fbpx

This is digital planet.

AppleTech News

iPhone 11 ၊ iPhone 11 Pro နဲ့ iPhone 11 Pro Max ရဲ့ Specifications များပေါက်ကြားလာ

အရင်လတွေတုန်း ကောလဟာလတွေ၊ Leak သတင်း‌တွေနဲ့ ထင်ကြေးပေးမှုတွေ ထွက်ရှိပြီး နောက် Apple ‌အနေနဲ့ iPhones အသစ်သုံးမျိုးကို September 10 မှာ တရား၀င်မိတ်ဆက်လာတော့မှာပါ။ မိတ်ကဆက်ထားတဲ့ ပစ္စည်းတွေကိုတော့ September 22 မှသာ စတင်ရောင်းချလာနိုင်ပါတယ်။ မထွက်ခင် တရုတ်က‌သတင်းတွေအရ အဲ့ Devices တွေရဲ့ Specifications များ ပေါက်ကြားလာခဲ့ပါတယ်။ အခုပေါက်ကြားလာမယ့် Specifications တွေက မှန်ကန်ဖို့ မသေချာတဲ့အတွက် အတည်မယူစေချင်ပါဘူး။ ပေါက်ကြားနေတဲ့ သတင်းတွေအရ iPhone 11 ၊ iPhone 11 Pro ၊ iPhone 11 Pro Max Lineup က အရင်တုန်းက ကျွန်တော်တို့ကြားခဲ့ရတဲ့ သတင်းတွေအရဖြစ်ပြီး ကျန်တဲ့ အချက်တွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ အရာတွေပါ။

iPhone 11

iPhone 11 ဟာ iPhone XR နေရာကိုဆက်ခံလာမယ့် Entry-level option ဖုန်းပဲဖြစ်ပါတယ်။ XR လိုပဲ US မှာ 749 $ နဲ့စတင်ရောင်းချနိုင်ပြီး XR နဲ့တူတဲ့ Screen ကိုသုံးလာမှာပါ။ A13 Chip ကိုသုံးပေးထားပြီး 4GB of RAM နဲ့တွဲပေးလာမှာပါ။ Front Camera မှာတော့ 12 MP ကိုသုံးလာနိုင်ပြီး Face ID Sensor ဟာ ပိုကျယ်တဲ့ Angel တွေမှာအလုပ်လုပ်နိုင် အောင်လုပ်ပေးထားပါတယ်။ ‌ပြောရင်ဖုန်းကို စားပွဲပေါ်မှာတင်ထားရင်တောင် Unlock လုပ်ပေးနိုင်လာ‌‌ခြေရှိပါတယ်။

Battery မှာတော့ XR ရဲ့ 2,942 mAh battery ထက်များတဲ့ 3,110 mAh battery ပါ၀င်လာနိုင်ပါတယ်။ iPhone 11 မှာ 3D Touch နဲ့ Apple Pencil ကို Support လာနိုင်‌‌ခြေမရှိတော့ပါဘူး။ ကျောဘက်မှာတော့ dual 12 MP camera system ကိုသုံးပေးထားပြီး Wi-Fi 6 နဲ့ Wireless Reverse Charging ကို Support လာမှာပါ။ Storage မှာတော့ 64/256/512GB ဆိုပြီး ရှိလာနိုင်ပါတယ်။

iPhone 11 Pro

iPhone 11 Pro ကတော့ iPhone XS နေရာကို ဆက်ခံလာနိုင်ပြီး OLED screen ကိုပဲ ဆက်သုံးလာမှာပါ။ iPhone 11 လိုပဲ A13 chip ၊ Face ID အသစ် ၊ 12MP Front Camera ၊ Reverse Wireless Charging နဲ့ WiFi 6 ပါ၀င်လာနိုင်ပြီး 3D Touch တော့ မပါ၀င်နိုင်တော့ပါဘူး။ 3D Touch မပါလာတော့ဘူးလို့သတင်းတွေထွက်နေတာကလဲ လူသုံးနည်းနေလို့ မထည့်တော့တာဖြစ်နိုင်ပါတယ်။ အရင်က သတင်းတွေမှာလည်း ဖြုတ်မယ်လို့ သတင်းတွေထွက်နေပါတယ်။ Entry Level ဖုန်းဖြစ်တဲ့ iPhone 11 နဲ့ကွာသွားတာကတော့ 6GB of RAM၊ Triple 12 MP rear cameras (Standard + Ultrawide + Telephoto) ၊ Apple Pencil ကို Support လုပ်မှာဖြစ်ပြီး Storage option မှာ 128GB ကနေစပြီး 256/512GB ဆိုပြီးရရှိလာနိုင်မှာပါ။

iPhone 11 Pro မှာ 3,190 mAh battery ရှိလာနိုင်ပြီး XS မှာသုံးထားတဲ့ 2,658 mAh battery ထက်ပိုးများတဲ့ အ‌‌‌ခြေအနေမှာ ရှိပါတယ်။ ဈေးနှုန်းမှာတော့ iPhone XS လိုပဲ $999 ကနေစတင်လာနိုင်ပါတယ်။ Design မှာတော့ iPhone 11 ရဲ့ Glass Design လိုမဟုတ်ဘဲ Frosted Glass Design (နှင်းဖုံးထားတဲ့ Glass Design) ကိုသုံးနိုင်ပါတယ်။

iPhone 11 Pro Max

iPhone 11 Pro Max ဟာလည်း iPhone XS Max ရဲ့ နေရာကို ဆက်ခံလာမှာဖြစ်ပြီး iPhone XS Max ရဲ့ Screen အတိုင်းအသုံးပြုလာနိုင်မှာပါ။ iPhone 11 models တွေလိုပဲ Improve ဖြစ်လာတဲ့ Face ID ၊ A13 chip ၊ 12 MP front camera ၊ Reverse wireless charging နဲ့ Wi-Fi 6 support လာမှာပါ။ Rear Cameras မှာတော့ iPhone 11 Pro လိုပဲ သုံးလာနိုင်ပြီး RAM 6GB နဲ့ Apple Pencil support ပါ၀င်လာမှာပါ။ Battery မှာတော့ 3,500 mAh battery ထိရှိလာနိုင်ပါတယ်။

Storage option မှာတော့ 128/256/512GB ကိုရွေးချယ်နိုင်ပြီး iPhone XS Max လိုပဲ $1,099 ကနေစတင်လာနိုင်ပါတယ်။ iPhone 11 Pro Max မှာ iPhone 11 Pro လို Frosted Glass Design (နှင်းဖုံးထားတဲ့ Glass Design) ကိုသုံးလာဖို့များပါတယ်။ 18W Power adapter ‌ကို Models သုံးမျိုးစလုံးမှာ ထည့်ပေးလာနိုင်ပြီး USB-C Lighting Cabel ပါ၀င်လာမှာပါ။ ကောလဟာလတွေအရ 5G support လာမယ့် iPhones တွေကို 2020 မှ ထွက်ရှိလာနိုင်ဖို့ရှိနေပါတယ်။

Ref: GSMArena