fbpx

This is digital planet.

AppleTech News

DxOMark 109 နဲ့ Pixel 3 ၊ Galaxy Note9 နဲ့ P20 Pro ဖုန်းတွေကို ကျော်တက်လိုက်တဲ့ iPhone 11

iPhone XS ၊ XS Max ထွက်ခဲ့တုန်းက အဆိုးရွားဆုံး iPhone မိတ်ဆက်ပွဲလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ရသလို Leading နည်းပညာတစ်ခုမှ ပါမလာတဲ့အတွက် ၂၀၁၉ ဒုတိယသုံးလပတ် (ဧပြီ ၊ မေ ၊ ဇွန်) အထိ ရောင်းအားမကောင်းတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အဲ့သလို ဖိအားတွေအောက် လည်ပတ်ခဲ့ရပေမယ့် Apple အနေနဲ့ ဟိတ်ဟန် (စျေးကြီးသော ပန်းသီးဖုန်းများ) လုံးဝ မလျှော့ခဲ့ပါဘူး။ 2018 Event မှာ Entry Level လို့ ပြောနိုင်တဲ့ အိုင်ပြုံး XR က DxOMark အမှတ်ပေးဇယားမှာ 103 နဲ့ Single Lens ဖုန်းတွေမှာ Pixel 3 နဲ့ အပြိုင် ကောင်းမွန်တဲ့ ဝိဝေသ လက္ခဏာတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

Google Pixel 3XL and 3

Google Pixel 3XL and 3 (Image Credit: The Verge)

ဒါကြောင့်လည်း အစ်ကိုတွေ ခွက်စွဲရမယ့်ကိန်း (နောက်တာပါ) ဆိုက်ခဲ့ပေမယ့် ၂၀၁၉ ပထမ ၊ ဒုတိယသုံးလပတ် ရောင်းအား အကောင်းဆုံးဖုန်းအဖြစ် iPhone XR ကို ၂ ကြိမ်တိုင် ရရှိခဲ့ပါတယ်။ ဒါကို အပါးနပ်တဲ့ Apple က 2019 Event မှာလည်း စံချိန်သစ်ကို ရိုက်ချိုးလိုက် ပြန်ပါပြီ။

အဲ့ဒါကတော့ DxOmark 109 နဲ့ iPhone XS Max ကို ကျော်တက်ပစ်လိုက်ပြီး လေ့လာသူတွေအရ iPhone 11 ရဲ့ ဗီဒီယိုစွမ်းဆောင်ရည်ဟာ 11 Pro Max နဲ့ ၁ မှတ်ပဲ ကွာတယ်ဆိုပါတယ်။

iPhone 11 DxOMark Score

Image Credit: DxOMark

Telephoto Lens ကြီးပါမလာတဲ့အချက်က Zooming နဲ့ Portrait ရိုက်ချက်တွေမှာ ပြတ်ကျန်စေခဲ့တယ်လို့ ပြောနိုင်ပြီး 117 မှတ်ရထားတဲ့ 11 Pro ၊ 11 Pro Max တွေလောက် မစွာနိုင်တော့ပါဘူး။

အဲ့သလိုပဲ Tele Lens ပါဝင်တဲ့ Android Flagship ဖုန်းတချို့ကို မမီပေမယ့် တစ်ခေတ်တခါတုန်းက စွမ်းဆောင်ရည်ကောင်း Huawei P20 Pro ၊ Google Pixel 3 နဲ့ Galaxy Note9 တို့ထက်တော့ သာနေပါတယ်။

iPhone XR & 11

iPhone XR & 11 (Image Credit: The Verge)

ဒါကြောင့် iPhone 11 ဟာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေသလို ကင်မရာပိုင်းမှာဆိုရင်လည်း Android Flagship ဖုန်းတွေနဲ့ ကောင်းကောင်းယှဥ်နိုင်တဲ့ အနေထားမှာ ရှိနေပါတယ်။

အခုလို Dxomark ကြေညာလိုက်တဲ့အတွက် iPhone ဝယ်ဖို့လုပ်နေသူတွေ ပိုပြီး စိတ်ဝင်စားလာမှာ ဖြစ်တဲ့အတွက် Apple အနေနဲ့ ၂၀၂၀ ပထမသုံးလပတ် (ဇန္နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်) မှာ အရင်နှစ်ထက် ဝင်ငွေပိုကောင်းမယ်လို့ သုံးသပ်မိပါတယ်။

မတ်လထဲမှာလည်း ဒေါ်လာ ၄၀၀ တန် iPhone SE2 မိတ်ဆက်ခဲ့မယ်ဆိုရင်တော့ Apple အနေနဲ့ ပိုပြီး အလားလာကောင်းဖို့ ရှိနေပါတယ်။

Source: Dxomark via GSMArena