခါ Ultra – wide lens ကလည်း တပြိုက်နက်ထဲ ပုံကိုဖမ်းပေးမှာပါ။ iPhone 11 ပါဝင်လာမယ့် Selfie Camera ကတော့ Upgrade ဖြစ်လာနိုင်ပြီး Slo-mo video ကို 120fps နဲ့ရိုက်လို့ရမှာပါ။

Ref: GSMArena